Saudi League

ဂိုးသမားတောင် မမြင်လိုက်ရတဲ့ ဂိုးသွင်းယူပြီး အယ်လ်နာဆာကို နိုင်ပွဲရယူပေးခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် အလီနဲ့ပွဲမှာ အယ်လ်နာဆာကို ဦးဆောင်ခွင့်ရရှိစေမယ့် ရူးသွပ်ချင်စရာ သရဲဂိုးကို သွင်းယူပေးခဲ့ပြီး အယ်လ်နာဆာဟာ သောကြာနေ့ညနေမှာ ဆော်ဒီ ပရိုလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

အယ်လ် အလီဟာ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ရီယက်ဒ် မာရက်ဇ်၊ ရောဘတ်တို ဖာမီနို၊ အလန် စိန့်မက်ဆီမင်တို့လို ထိပ်တန်းကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး နောက်ဆုံး လိဂ် ၄ ပွဲစလုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ်နာဆာအတွက် အဖွင့်ဂိုးကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပထမပိုင်း ၄ မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ကစားသမားဘဝတလျှောက် ၇၃၂ ဂိုးမြောက် ကလပ်အသင်းသွင်းဂိုးကို အထူးဆန်းဆုံး ပုံစံနဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဆာဒီယို မာနေးဟာ အယ်လ်အလီ ခံစစ်ကို မွှေနှောက်ပြီးနောက် ရော်နယ်လ်ဒိုဆီ ခင်းပေးခဲ့တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးက ချဲလ်ဆီးဂိုးသမားဟောင်း အေဒူယာ မန်ဒီဆီကို တဟုန်ထိုး ပြေးလွှားသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းအတွင်းမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ထားတာကြောင့် ဂိုးသမားနဲ့ ဂိုးပေါက်ဟာ အဝါရောင် မီးခိုးငွေ့တွေရဲ့ ဖုံးလွှမ်းခြင်းခံထားရပြီး လုံးဝကို မြင်ကွင်း မရှင်းမလင်း ဖြစ်နေတာ ဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ဂိုးပေါက်ရှိမယ်လို့ ယူဆရတဲ့နေရာကို ဘောလုံးကို ကန်သွင်းယူခဲ့ပြီးနောက် အောင်ပွဲခံခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ဂိုးပေါက်ကို သေချာမမြင်ခဲ့ရသလို အယ်လ်အလီဂိုးသမား အေဒူယာ မန်ဒီကလည်း ဘောလုံးလာတာကို မြင်လိုက်ရပုံမပေါ်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၃ မိနစ်အကြာမှာ တာလစ္စကာက အယ်လ်နာဆာအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အေစီမီလန်ကြယ်ပွင့်ဟောင်း ဖရန့်ခ် ကက်ဆီက မိနစ် ၃၀ မှာ အယ်လ်အလီအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပေမယ့်လည်း တာလစ္စကာကပဲ ပထမပိုင်း နာကျင်အချိန်ပို ၄၅+၆ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၅ မိနစ်အကြာမှာ အယ်လ်အလီအသင်း ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီး မာရက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူပြီး ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပြန်လာနိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ်အလီရဲ့ မျှော်လင့်ချက်ကို နောက်ထပ် ၂ မိနစ်အကြာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကပဲ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံသွင်းယူပြီး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အယ်လ်အလီအတွက် နောက်ထပ်ချေပဂိုးကို ၈၇ မိနစ်မှာ ဖီရက်စ် အယ်လ်ဘရီကန်က သွင်းယူပေးခဲ့ပေမယ့်လည်း သရေ ၁ မှတ်ရရှိဖို့အတွက် လုံလောက်တဲ့သွင်းဂိုးမဖြစ်ခဲ့တာကြောင့် အယ်လ်နာဆာက အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက အယ်လ်အစ်တီဟတ်နဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ အလီနဲ႔ပြဲမွာ အယ္လ္နာဆာကို ဦးေဆာင္ခြင့္ရရွိေစမယ့္ ႐ူးသြပ္ခ်င္စရာ သရဲဂိုးကို သြင္းယူေပးခဲ့ၿပီး အယ္လ္နာဆာဟာ ေသာၾကာေန႔ညေနမွာ ေဆာ္ဒီ ပ႐ိုလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။

