Premier League
ပြန်ကစားခွင့်ရတုန်းလေး ပွဲရှာပြီး ပရိသတ်တွေကို သဘောကျစေခဲ့တဲ့ ရမ်းစ်ဒေးလ်
ပရိသတ်တွေဟာ ဘရန့်တ်ဖို့ဒ်ကို အာဆင်နယ်က အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွင်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ ထူးဆန်းတဲ့ အခိုက်အတန့်ကို မြင်တွေ့ခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာ အာတီတာရဲ့အသင်းဟာ ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ ပျားတွေကို ဖွပ်ပြီး ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံး ခံစစ်ပိုင်း တော်တော်လေးကောင်းမွန်ခဲ့တာကြောင့် ဂိုးသွင်းရခက်တဲ့ပွဲဖြစ်ခဲ့ပြီး ရိစ် နယ်လ်ဆင်ရဲ့ ၈ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် အာဆင်နယ်က ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဥ်အတွင်းမှာ ပရိသတ်တွေက အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ရဲ့ ထူးဆန်းတဲ့အခိုက်အတန့်ကို မြင်တွေ့ခဲ့ကြပြီး အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ပြီးခဲ့တဲ့ ၃ ပွဲမှာ ချန်လှပ်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် အာဆင်နယ်ဂိုးပေါက်မှာ ပြန်လည်ပါဝင်ခွင့် ရခဲ့တာစြဖ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ “ဒီလို ထူးခြားတဲ့ကာကွယ်မှု ပြုလုပ်ပြီးတဲ့နောက် ရမ်းစ်ဒေးလ် ပထမဆုံးလုပ်ခဲ့တဲ့အရာက ဘရန့်တ်ဖို့ဒ် ပရိသတ်တွေကို မျက်နှာပြောင်တာပဲ”ဆိုတဲ့ ကပ်ရှင်ကို ရေးသားထားတာဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်ဟာ ဘရန့်တ်ဖို့ဒ်ရဲ့ ချေပဂိုးကို အလွန်ကောင်းမွန်တဲ့ ဂိုးကာကွယ်မှုနဲ့ ငြင်းပယ်ခဲ့ပြီးနောက် အိမ်ကွင်းပရိသတ်တွေဘက်ကို လှည့်ပြီး မခံချင်အောင် လုပ်ပြခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ် ပရိသတ်တွေကတော့ ဂိုးရမယ့်အခွင့်အရေး လက်မတင်လေး လွဲချော်ခဲ့ချိန်မှာ ဂန်းနားဂိုးသမားရဲ့ အပြုအမူကြောင့် တော်တော်လေး နာလိုခံခက်ဖြစ်ခဲ့ကြမှာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ပရိသတ်တွေဟာ ဘရန့်တ်ဖို့ဒ်ကို အာဆင်နယ်က အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွင်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ ထူးဆန်းတဲ့ အခိုက်အတန့်ကို မြင်တွေ့ခဲ့ရပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.