Carabao & FA Match Report Premier League

ကာရာဘောင်းမှာ တစ်လုံးနဲ့ပဲ ပြုံးနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ကို ဖြတ်ကျော်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ တိုမီယာစု၊ ဂါဘရီယယ်လ်နဲ့ ကီဗီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်နဲ့ စမစ်ရိုးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာဂိုး ဂျူနီယာ၊ နကီးတီးယားနဲ့ နယ်လ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘရန့်ဖို့ဒ်အသင်းကတော့ ဂိုးသမား ဖလက်ကင်၊ ခံစစ်မှာ ဇန်ကာ၊ ပင်းနော့ခ်၊ ကောလင်းစ်၊ ရိုအာဆလက်ဗ်နဲ့ ဟစ်ကီတို့ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ယန်နဲ့လ်၊ အွန်ယီကာနဲ့ နော်ဂါ့ဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝစ်ဆာနဲ့ အမ်ဘူးမိုတို့ကို တွဲဖက်ပေးခဲ့တာပါ။

အငှားချထားခဲ့တဲ့ ကစားသမား ရာယာနဲ့ ဒဏ်ရာရ ကစားသမား လေးငါးဦး လျော့နည်းနေခဲ့တဲ့ အာဆင်နယ်တို့ အားနည်းခဲ့တယ်လို့ ဆိုနိုင်ပြီး ထုံးစံအတိုင်းပဲ ဖန်တီးမှုတွေက အားနည်းခဲ့သလို တိုက်စစ်မှာ ကစားလိုက်တာမှ ကောင်းဦးမယ့် ဟာဗတ်ဇ်က ကွင်းလယ်မှာ ပေါတောတောလုပ်နေတာက Hardcore Fan တွေကို အသည်းပေါက်စေခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရန့်ဖို့ဒ်ခံစစ်က နောက်ပြန်ပေးတဲ့ ဘောလုံးကို ဧရိယာထဲမှာ ဖြတ်ယူနိုင်ခဲ့တဲ့ နကီးတီးယားက ဘယ်ဘက်ကို ပြန်ခင်းပေးရာမှာ နယ်လ်ဆန်က ဂိုးသမား ဖလက်ကင်နဲ့ တစ်ဦးချင်းအတွေ့မှာ ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ အိမ်ရှင်တွေ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို အာဆင်နယ်ဘက်က စမစ်ရိုးရဲ့ အနီးကပ် ကန်ချက်ကိုလည်း ဖလက်ကင် ကာကွယ်သွားခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့က ပိုမိုတိုက်စစ်ဆင်နိုင်ခဲ့တာကြောင့် ပျားတုပ်မယ်လို့ ထင်ခဲ့ရပေမယ့် အဆုံးသတ်ပိုင်းတွေကတော့ ညံ့ဖျင်းနေခဲ့တာဖြစ်ပါတယ်။

ဝစ်ဆာရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို ခံစစ်ဇုန်က ပေါက်ကုန်းလဒနှစ်ကောင်ဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ဂျော်ဂျင်ညိုတို့ရဲ့ လူပေးပုံအလွဲကနေ ဘရန့်ဖို့ဒ်ကို ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့လို့ အာဆင်နယ်တို့ သက်သာခဲ့ရပြီး တိုမီယာစုနဲ့ ရမ်းစ်ဒေးလ်တို့သာ မကောင်းရင် သုံးလေးဂိုးဖြစ်သွားနိုင်တဲ့ ပွဲမှာ ကိုယ့်အနေအထား ကိုယ်သိခွင့်ရခဲ့တာကတော့ အာတီတာအတွက် ဝမ်းသာစရာပဲဖြစ်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ ဘရန့်ဖို့ဒ်ကို ကွန်မြူနတီကွင်းမှာ တစ်လုံးတည်းသောဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ကာရာဘောင်းဖလား တတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြပြီးတဲ့နောက် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အတွက် အနည်းငယ် စမ်းသပ်နိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ တိုမီယာစု၊ ဂါဘရီယယ္လ္နဲ႔ ကီဗီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဟာဗတ္ဇ္နဲ႔ စမစ္႐ိုးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာဂိုး ဂ်ဴနီယာ၊ နကီးတီးယားနဲ႔ နယ္လ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘရန႔္ဖို႔ဒ္အသင္းကေတာ့ ဂိုးသမား ဖလက္ကင္၊ ခံစစ္မွာ ဇန္ကာ၊ ပင္းေနာ့ခ္၊ ေကာလင္းစ္၊ ႐ိုအာဆလက္ဗ္နဲ႔ ဟစ္ကီတို႔ကို စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ယန္နဲ႔လ္၊ အြန္ယီကာနဲ႔ ေနာ္ဂါ့ဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဝစ္ဆာနဲ႔ အမ္ဘူးမိုတို႔ကို တြဲဖက္ေပးခဲ့တာပါ။