အယ္လ္ အလီဟာ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ရီယက္ဒ္ မာရက္ဇ္၊ ေရာဘတ္တို ဖာမီႏို၊ အလန္ စိန႔္မက္ဆီမင္တို႔လို ထိပ္တန္းကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားတဲ့အသင္းျဖစ္ၿပီး ေနာက္ဆုံး လိဂ္ ၄ ပြဲစလုံးမွာ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အယ္လ္နာဆာအတြက္ အဖြင့္ဂိုးကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ပထမပိုင္း ၄ မိနစ္မွာပဲ သြင္းယူေပးခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ကစားသမားဘဝတေလွ်ာက္ ၇၃၂ ဂိုးေျမာက္ ကလပ္အသင္းသြင္းဂိုးကို အထူးဆန္းဆုံး ပုံစံနဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဆာဒီယို မာေနးဟာ အယ္လ္အလီ ခံစစ္ကို ေမႊေႏွာက္ၿပီးေနာက္ ေရာ္နယ္လ္ဒိုဆီ ခင္းေပးခဲ့တာျဖစ္ၿပီး ေပၚတူဂီတိုက္စစ္မႉးက ခ်ဲလ္ဆီးဂိုးသမားေဟာင္း ေအဒူယာ မန္ဒီဆီကို တဟုန္ထိုး ေျပးလႊားသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကြင္းအတြင္းမွာ မီးရႉးမီးပန္းေတြ ပစ္ေဖာက္ထားတာေၾကာင့္ ဂိုးသမားနဲ႔ ဂိုးေပါက္ဟာ အဝါေရာင္ မီးခိုးေငြ႕ေတြရဲ႕ ဖုံးလႊမ္းျခင္းခံထားရၿပီး လုံးဝကို ျမင္ကြင္း မရွင္းမလင္း ျဖစ္ေနတာ ျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ဂိုးေပါက္ရွိမယ္လို႔ ယူဆရတဲ့ေနရာကို ေဘာလုံးကို ကန္သြင္းယူခဲ့ၿပီးေနာက္ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ဂိုးေပါက္ကို ေသခ်ာမျမင္ခဲ့ရသလို အယ္လ္အလီဂိုးသမား ေအဒူယာ မန္ဒီကလည္း ေဘာလုံးလာတာကို ျမင္လိုက္ရပုံမေပၚခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၃ မိနစ္အၾကာမွာ တာလစၥကာက အယ္လ္နာဆာအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ေအစီမီလန္ၾကယ္ပြင့္ေဟာင္း ဖရန႔္ခ္ ကက္ဆီက မိနစ္ ၃၀ မွာ အယ္လ္အလီအတြက္ ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ေပမယ့္လည္း တာလစၥကာကပဲ ပထမပိုင္း နာက်င္အခ်ိန္ပို ၄၅+၆ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၅ မိနစ္အၾကာမွာ အယ္လ္အလီအသင္း ပင္နယ္တီ ကန္ခြင့္ရရွိခဲ့ၿပီး မာရက္ဇ္က အမွားအယြင္းမရွိ ကန္သြင္းယူၿပီး ေခ်ပဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္သန္းလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အယ္လ္အလီရဲ႕ ေမွ်ာ္လင့္ခ်က္ကို ေနာက္ထပ္ ၂ မိနစ္အၾကာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံသြင္းယူၿပီး အဆုံးသတ္ေပးခဲ့တာ ျဖစ္ပါတယ္။ အယ္လ္အလီအတြက္ ေနာက္ထပ္ေခ်ပဂိုးကို ၈၇ မိနစ္မွာ ဖီရက္စ္ အယ္လ္ဘရီကန္က သြင္းယူေပးခဲ့ေပမယ့္လည္း သေရ ၁ မွတ္ရရွိဖို႔အတြက္ လုံေလာက္တဲ့သြင္းဂိုးမျဖစ္ခဲ့တာေၾကာင့္ အယ္လ္နာဆာက အႏိုင္ရရွိသြားခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက အယ္လ္အစ္တီဟတ္နဲ႔ ၃ မွတ္အကြာ အဆင့္ ၅ ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.