Premier League

ဒီကလန် ရိုက်လိုပဲ တိုက်စစ်ပစ်မှတ်ကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အာတီတာ

အာတီတာဟာ ဒီကလန် ရိုက်ကို အမ်းမရိတ်စ် ပြောင်းရွှေ့လာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ အတိုင်းပဲ အိုင်ဗန် တိုနီကို ပြိုင်ဘက်တွေထက် အာဆင်နယ်ကို ပြောင်းရွှေ့လာအောင် စည်းရုံးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် လက်ရှိမှာ ပွဲပယ်ပြစ်ဒဏ် ကျခံနေရတာဖြစ်ပေမယ့်လည်း ဇန်နဝါရီလမှာ ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးကို ဘရန့်တ်ဖို့ဒ်က ပေါင်သန်း ၈၀ နဲ့ ရောင်းချဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ရာသီ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီး၊ စပါးစ်တို့ ဆီကနေ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးကလည်း ပြီးခဲ့တဲ့နှစ်မှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း သွင်းဂိုးတွေအတွက် အားထားရတဲ့ တိုက်စစ်မှူးလိုအပ်နေဆဲဖြစ်တာဖြစ်ပြီး စပါးစ်ကလည်း ဟာရီ ကိန်းထွက်ခွာမှုအပြီး ကျောနံပါတ် ၉ အသစ်ကို စျေးကွက်ထဲမှာ ရှာဖွေနေဆဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အရင်တုန်းက အိုင်ဗန် တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတာကြောင့် တိုနီအနေနဲ့ ဇန်နဝါရီလမှာ ခေါ်မယ့်အသင်းတွေ ဝိုင်းဝိုင်းလည်နေပေမယ့် The Mirror ရဲ့ ဖော်ပြချက်အရ အာတီတာဟာ အင်္ဂလန်တိုက်စစ်မှူးကို မြောက်လန်ဒန် ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်မယ်လို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဂန်းနားနည်းပြဟာ အိုင်ဗန် တိုနီကို ၎င်းရဲ့ အသင်းအတွက် ရည်မှန်းချက်နဲ့ ဦးတည်ချက်ကို ချပြသွားမှာဖြစ်ပြီး အဲဒီလောက်ဆိုရင် ပြိုင်ဘက်ကလပ်တွေကို ငြင်းပယ်ပြီး အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာဖို့အတွက် လုံလောက်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာတီတာဟာ ဒီကလန္ ႐ိုက္ကို အမ္းမရိတ္စ္ ေျပာင္းေ႐ႊ႕လာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တဲ့ အတိုင္းပဲ အိုင္ဗန္ တိုနီကို ၿပိဳင္ဘက္ေတြထက္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာေအာင္ စည္း႐ုံးဖို႔ အစီအစဥ္ရွိတယ္လို႔ သိရပါတယ္။

ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉးဟာ ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ လက္ရွိမွာ ပြဲပယ္ျပစ္ဒဏ္ က်ခံေနရတာျဖစ္ေပမယ့္လည္း ဇန္နဝါရီလမွာ ျပန္လည္ကစားေပးႏိုင္ေတာ့မွာျဖစ္ၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို ဘရန႔္တ္ဖို႔ဒ္က ေပါင္သန္း ၈၀ နဲ႔ ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ၿပီးခဲ့တဲ့ရာသီ သြင္းဂိုး ၂၀ အထိ သြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉးကို ေခၚယူဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္လည္း လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊ စပါးစ္တို႔ ဆီကေန ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးကလည္း ၿပီးခဲ့တဲ့ႏွစ္မွာ ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း သြင္းဂိုးေတြအတြက္ အားထားရတဲ့ တိုက္စစ္မႉးလိုအပ္ေနဆဲျဖစ္တာျဖစ္ၿပီး စပါးစ္ကလည္း ဟာရီ ကိန္းထြက္ခြာမႈအၿပီး ေက်ာနံပါတ္ ၉ အသစ္ကို ေစ်းကြက္ထဲမွာ ရွာေဖြေနဆဲျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အရင္တုန္းက အိုင္ဗန္ တိုနီကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ဖူးတာေၾကာင့္ တိုနီအေနနဲ႔ ဇန္နဝါရီလမွာ ေခၚမယ့္အသင္းေတြ ဝိုင္းဝိုင္းလည္ေနေပမယ့္ The Mirror ရဲ႕ ေဖာ္ျပခ်က္အရ အာတီတာဟာ အဂၤလန္တိုက္စစ္မႉးကို ေျမာက္လန္ဒန္ ေျပာင္းေ႐ႊ႕လာေအာင္ စည္း႐ုံးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။

ဂန္းနားနည္းျပဟာ အိုင္ဗန္ တိုနီကို ၎ရဲ႕ အသင္းအတြက္ ရည္မွန္းခ်က္နဲ႔ ဦးတည္ခ်က္ကို ခ်ျပသြားမွာျဖစ္ၿပီး အဲဒီေလာက္ဆိုရင္ ၿပိဳင္ဘက္ကလပ္ေတြကို ျငင္းပယ္ၿပီး အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာဖို႔အတြက္ လုံေလာက္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.