Premier League

အာဆင်နယ်နဲ့ပွဲကို မန်စီးတီးရဲ့ ရိုဒရီ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲဖို့ သေချာပြီ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ရိုဒရီဂို ဟာနန်ဒက်ဇ်ကို ပြီးခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်က အနီကတ်ကြောင့် သုံးပွဲအထိ ဆုံးရှုံးရတော့မှာဖြစ်ပြီး လာမယ့် နယူးကာဆယ်လ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်အပြင် ဝုလ်ဗာဟမ့်ပ်တန်၊ အာဆင်နယ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် စပိန်သားအနေနဲ့ ဖောရက်စ်ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို လည်ပင်းကနေ ဆောင့်တွန်းခဲ့လို့ သုံးပွဲအပယ်ခံခဲ့ရမှုကို မန်စီးတီး တာဝန်ရှိသူတွေဘက်က စောဒကတက်လို့ ပိုဆိုးလာနိုင်တဲ့ အခြေအနေအဖြစ် ရှုမြင်ထားပြီး ပွဲပယ်မှုကို အယူခံတင်သွင်းမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

နည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ ရိုဒရီအနေနဲ့ ဒီအဖြစ်က သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောသွားခဲ့ပြီး သူတို့တွေအနေနဲ့ ဒီပွဲမှာ ပထမ ၃၅ မိနစ်ကိုသာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထောက်ပြသွားခဲ့သလို ကျန်တဲ့ ပွဲတွေချိန်ကတော့ အလကားပဲလို့ အသင်းသားတွေရဲ့ ကစားပုံတွေကိုလည်း ဝေဖန်သွားခဲ့တာပါ။

ရိုဒရီရဲ့ ပွဲပယ်သတင်းကြောင့် အပျော်ဆုံးဖြစ်မယ့်သူတွေကတော့ အာဆင်နယ်ပရိသတ်တွေပဲဖြစ်ပြီး သူတို့နဲ့တွေ့မယ့် အိမ်ကွင်းပွဲစဉ်မှာ ဒီအားနည်းချက်ကနေ အသာရနိုင်မယ်လို့ မျှော်လင့်နေကြသလို စပါးစ်နဲ့ပွဲမှာ အမှတ်လျော့ထားမှုကို နိုင်ပွဲနဲ့ ဖာထေးနိုင်ဖို့ စိတ်ကူးယဉ်နေကြပြီး သူတို့ရဲ့ ဒဏ်ရာရ ကစားသမားတွေလည်း အဲ့ဒီပွဲမှာ လူစုံနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မန်စီးတီးတို့အတွက်တော့ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဝုလ်ဗ်စ်အသင်းကနေ မက်သီယူးစ် နူးနက်စ်ကို ခေါ်ယူလိုက်နိုင်ခဲ့တာက ရိုဒရီရဲ့ ပွဲပယ်မှုကို အနည်းနဲ့ အများ သက်သာရာရစေနိုင်ပြီး အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီသားအနေနဲ့ ကွင်းလယ်ကို ဦးဆောင်နိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ႐ိုဒရီဂို ဟာနန္ဒက္ဇ္ကို ၿပီးခဲ့တဲ့ ေနာ့တင္ဟမ္ေဖာရက္စ္နဲ႔ ပြဲစဥ္က အနီကတ္ေၾကာင့္ သုံးပြဲအထိ ဆုံးရႈံးရေတာ့မွာျဖစ္ၿပီး လာမယ့္ နယူးကာဆယ္လ္နဲ႔ ကာရာေဘာင္းဖလားပြဲစဥ္အျပင္ ဝုလ္ဗာဟမ့္ပ္တန္၊ အာဆင္နယ္တို႔နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္မွာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ စပိန္သားအေနနဲ႔ ေဖာရက္စ္ကြင္းလယ္လူ ေမာ္ဂန္ ဂစ္ဘ္စ္-ဝႈိက္ကို လည္ပင္းကေန ေဆာင့္တြန္းခဲ့လို႔ သုံးပြဲအပယ္ခံခဲ့ရမႈကို မန္စီးတီး တာဝန္ရွိသူေတြဘက္က ေစာဒကတက္လို႔ ပိုဆိုးလာႏိုင္တဲ့ အေျခအေနအျဖစ္ ရႈျမင္ထားၿပီး ပြဲပယ္မႈကို အယူခံတင္သြင္းမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

နည္းျပ ပက္ပ္ ဂြါဒီယိုလာကေတာ့ ႐ိုဒရီအေနနဲ႔ ဒီအျဖစ္က သင္ခန္းစာယူႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာသြားခဲ့ၿပီး သူတို႔ေတြအေနနဲ႔ ဒီပြဲမွာ ပထမ ၃၅ မိနစ္ကိုသာ ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္လို႔ ေထာက္ျပသြားခဲ့သလို က်န္တဲ့ ပြဲေတြခ်ိန္ကေတာ့ အလကားပဲလို႔ အသင္းသားေတြရဲ႕ ကစားပုံေတြကိုလည္း ေဝဖန္သြားခဲ့တာပါ။

႐ိုဒရီရဲ႕ ပြဲပယ္သတင္းေၾကာင့္ အေပ်ာ္ဆုံးျဖစ္မယ့္သူေတြကေတာ့ အာဆင္နယ္ပရိသတ္ေတြပဲျဖစ္ၿပီး သူတို႔နဲ႔ေတြ႕မယ့္ အိမ္ကြင္းပြဲစဥ္မွာ ဒီအားနည္းခ်က္ကေန အသာရႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကသလို စပါးစ္နဲ႔ပြဲမွာ အမွတ္ေလ်ာ့ထားမႈကို ႏိုင္ပြဲနဲ႔ ဖာေထးႏိုင္ဖို႔ စိတ္ကူးယဥ္ေနၾကၿပီး သူတို႔ရဲ႕ ဒဏ္ရာရ ကစားသမားေတြလည္း အဲ့ဒီပြဲမွာ လူစုံႏိုင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

မန္စီးတီးတို႔အတြက္ေတာ့ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ ဝုလ္ဗ္စ္အသင္းကေန မက္သီယူးစ္ ႏူးနက္စ္ကို ေခၚယူလိုက္ႏိုင္ခဲ့တာက ႐ိုဒရီရဲ႕ ပြဲပယ္မႈကို အနည္းနဲ႔ အမ်ား သက္သာရာရေစႏိုင္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေပၚတူဂီသားအေနနဲ႔ ကြင္းလယ္ကို ဦးေဆာင္ႏိုင္ဖြယ္ရွိေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.