La Liga Match Report

ကလေးဆန်တဲ့အမှားတွေကြောင့် ၆ ပွဲဆက်နိုင်ပွဲရပ်တန့်ခဲ့ရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ယခုရာသီ လာလီဂါမှာ ရှုံးပွဲမရှိသေးပေမယ့်လည်း အင်္ဂါနေ့ညနေမှာတော့ မာယော့ကာနဲ့ ၂-၂ သရေကျခဲ့ပြီးနောက် ၆ ပွဲဆက် နိုင်ပွဲစံချိန်ကတော့ ရပ်တန့်သွားခဲ့ရပြီ ဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ဗီဒတ် မူရီကီနဲ့ အက်ဘ်ဒွန် ပရတ်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ကြိမ်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဘာစီလိုနာအတွက် ရာဖင်ညာနဲ့ ဖာမင် လိုပက်ဇ်တို့က ၂ ကြိမ်စလုံးကို ပြန်လည် ချေပပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအတွက်တော့ စိတ်ပျက်စရာ ညနေခင်း ဖြစ်ခဲ့ပြီး နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ပွဲအပြီးမှာ မီဒီယာတွေကို ၎င်းရဲ့အသင်းက အနိုင်ရခဲ့သင့်တဲ့ပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း မိနစ် ၉၀ စလုံးမှာ အမှားတွေ အများကြီး လုပ်ခဲ့မိတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“ဒါက မလုံလောက်တဲ့ရမှတ်ပါ။ အဲဒါကလည်း ကျွန်တော်တို့ရဲ့ အမှားကြောင့်ပါ။ သူတို့သွင်းခဲ့တဲ့ ဒုတိယဂိုးက ကလေးဆန်တဲ့အမှားကြောင့် ပေးခဲ့ရတာပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဇာဗီအနေနဲ့ မာယော့ကာရဲ့ ပထမဆုံးသွင်းဂိုးဟာ ခံစစ်ပိုင်းမှာ ရှုပ်ထွေးခဲ့ရာကနေ ပေးခဲ့ရသလို ဒုတိယဂိုးကလည်း အဝေးဘောကနေ ပေးခဲ့ရတာကြောင့် ဒေါသထွက်ခဲ့မှာ ကျိန်းသေပါတယ်။

ဘာစီလိုနာအနေနဲ့ နိုင်ပွဲ လျင်လျင်မြန်မြန် ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး သောကြာနေ့ အိုလံပစ်ကွင်းမှာ ဆီဗီလာကို ရင်ဆိုင်သွားရမှာ ဖြစ်ပေမယ့်လည်း ဆီဗီလာဟာ အင်္ဂါနေ့က အလွန်ကောင်းမွန်တဲ့ နိုင်ပွဲကြောင့် ယုံကြည်ချက် မြင့်မားစွာနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ ယခုရာသီ လာလီဂါမွာ ရႈံးပြဲမရွိေသးေပမယ့္လည္း အဂၤါေန႔ညေနမွာေတာ့ မာေယာ့ကာနဲ႔ ၂-၂ သေရက်ခဲ့ၿပီးေနာက္ ၆ ပြဲဆက္ ႏိုင္ပြဲစံခ်ိန္ကေတာ့ ရပ္တန႔္သြားခဲ့ရၿပီ ျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ဗီဒတ္ မူရီကီနဲ႔ အက္ဘ္ဒြန္ ပရတ္စ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂ ႀကိမ္အထိ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဘာစီလိုနာအတြက္ ရာဖင္ညာနဲ႔ ဖာမင္ လိုပက္ဇ္တို႔က ၂ ႀကိမ္စလုံးကို ျပန္လည္ ေခ်ပေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ေတာ့ စိတ္ပ်က္စရာ ညေနခင္း ျဖစ္ခဲ့ၿပီး နည္းျပ ဇာဗီ ဟာနန္ဒက္ဇ္က ပြဲအၿပီးမွာ မီဒီယာေတြကို ၎ရဲ႕အသင္းက အႏိုင္ရခဲ့သင့္တဲ့ပြဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း မိနစ္ ၉၀ စလုံးမွာ အမွားေတြ အမ်ားႀကီး လုပ္ခဲ့မိတယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

“ဒါက မလုံေလာက္တဲ့ရမွတ္ပါ။ အဲဒါကလည္း ကြၽန္ေတာ္တို႔ရဲ႕ အမွားေၾကာင့္ပါ။ သူတို႔သြင္းခဲ့တဲ့ ဒုတိယဂိုးက ကေလးဆန္တဲ့အမွားေၾကာင့္ ေပးခဲ့ရတာပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး ဇာဗီအေနနဲ႔ မာေယာ့ကာရဲ႕ ပထမဆုံးသြင္းဂိုးဟာ ခံစစ္ပိုင္းမွာ ရႈပ္ေထြးခဲ့ရာကေန ေပးခဲ့ရသလို ဒုတိယဂိုးကလည္း အေဝးေဘာကေန ေပးခဲ့ရတာေၾကာင့္ ေဒါသထြက္ခဲ့မွာ က်ိန္းေသပါတယ္။

ဘာစီလိုနာအေနနဲ႔ ႏိုင္ပြဲ လ်င္လ်င္ျမန္ျမန္ ျပန္လည္ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ေသာၾကာေန႔ အိုလံပစ္ကြင္းမွာ ဆီဗီလာကို ရင္ဆိုင္သြားရမွာ ျဖစ္ေပမယ့္လည္း ဆီဗီလာဟာ အဂၤါေန႔က အလြန္ေကာင္းမြန္တဲ့ ႏိုင္ပြဲေၾကာင့္ ယုံၾကည္ခ်က္ ျမင့္မားစြာနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.