အငွားခ်ထားခဲ့တဲ့ ကစားသမား ရာယာနဲ႔ ဒဏ္ရာရ ကစားသမား ေလးငါးဦး ေလ်ာ့နည္းေနခဲ့တဲ့ အာဆင္နယ္တို႔ အားနည္းခဲ့တယ္လို႔ ဆိုႏိုင္ၿပီး ထုံးစံအတိုင္းပဲ ဖန္တီးမႈေတြက အားနည္းခဲ့သလို တိုက္စစ္မွာ ကစားလိုက္တာမွ ေကာင္းဦးမယ့္ ဟာဗတ္ဇ္က ကြင္းလယ္မွာ ေပါေတာေတာလုပ္ေနတာက Hardcore Fan ေတြကို အသည္းေပါက္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘရန႔္ဖို႔ဒ္ခံစစ္က ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဧရိယာထဲမွာ ျဖတ္ယူႏိုင္ခဲ့တဲ့ နကီးတီးယားက ဘယ္ဘက္ကို ျပန္ခင္းေပးရာမွာ နယ္လ္ဆန္က ဂိုးသမား ဖလက္ကင္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ညာဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ အိမ္ရွင္ေတြ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို အာဆင္နယ္ဘက္က စမစ္႐ိုးရဲ႕ အနီးကပ္ ကန္ခ်က္ကိုလည္း ဖလက္ကင္ ကာကြယ္သြားခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔က ပိုမိုတိုက္စစ္ဆင္ႏိုင္ခဲ့တာေၾကာင့္ ပ်ားတုပ္မယ္လို႔ ထင္ခဲ့ရေပမယ့္ အဆုံးသတ္ပိုင္းေတြကေတာ့ ညံ့ဖ်င္းေနခဲ့တာျဖစ္ပါတယ္။

ဝစ္ဆာရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့သလို ခံစစ္ဇုန္က ေပါက္ကုန္းလဒႏွစ္ေကာင္ျဖစ္တဲ့ ဇင္ခ်န္ကိုနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ရဲ႕ လူေပးပုံအလြဲကေန ဘရန႔္ဖို႔ဒ္ကို ကန္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့လို႔ အာဆင္နယ္တို႔ သက္သာခဲ့ရၿပီး တိုမီယာစုနဲ႔ ရမ္းစ္ေဒးလ္တို႔သာ မေကာင္းရင္ သုံးေလးဂိုးျဖစ္သြားႏိုင္တဲ့ ပြဲမွာ ကိုယ့္အေနအထား ကိုယ္သိခြင့္ရခဲ့တာကေတာ့ အာတီတာအတြက္ ဝမ္းသာစရာပဲျဖစ္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ ဘရန႔္ဖို႔ဒ္ကို ကြန္ျမဴနတီကြင္းမွာ တစ္လုံးတည္းေသာဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ကာရာေဘာင္းဖလား တတိယအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကၿပီးတဲ့ေနာက္ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္အတြက္ အနည္းငယ္ စမ္းသပ္ႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.