Premier League Transfer News

တိုနီကို ခေါ်ချင်ရင် FFP နဲ့ မငြိအောင် ပါးပါးနပ်နပ် လုပ်ဆောင်ရမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့အတွက် ငွေကုန်ကြေးကျများနိုင်တဲ့ တိုက်စစ်မှူး အီဗန် တိုနီကို ဘရန့်ဖို့ဒ်အသင်းကနေ ခေါ်ယူချင်ရင် ဒီလောက် ရိုးရှင်းမှာတော့ မဟုတ်ဘဲ ကစားသမား ရောင်းချမှုလိုမျိုး မဖြစ်မနေ လုပ်သွားရမယ့် အချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

ပွဲပယ်ပြစ်ဒဏ် စေ့ချိန်မှာ ပျားတွေက ငွေဖော်တော့မှာဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးနဲ့ လစာငွေ စုစုပေါင်း ပေါင်သန်း ၈၀ လောက် ကုန်ကျနိုင်ချိန်မှာ ဒီပမာဏက Financial Fair Play Rule – FFP နဲ့ ငြိစွန်းမယ့် အနေအထားလည်းဖြစ်နေပြီး ပေါင်သန်း ၂၀၀ လောက် သုံးထားပြီးလည်းဖြစ်တဲ့ အာဆင်နယ်တို့ ခေါင်းကိုက်စရာဖြစ်နေတာပါ။

ဘရန့်ဖို့ဒ်နဲ့ သူတို့နဲ့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိပြီးသားဖြစ်လို့ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ဆောင်းရာသီမှာ အငှားခေါ်ယူဖို့ ညှိနှိုင်းနိုင်ခြေကတော့ များနေခဲ့သလို ဂိုးသမား ဒေးဗစ် ရာယာအတွက်လည်း နောက်ထပ် ပေါင် ၂၇ သန်း အသုံးပြုရဦးမှာဖြစ်တဲ့အတွက် အာဆင်နယ်တို့ လူရောင်းချဖို့ ဖြစ်လာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တစ်ရာသီမှာ ဂိုး ၂၀ အာမခံချက်ပေးနိုင်တဲ့ နံပါတ် ၉ တိုက်စစ်မှူးစစ်စစ်ဖြစ်တဲ့ တိုနီဟာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်မှာ ၆၆ ပွဲ ကစားပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယရာသီမှာတော့ ပွဲပယ်မထိခင်အထိ ၃၃ ပွဲမှာ ဂိုး ၂၀ သွင်းယူပြခဲ့တာဖြစ်လို့ သူ့ကို အာဆင်နယ်တို့အပြင် ဟာရီကိန်းကို ဆုံးရှုံးခဲ့ရတဲ့ စပါးစ်တို့ကလည်း အလိုရှိနေခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ အရစ်ကျ၊ အငှားနဲ့ နောက်ရာသီတွေမှာ တိုင်ပတ်မယ့် လမ်းကို မရွေးချင်ဘူးဆိုရင်တော့ ဒီဆောင်းရာသီမှာ အက်ဒီ နကီးတီးယား၊ အီမီးလ် စမစ်ရိုးနဲ့ ရီးစ် နယ်လ်ဆန်တို့ကို ရောင်းချသွားနိုင်ပြီး ဘရန့်ဖို့ဒ်တို့ဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ကိုတော့ ဒီကစားသမားတွေထဲက တစ်ဦးကို အလိုက်ပေးကမ်းလှမ်းရင်လည်း အလုပ်ဖြစ်ကောင်းဖြစ်နိုင်ဖွယ်ရှိနေကြောင်းလည်း ခန့်မှန်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔အတြက္ ေငြကုန္ေၾကးက်မ်ားႏိုင္တဲ့ တိုက္စစ္မႉး အီဗန္ တိုနီကို ဘရန႔္ဖို႔ဒ္အသင္းကေန ေခၚယူခ်င္ရင္ ဒီေလာက္ ႐ိုးရွင္းမွာေတာ့ မဟုတ္ဘဲ ကစားသမား ေရာင္းခ်မႈလိုမ်ိဳး မျဖစ္မေန လုပ္သြားရမယ့္ အခ်က္ေတြ ရွိေနတယ္လို႔ သိရပါတယ္။

ပြဲပယ္ျပစ္ဒဏ္ ေစ့ခ်ိန္မွာ ပ်ားေတြက ေငြေဖာ္ေတာ့မွာျဖစ္တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးအတြက္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာေငြ စုစုေပါင္း ေပါင္သန္း ၈၀ ေလာက္ ကုန္က်ႏိုင္ခ်ိန္မွာ ဒီပမာဏက Financial Fair Play Rule – FFP နဲ႔ ၿငိစြန္းမယ့္ အေနအထားလည္းျဖစ္ေနၿပီး ေပါင္သန္း ၂၀၀ ေလာက္ သုံးထားၿပီးလည္းျဖစ္တဲ့ အာဆင္နယ္တို႔ ေခါင္းကိုက္စရာျဖစ္ေနတာပါ။

ဘရန႔္ဖို႔ဒ္နဲ႔ သူတို႔နဲ႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြ ရွိၿပီးသားျဖစ္လို႔ ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္နဲ႔ ေဆာင္းရာသီမွာ အငွားေခၚယူဖို႔ ညႇိႏႈိင္းႏိုင္ေျခကေတာ့ မ်ားေနခဲ့သလို ဂိုးသမား ေဒးဗစ္ ရာယာအတြက္လည္း ေနာက္ထပ္ ေပါင္ ၂၇ သန္း အသုံးျပဳရဦးမွာျဖစ္တဲ့အတြက္ အာဆင္နယ္တို႔ လူေရာင္းခ်ဖို႔ ျဖစ္လာႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

တစ္ရာသီမွာ ဂိုး ၂၀ အာမခံခ်က္ေပးႏိုင္တဲ့ နံပါတ္ ၉ တိုက္စစ္မႉးစစ္စစ္ျဖစ္တဲ့ တိုနီဟာ ဘရန႔္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္မွာ ၆၆ ပြဲ ကစားၿပီး ၃၂ ဂိုး သြင္းယူႏိုင္ခဲ့သလို ဒုတိယရာသီမွာေတာ့ ပြဲပယ္မထိခင္အထိ ၃၃ ပြဲမွာ ဂိုး ၂၀ သြင္းယူျပခဲ့တာျဖစ္လို႔ သူ႔ကို အာဆင္နယ္တို႔အျပင္ ဟာရီကိန္းကို ဆုံးရႈံးခဲ့ရတဲ့ စပါးစ္တို႔ကလည္း အလိုရွိေနခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ အရစ္က်၊ အငွားနဲ႔ ေနာက္ရာသီေတြမွာ တိုင္ပတ္မယ့္ လမ္းကို မေ႐ြးခ်င္ဘူးဆိုရင္ေတာ့ ဒီေဆာင္းရာသီမွာ အက္ဒီ နကီးတီးယား၊ အီမီးလ္ စမစ္႐ိုးနဲ႔ ရီးစ္ နယ္လ္ဆန္တို႔ကို ေရာင္းခ်သြားႏိုင္ၿပီး ဘရန႔္ဖို႔ဒ္တို႔ဘက္က ေတာင္းဆိုမယ့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၆၀ ကိုေတာ့ ဒီကစားသမားေတြထဲက တစ္ဦးကို အလိုက္ေပးကမ္းလွမ္းရင္လည္း အလုပ္ျဖစ္ေကာင္းျဖစ္ႏိုင္ဖြယ္ရွိေနေၾကာင္းလည္း ခန႔္မွန္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.