Premier League

ပရီးမီးယားလိဂ်ကစားသမားတွေ ပွဲတိုင်း ချိုးဖောက်နေပေမယ့် အပြစ်မပေးခံရတဲ့ စည်းမျဉ်းတစ်ခု

ပရီးမီးယားလိဂ်ကစားသမားတွေဟာ ပွဲစဉ်တိုင်းမှာ တူညီတဲ့စည်းမျဉ်းကို ချိုးဖောက်နေပေမယ့်လည်း အပြစ်ပေးမခံခဲ့ရပါဘူး။

IFAB က အချိန်ပိုထပ်ဆောင်းတိုးမြှင့်မှုအပါအဝင် မကြာသေးမီက အပြောင်းအလဲတွေမှာ မတူညီတဲ့စည်းမျဉ်းတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး လူတွေရဲ့ ထုံးစံအတိုင်း အပြောင်းအလဲအသစ်နဲ့ ချက်ချင်းအသားမကျကြသေးဘဲ ဆက်လက် ကျူးလွန်နေမြဲဖြစ်တာကို မြင်တွေ့ရပါတယ်။

ဂိုးသမားတွေဟာ ပင်နယ်တီ ကန်သွင်းတဲ့အခါမှာ ပင်နယ်တီကန်သွင်းသူကို အာရုံနောက်အောင် လုပ်ခွင့်မရှိတော့ဘဲ အဝါကတ်ပြဖို့ ဒိုင်လူကြီးကို တောင်းဆိုတဲ့ ကစားသမားကလည်း အလိုအလျောက် အဝါကတ်ပြသခံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီစည်းမျဉ်းတွေဟာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတွေမှာ အသက်မဝင်သေးဘဲ အဓိက စည်းမျဉ်းတစ်ခုကတော့ လက်ပစ်ဘောဖြစ်ပြီး လက်ပစ်ဘောပစ်တဲ့အချိန်မှာ လက် ၂ ဖက်စလုံးက ခေါင်းရဲ့အနောက်မှာ ရှိနေရမှာဖြစ်သလို ခြေထောက် ၂ ဖက်စလုံးကလည်း မြေကြီးပေါ်မှာ စုံရပ်နေရမှာ ဖြစ်ပါတယ်။

အဲဒီလိုမှမဟုတ်ရင် ပြစ်ဒဏ်ဘောအဖြစ်နဲ့ အခြားအသင်းက လက်ပစ်ဘော ပြန်မြှောက်ခွင့်ရမှာဖြစ်ပေမယ့်လည်း မကြာခဏ ကစားသမားတွေ မေ့လျော့နေတဲ့ အရေးကြီးတဲ့အရာကတော့ လက်ပစ်ဘောမြှောက်သူဟာ လက်ပစ်ဘော မြှောက်ခါနီးမှာ ဟိုသွားဒီသွားလုပ်လို့မရတာဖြစ်ပါတယ်။

စည်းမျဉ်းထဲမှာ “လက်ပစ်ဘောမြှောက်သူသည် ဘောလုံးကို ဦးခေါင်းရဲ့အနောက်ကနေတဆင့် ကွင်းထဲကနေ ထွက်သွားတဲ့နေရာကနေသာ ပစ်မြှောက်ရမည်”လို့ ဖော်ပြထားပြီး အနည်းငယ် ရွေ့လျားရင်တောင် နည်းစနစ်ပိုင်းအရ တရားမဝင်တာဖြစ်ပါတယ်။

ဒီစည်းမျဉ်းသာ သေချာကြပ်မတ်ခဲ့မယ်ဆိုရင် စတုတ်စီးတီးကစားသမား ရိုရီ ဒီလက်ပ်တောင် ကစားသမားဘဝပိုင်ဆိုင်ခဲ့မှာမဟုတ်ဘဲ ကစားသမားတွေဟာ လက်ပစ်ဘောကနေ တိုက်ရိုက်ဂိုးသွင်းလို့မရဘူးဆိုတာ အားလုံးသိထားကြပြီးဖြစ်ပေမယ့် မကြာသေးမီက ယူအက်စ်အေက အမျိုးသမီးပွဲစဉ်တစ်ပွဲမှာ ဖြစ်ခဲ့ပါတယ်။

ဇိုဝီ မာလိုနီဟာ ဒရိတ်စ်တက္ကသိုလ်အသင်းအတွက် မြောက်ပိုင်းအိုင်ဝိုဝါတက္ကသိုလ်အသင်းဘက်ကို လက်ပစ်ဘောကနေတစ်ဆင့် ပစ်သွင်းယူသွားခဲ့တာဖြစ်ပြီး ဂိုးသမားက ဘောလုံးကို ထိခဲ့တာကြောင့် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ကစားသမားေတြဟာ ပြဲစဥ္တိုင္းမွာ တူညီတဲ့စည္းမ်ဥ္းကို ခ်ိဳးေဖာက္ေနေပမယ့္လည္း အျပစ္ေပးမခံခဲ့ရပါဘူး။

