MLS Messi

မရွယ်ဘဲ စော်ကဲမင်းဖြစ်ကိန်းဆိုက်လာတဲ့ မက်ဆီနဲ့ အင်တာ မိုင်ယာမီ

အင်တာ မိုင်ယာမီရဲ့ မေဂျာလိဂ် Play-off ကစားခွင့်မျှော်လင့်ချက်ဟာ စနေနေ့မှာ အဓိကပြိုင်ဘက်တွေထဲက ၃ သင်းစလုံး ရှုံးပွဲတွေ့ခဲ့ပြီးနောက် မှေးမှိန်နေရာကနေ တောက်ပလာခဲ့ပြီဖြစ်ပါတယ်။

ဒီစီယူနိုက်တက်၊ မွန်ထရီရယ်၊ ရှားလော့တ်တို့အားလုံးဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ်တွေမှာ နိုင်ပွဲ မရယူနိုင်ခဲ့တဲ့နောက် အင်တာ မိုင်ယာမီဟာ လက်ရှိမှာတော့ Play-off ကျိန်းသေပေါက် ကစားရတော့မယ့်ပုံပေါ်လာပြီဖြစ်ပါတယ်။

နယူးယောက်ရက်ဘူးလ်ဟာ ဒီစီယူနိုက်တက်ကို ၅-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဝိန်း ရူနီရဲ့အသင်းဟာ အိမ်ကွင်းမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်မှုကို လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မွန်ထရီရယ်ကလည်း အတ္တလန္တာယူနိုက်တက်ရဲ့ ၄-၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီး ရှားလော့တ်ကလည်း စင်စင်နာတီကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီရှုံးပွဲတွေကြောင့် အင်တာ မိုင်ယာမီဟာ Play-off ကစားရမယ့် အခွင့်အရေးဟာ အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်ပြီး လက်ရှိအခြေအနေအရဆိုရင် မက်ဆီရဲ့အသင်းဟာ အရှေ့ပိုင်းကွန်းဖရင့်ဇုန်မှာ ၂၈ ပွဲကစားပြီးချိန် ၃၁ မှတ်နဲ့ အောက်ဆုံးကနေဆိုရင် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မွန်ထရီရယ်ဟာ အင်တာ မိုင်ယာမီထက် ၂ ပွဲပိုကစားထားခဲ့ပြီး ရမှတ် ၃၇ မှတ်နဲ့ ပထမဆုံး Play-off နေရာကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒုတိယ Play-off နေရာကို ဒီစီယူနိုက်တက်က အင်တာမိုင်ယာမီထက် ၃ ပွဲပိုကစားထားပေမယ့်လည်း ၃၆ မှတ်ထဲနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ရက်ဘူးတွေဟာ စနေနေ့နိုင်ပွဲအပြီးမှာ ၃၄ မှတ်နဲ့ ဒီ ၂သင်းနောက်ကနေ လိုက်နေပေမယ့်လည်း ထရွိုင် လက်စ်ဆက်စ်နဲရဲ့အသင်းက ပွဲ ၃၀ သာ ကစားရသေးတာဖြစ်ပြီး အဆင့် ၁၁ နဲ့ ၁၂ နေရာမှာ အသီးသီးရပ်တည်နေကြတဲ့ ချီကာဂို ဖိုင်းယားနဲ့ နယူးယောက်စီးတီးတို့လည်း အလားတူပဲ ဖြစ်ပါတယ်။

ရှားလော့တ်ကတော့ ၂၉ ပွဲသာ ကစားရသေးချိန်မှာ အင်တာမိုင်ယာမီထက် ၂ မှတ်အသာ ရရှိနေတာဖြစ်ပြီး မက်ဆီရဲ့အသင်းသာ ယနေ့မှာ အော်လန်ဒိုစီးတီးကို အံ့အားသင့်ဖွယ် နိုင်ပွဲရယူနိုင်မယ်ဆိုရင် အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုင်ယာမီရဲ့ မျှော်လင့်ချက်ဟာ ကြယ်ပွင့်ကစားသမား ၂ ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ယော်ဒီ အယ်လ်ဘာတို့ ၂ ဦးစလုံး အော်လန်ဒိုစီးတီးနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီဖြစ်တာကြောင့် မှေးမှိန်နေပုံပေါ်ပါတယ်။ မက်ဆီနဲ့ အယ်လ်ဘာတို့ ၂ ဦးစလုံးဟာ ဗုဒ္ဓဟူးနေ့က တိုရွန်တိုကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပြီး လာမယ့်အပတ် ယူအက်စ်အိုးပင်းဗိုလ်လုပွဲအတွက် အနားပေးခံထားရတာဖြစ်ပါတယ်။

တကယ်လို့ အော်လန်ဒိုစီးတီးကိုသာ အနိုင်မယူနိုင်ခဲ့ဘူးဆိုရင်တောင်မှ အင်တာ မိုင်ယာမီဟာ စနေနေ့မှာ ပြိုင်ဘက် ၃ သင်းစလုံး ခြေချော်မှုကြောင့် Play-off ပြိုင်ပွဲမှာ နောက်ကျ အလှည့်အပြောင်းတွေကို မျှော်လင့်နိုင်ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာ မိုင္ယာမီရဲ႕ ေမဂ်ာလိဂ္ Play-off ကစားခြင့္ေမွ်ာ္လင့္ခ်က္ဟာ စေနေန႔မွာ အဓိကၿပိဳင္ဘက္ေတြထဲက ၃ သင္းစလုံး ရႈံးပြဲေတြ႕ခဲ့ၿပီးေနာက္ ေမွးမွိန္ေနရာကေန ေတာက္ပလာခဲ့ၿပီျဖစ္ပါတယ္။

