Carabao & FA Match Report Premier League

မန်စီးတီးတို့ အချိုရည်ငတ်ပြီး ချဲလ်ဆီးတို့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ပွဲစဉ်များ

ဒီနေ့ ကစားခဲ့ကြတဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်တွေမှာ ပြီးခဲ့တဲ့ ငါးနှစ်မှာ လေးနှစ်ဆက်တိုက် ဗိုလ်စွဲထားနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ နယူးကာဆယ်လ်တို့နဲ့အတွေ့မှာ စောစောစီးစီးပဲ ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပြီး ချဲလ်ဆီးတို့ကတော့ သူတို့အတွက် ရှားပါးလှတဲ့ နိုင်ပွဲတစ်ပွဲနဲ့ ဘရိုက်တန်ကို ကျော်ဖြတ်နိုင်ခဲ့ကြတာပါ။

မန်စီးတီးတို့အနေနဲ့ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ ဂွါဒီယောလ်၊ ရီကို လူးဝစ္စနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်ချ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဂရီးလစ်ရှ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အော်စကာ ဘော့ဘ်၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်ခဲ့လို့ လူစာရင်းက ညံ့တယ်လို့တော့ ပြောလို့မရဘဲဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆယ်လက်စ်၊ ဒမ်းမက်၊ လီဗရာမင်တိုနဲ့ တားဂက်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ တိုနာလီ၊ မိုင်လီနဲ့ ဂျိုလင်တန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မာဖီ၊ ဟောလ်နဲ့ အီဆက်ခ်တို့ကို အတော်လေး ဝိတ်လျှော့ပြီး လူစာရင်းထုတ်ခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရယူထားနိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှုပိုင်းမှာ သာလွန်ခဲ့ပေမယ့် လူငယ်တွေကို သုံးထားတဲ့ တိုက်စစ်ကတော့ အဆုံးသတ် မသေချာဘဲဖြစ်နေခဲ့ချိန်မှာ နယူးကာဆယ်လ်တို့ကတော့ ကောင်တာတွေကိုပဲ အားပြုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အတွက် တစ်လုံးတည်းသောဂိုးကိုတော့ ပွဲချိန် ၅၃ မိနစ်မှာ ဂျိုလင်တန်က ဧရိယာထိပ်ကနေ အတွင်းကို ဆွဲဝင်ပြီးမှ မန်စီးတီးခံစစ်ရဲ့ ပိတ်ဆို့မှုကြောင့် ကန်ခွင့်မသာလို့ ညာဘက်ကနေ အနိမ့်ဘော ပြန်ချိုးပေးတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ အီဆက်ခ်က တစ်ချက်ထိန်းပြီး ကန်သွင်းနိုင်ခဲ့လို့ မန်ယူတို့နဲ့ တွေ့ဆုံဖို့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။

ချဲလ်ဆီးတို့ကတော့ ဒီနေ့မှာ ဘရိုက်တန်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်သင်းစလုံးက ပရီးမီးယားလိဂ်မှာ ကစားသလိုပဲ လူစုံထုတ်ခဲ့ကြသလို ကောင်တာအားကိုးတဲ့ ပိုချက်တီနိုရဲ့ လူတွေနဲ့ ဘောလုံးကိုင်ကစားတဲ့ ဒီဇာဘီရဲ့လူတွေ အားပြိုင်မှုက နယူးကာဆယ်လ်-မန်စီးတီးပွဲလိုပဲ အလားသဏ္ဍာန် တူခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရသွားခဲ့တဲ့ ချဲလ်ဆီးတို့အတွက် တစ်လုံးတည်းသောဂိုးကိုတော့ ပွဲချိန် မိနစ် ၅၀ မှာ ကွင်းလယ်ကနေ ဘောလုံးပြန်ရလာတဲ့ မတ်ဆန်က ဧရိယာထိပ်ကို ချပေးရာမှာ ပါးလ်မားက မကန်ဘဲ ဘရိုက်တန်နောက်ခံလူတွေကြားကနေ ဖန်တီးပေးခဲ့တဲ့ ဘောလုံးကို ဂျက်ဆန်က လူကျွံထောင်ချောက်ကို အလိုက်သင့် ကျော်ဖြတ်ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ၉ ကြိမ်ကန်ပြီး ၄ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ ချဲလ်ဆီးတို့က ၁၃ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ ဘရိုက်တန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကျော်ဖြတ်သွားနိုင်ခဲ့ကြပြီး နောက်တစ်ဆင့်မှာတော့ ပိုချက်တီနိုရဲ့ လူတွေအနေနဲ့ အိမ်ကွင်းမှာ ဘလက်ဘန်းကို ချောင်ချောင်လည်လည် ရင်ဆိုင်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ ကစားခဲ့ၾကတဲ့ ကာရာေဘာင္းဖလား တတိယအဆင့္ ပြဲစဥ္ေတြမွာ ၿပီးခဲ့တဲ့ ငါးႏွစ္မွာ ေလးႏွစ္ဆက္တိုက္ ဗိုလ္စြဲထားႏိုင္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ နယူးကာဆယ္လ္တို႔နဲ႔အေတြ႕မွာ ေစာေစာစီးစီးပဲ ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီျဖစ္ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ သူတို႔အတြက္ ရွားပါးလွတဲ့ ႏိုင္ပြဲတစ္ပြဲနဲ႔ ဘ႐ိုက္တန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကတာပါ။