IFAB က အခ်ိန္ပိုထပ္ေဆာင္းတိုးျမႇင့္မႈအပါအဝင္ မၾကာေသးမီက အေျပာင္းအလဲေတြမွာ မတူညီတဲ့စည္းမ်ဥ္းေတြကို အေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး လူေတြရဲ႕ ထုံးစံအတိုင္း အေျပာင္းအလဲအသစ္နဲ႔ ခ်က္ခ်င္းအသားမက်ၾကေသးဘဲ ဆက္လက္ က်ဴးလြန္ေနၿမဲျဖစ္တာကို ျမင္ေတြ႕ရပါတယ္။

ဂိုးသမားေတြဟာ ပင္နယ္တီ ကန္သြင္းတဲ့အခါမွာ ပင္နယ္တီကန္သြင္းသူကို အာ႐ုံေနာက္ေအာင္ လုပ္ခြင့္မရွိေတာ့ဘဲ အဝါကတ္ျပဖို႔ ဒိုင္လူႀကီးကို ေတာင္းဆိုတဲ့ ကစားသမားကလည္း အလိုအေလ်ာက္ အဝါကတ္ျပသခံရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီစည္းမ်ဥ္းေတြဟာ ပေရာ္ဖက္ရွင္နယ္ၿပိဳင္ပြဲေတြမွာ အသက္မဝင္ေသးဘဲ အဓိက စည္းမ်ဥ္းတစ္ခုကေတာ့ လက္ပစ္ေဘာျဖစ္ၿပီး လက္ပစ္ေဘာပစ္တဲ့အခ်ိန္မွာ လက္ ၂ ဖက္စလုံးက ေခါင္းရဲ႕အေနာက္မွာ ရွိေနရမွာျဖစ္သလို ေျခေထာက္ ၂ ဖက္စလုံးကလည္း ေျမႀကီးေပၚမွာ စုံရပ္ေနရမွာ ျဖစ္ပါတယ္။

အဲဒီလိုမွမဟုတ္ရင္ ျပစ္ဒဏ္ေဘာအျဖစ္နဲ႔ အျခားအသင္းက လက္ပစ္ေဘာ ျပန္ေျမႇာက္ခြင့္ရမွာျဖစ္ေပမယ့္လည္း မၾကာခဏ ကစားသမားေတြ ေမ့ေလ်ာ့ေနတဲ့ အေရးႀကီးတဲ့အရာကေတာ့ လက္ပစ္ေဘာေျမႇာက္သူဟာ လက္ပစ္ေဘာ ေျမႇာက္ခါနီးမွာ ဟိုသြားဒီသြားလုပ္လို႔မရတာျဖစ္ပါတယ္။

စည္းမ်ဥ္းထဲမွာ “လက္ပစ္ေဘာေျမႇာက္သူသည္ ေဘာလုံးကို ဦးေခါင္းရဲ႕အေနာက္ကေနတဆင့္ ကြင္းထဲကေန ထြက္သြားတဲ့ေနရာကေနသာ ပစ္ေျမႇာက္ရမည္”လို႔ ေဖာ္ျပထားၿပီး အနည္းငယ္ ေ႐ြ႕လ်ားရင္ေတာင္ နည္းစနစ္ပိုင္းအရ တရားမဝင္တာျဖစ္ပါတယ္။

ဒီစည္းမ်ဥ္းသာ ေသခ်ာၾကပ္မတ္ခဲ့မယ္ဆိုရင္ စတုတ္စီးတီးကစားသမား ႐ိုရီ ဒီလက္ပ္ေတာင္ ကစားသမားဘဝပိုင္ဆိုင္ခဲ့မွာမဟုတ္ဘဲ ကစားသမားေတြဟာ လက္ပစ္ေဘာကေန တိုက္႐ိုက္ဂိုးသြင္းလို႔မရဘူးဆိုတာ အားလုံးသိထားၾကၿပီးျဖစ္ေပမယ့္ မၾကာေသးမီက ယူအက္စ္ေအက အမ်ိဳးသမီးပြဲစဥ္တစ္ပြဲမွာ ျဖစ္ခဲ့ပါတယ္။

ဇိုဝီ မာလိုနီဟာ ဒရိတ္စ္တကၠသိုလ္အသင္းအတြက္ ေျမာက္ပိုင္းအိုင္ဝိုဝါတကၠသိုလ္အသင္းဘက္ကို လက္ပစ္ေဘာကေနတစ္ဆင့္ ပစ္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဂိုးသမားက ေဘာလုံးကို ထိခဲ့တာေၾကာင့္ ဂိုးအျဖစ္သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.