ဒီစီယူႏိုက္တက္၊ မြန္ထရီရယ္၊ ရွားေလာ့တ္တို႔အားလုံးဟာ ေနာက္ဆုံးကစားခဲ့တဲ့ လိဂ္ပြဲစဥ္ေတြမွာ ႏိုင္ပြဲ မရယူႏိုင္ခဲ့တဲ့ေနာက္ အင္တာ မိုင္ယာမီဟာ လက္ရွိမွာေတာ့ Play-off က်ိန္းေသေပါက္ ကစားရေတာ့မယ့္ပုံေပၚလာၿပီျဖစ္ပါတယ္။

နယူးေယာက္ရက္ဘူးလ္ဟာ ဒီစီယူႏိုက္တက္ကို ၅-၃ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဝိန္း ႐ူနီရဲ႕အသင္းဟာ အိမ္ကြင္းမွာ ၂ ဂိုးအသာနဲ႔ ဦးေဆာင္ႏိုင္မႈကို လႊင့္ပစ္ခဲ့တာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ မြန္ထရီရယ္ကလည္း အတၱလႏၲာယူႏိုက္တက္ရဲ႕ ၄-၁ နဲ႔ အႏိုင္ယူျခင္းကို ခံခဲ့ရၿပီး ရွားေလာ့တ္ကလည္း စင္စင္နာတီကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ဒီရႈံးပြဲေတြေၾကာင့္ အင္တာ မိုင္ယာမီဟာ Play-off ကစားရမယ့္ အခြင့္အေရးဟာ အမွန္တကယ္ ျဖစ္လာခဲ့ၿပီျဖစ္ၿပီး လက္ရွိအေျခအေနအရဆိုရင္ မက္ဆီရဲ႕အသင္းဟာ အေရွ႕ပိုင္းကြန္းဖရင့္ဇုန္မွာ ၂၈ ပြဲကစားၿပီးခ်ိန္ ၃၁ မွတ္နဲ႔ ေအာက္ဆုံးကေနဆိုရင္ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မြန္ထရီရယ္ဟာ အင္တာ မိုင္ယာမီထက္ ၂ ပြဲပိုကစားထားခဲ့ၿပီး ရမွတ္ ၃၇ မွတ္နဲ႔ ပထမဆုံး Play-off ေနရာကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယ Play-off ေနရာကို ဒီစီယူႏိုက္တက္က အင္တာမိုင္ယာမီထက္ ၃ ပြဲပိုကစားထားေပမယ့္လည္း ၃၆ မွတ္ထဲနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

ရက္ဘူးေတြဟာ စေနေန႔ႏိုင္ပြဲအၿပီးမွာ ၃၄ မွတ္နဲ႔ ဒီ ၂သင္းေနာက္ကေန လိုက္ေနေပမယ့္လည္း ထ႐ြိဳင္ လက္စ္ဆက္စ္နဲရဲ႕အသင္းက ပြဲ ၃၀ သာ ကစားရေသးတာျဖစ္ၿပီး အဆင့္ ၁၁ နဲ႔ ၁၂ ေနရာမွာ အသီးသီးရပ္တည္ေနၾကတဲ့ ခ်ီကာဂို ဖိုင္းယားနဲ႔ နယူးေယာက္စီးတီးတို႔လည္း အလားတူပဲ ျဖစ္ပါတယ္။

ရွားေလာ့တ္ကေတာ့ ၂၉ ပြဲသာ ကစားရေသးခ်ိန္မွာ အင္တာမိုင္ယာမီထက္ ၂ မွတ္အသာ ရရွိေနတာျဖစ္ၿပီး မက္ဆီရဲ႕အသင္းသာ ယေန႔မွာ ေအာ္လန္ဒိုစီးတီးကို အံ့အားသင့္ဖြယ္ ႏိုင္ပြဲရယူႏိုင္မယ္ဆိုရင္ အဆင့္ ၁၀ ေနရာကို တက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မိုင္ယာမီရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ ၾကယ္ပြင့္ကစားသမား ၂ ဦးျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ေယာ္ဒီ အယ္လ္ဘာတို႔ ၂ ဦးစလုံး ေအာ္လန္ဒိုစီးတီးနဲ႔ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီျဖစ္တာေၾကာင့္ ေမွးမွိန္ေနပုံေပၚပါတယ္။ မက္ဆီနဲ႔ အယ္လ္ဘာတို႔ ၂ ဦးစလုံးဟာ ဗုဒၶဟူးေန႔က တို႐ြန္တိုကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရတာျဖစ္ၿပီး လာမယ့္အပတ္ ယူအက္စ္အိုးပင္းဗိုလ္လုပြဲအတြက္ အနားေပးခံထားရတာျဖစ္ပါတယ္။

တကယ္လို႔ ေအာ္လန္ဒိုစီးတီးကိုသာ အႏိုင္မယူႏိုင္ခဲ့ဘူးဆိုရင္ေတာင္မွ အင္တာ မိုင္ယာမီဟာ စေနေန႔မွာ ၿပိဳင္ဘက္ ၃ သင္းစလုံး ေျခေခ်ာ္မႈေၾကာင့္ Play-off ၿပိဳင္ပြဲမွာ ေနာက္က် အလွည့္အေျပာင္းေတြကို ေမွ်ာ္လင့္ႏိုင္ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.