မန္စီးတီးတို႔အေနနဲ႔ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ အာကန္ဂ်ီ၊ ဂြါဒီေယာလ္၊ ရီကို လူးဝစၥနဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုဗာခ်စ္ခ်္၊ ကယ္လ္ဗင္ ဖိလစ္နဲ႔ ဂရီးလစ္ရွ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေအာ္စကာ ေဘာ့ဘ္၊ ဆာဂ်ီယို ဂိုမက္ဇ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ပြဲထုတ္ခဲ့လို႔ လူစာရင္းက ညံ့တယ္လို႔ေတာ့ ေျပာလို႔မရဘဲျဖစ္ခဲ့ပါတယ္။

နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ လာဆယ္လက္စ္၊ ဒမ္းမက္၊ လီဗရာမင္တိုနဲ႔ တားဂက္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုနာလီ၊ မိုင္လီနဲ႔ ဂ်ိဳလင္တန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မာဖီ၊ ေဟာလ္နဲ႔ အီဆက္ခ္တို႔ကို အေတာ္ေလး ဝိတ္ေလွ်ာ့ၿပီး လူစာရင္းထုတ္ခဲ့တာပါ။

မန္စီးတီးတို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၈ ရာခိုင္ႏႈန္းအထိ ရယူထားႏိုင္ခဲ့ၿပီး အခြင့္အေရး ဖန္တီးမႈပိုင္းမွာ သာလြန္ခဲ့ေပမယ့္ လူငယ္ေတြကို သုံးထားတဲ့ တိုက္စစ္ကေတာ့ အဆုံးသတ္ မေသခ်ာဘဲျဖစ္ေနခဲ့ခ်ိန္မွာ နယူးကာဆယ္လ္တို႔ကေတာ့ ေကာင္တာေတြကိုပဲ အားျပဳခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္လ္တို႔အတြက္ တစ္လုံးတည္းေသာဂိုးကိုေတာ့ ပြဲခ်ိန္ ၅၃ မိနစ္မွာ ဂ်ိဳလင္တန္က ဧရိယာထိပ္ကေန အတြင္းကို ဆြဲဝင္ၿပီးမွ မန္စီးတီးခံစစ္ရဲ႕ ပိတ္ဆို႔မႈေၾကာင့္ ကန္ခြင့္မသာလို႔ ညာဘက္ကေန အနိမ့္ေဘာ ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ အီဆက္ခ္က တစ္ခ်က္ထိန္းၿပီး ကန္သြင္းႏိုင္ခဲ့လို႔ မန္ယူတို႔နဲ႔ ေတြ႕ဆုံဖို႔ ကာရာေဘာင္းဖလား စတုတၳအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာပါ။

ခ်ဲလ္ဆီးတို႔ကေတာ့ ဒီေန႔မွာ ဘ႐ိုက္တန္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ႏွစ္သင္းစလုံးက ပရီးမီးယားလိဂ္မွာ ကစားသလိုပဲ လူစုံထုတ္ခဲ့ၾကသလို ေကာင္တာအားကိုးတဲ့ ပိုခ်က္တီႏိုရဲ႕ လူေတြနဲ႔ ေဘာလုံးကိုင္ကစားတဲ့ ဒီဇာဘီရဲ႕လူေတြ အားၿပိဳင္မႈက နယူးကာဆယ္လ္-မန္စီးတီးပြဲလိုပဲ အလားသ႑ာန္ တူခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရသြားခဲ့တဲ့ ခ်ဲလ္ဆီးတို႔အတြက္ တစ္လုံးတည္းေသာဂိုးကိုေတာ့ ပြဲခ်ိန္ မိနစ္ ၅၀ မွာ ကြင္းလယ္ကေန ေဘာလုံးျပန္ရလာတဲ့ မတ္ဆန္က ဧရိယာထိပ္ကို ခ်ေပးရာမွာ ပါးလ္မားက မကန္ဘဲ ဘ႐ိုက္တန္ေနာက္ခံလူေတြၾကားကေန ဖန္တီးေပးခဲ့တဲ့ ေဘာလုံးကို ဂ်က္ဆန္က လူကြၽံေထာင္ေခ်ာက္ကို အလိုက္သင့္ ေက်ာ္ျဖတ္ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ၉ ႀကိမ္ကန္ၿပီး ၄ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ ခ်ဲလ္ဆီးတို႔က ၁၃ ႀကိမ္မွာ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ ဘ႐ိုက္တန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ေက်ာ္ျဖတ္သြားႏိုင္ခဲ့ၾကၿပီး ေနာက္တစ္ဆင့္မွာေတာ့ ပိုခ်က္တီႏိုရဲ႕ လူေတြအေနနဲ႔ အိမ္ကြင္းမွာ ဘလက္ဘန္းကို ေခ်ာင္ေခ်ာင္လည္လည္ ရင္ဆိုင္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.