Carabao & FA Match Report

ချန်ပီယံမှန်းသိအောင် ပဲလေ့စ်ကို အပြုတ်ဖြုတ်ပြီး အမောက်ထောင်ပြတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂါနေ့ညနေက ပရီးမီးယားလိဂ်ပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ်ကို ကာရာဘောင်းဖလား တတိယအဆင့်မှာ ၃-၀ နဲ့ အနိုင်ရယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် စတုတ္ထအဆင့်ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

အလက်ဟန်းဒရိုး ဂါနာချို၊ ကာစီမီရို၊ အန်သိုနီ မာစီယယ်လ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်က နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒီပြိုင်ပွဲမှာ အသင်းကို အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့မှာ ခရစ္စတယ် ပဲလေ့စ်ကိုပဲ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထပ်မံ ဧည့်ခံရဦးမှာဖြစ်ပြီး လင်းယုန်တွေကို ၂ ပွဲဆက်တိုက် နိုင်ပွဲရယူဖို့ ရည်မှန်းထားမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ညနေ ကာရာဘောင်းဖလား တတိယအဆင့် ပွဲကစားချိန် အဖွင့် ၁၀ မိနစ်ဟာ တော်တော်လေး ပျင်းစရာကောင်းခဲ့ပြီး အမ်မရာဘတ် ဂိုးသွင်းခွင့် ရခဲ့တာတစ်ခုပဲ ရင်ခုန်စရာရှိခဲ့ပေမယ့်လည်း မော်ရိုကိုကြယ်ပွင့်ရဲ့ ၂၂ ကိုက်အကွာကနေ ဆိုးရွားတဲ့ကန်ချက်က ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်အတွက် နစ်နာစရာဖြစ်ခဲ့တာက ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဆမ် ဂျွန်စတုန်း ဝင်လာပြီးနောက် ၂၁ မိနစ်မှာ ဂါနာချိုက ဒါလော့တ်ရဲ့ အနိမ့်ဘော ပေးပို့မှုကို လျှောထိုး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ မေဆန် မောင့်ရဲ့ ထောင့်ကန်ဘောကနေ ကန်တင်ပေးပို့မှုကို ကာစီမီရိုက ခေါင်းတိုက်သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်အတွက် ယခုရာသီ ၄ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ လွှမ်းမိုးမှုဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ဆက်လက် မြင်တွေ့ခဲ့ရပြီး မာစီယယ်လ်က ၅၅ မိနစ်မှာ ကာစီမီရိုရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုအပြီးမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ပွဲကစားချိန် မိနစ် ၆၀ မှာ အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး အီဘရယ်ချီ အီဇီရဲ့ အထင်ကြီးဖွယ် ကစားပုံအပြီး ဂျင်း-ဖိလစ် မာတီတာရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို အန်ဒရီ အိုနာနာက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂျွန်နီ အီဗန်စ်ဟာ မန်ျခက်စတာယူနိုက်တက်အတွက် နောက်ထပ် ဦးဆောင်ဂိုး ရယူပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ခေါင်းတိုက်ချက်ကို ဂျွန် စတုန်းက ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပြီး လင်းယုန်တွေဟာ နောက်ကျ နှစ်သိမ့်ဂိုးရရှိဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း အိုနာနာကပဲ ၂ ဆင့်ကာကွယ်မှု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ အဂၤါေန႔ညေနက ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ခရစၥတယ္ ပဲေလ့စ္ကို ကာရာေဘာင္းဖလား တတိယအဆင့္မွာ ၃-၀ နဲ႔ အႏိုင္ရယူၿပီး ခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔အတြက္ စတုတၳအဆင့္ကို တက္လွမ္းသြားခဲ့ၿပီျဖစ္ပါတယ္။

အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳ၊ ကာစီမီ႐ို၊ အန္သိုနီ မာစီယယ္လ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္က ႏိုင္ပြဲ ရရွိခဲ့တာျဖစ္ၿပီး အဲရစ္ တန္ဟက္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဒီၿပိဳင္ပြဲမွာ အသင္းကို ေအာင္ျမင္မႈ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔မွာ ခရစၥတယ္ ပဲေလ့စ္ကိုပဲ အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ထပ္မံ ဧည့္ခံရဦးမွာျဖစ္ၿပီး လင္းယုန္ေတြကို ၂ ပြဲဆက္တိုက္ ႏိုင္ပြဲရယူဖို႔ ရည္မွန္းထားမွာ ျဖစ္ပါတယ္။

အဂၤါေန႔ညေန ကာရာေဘာင္းဖလား တတိယအဆင့္ ပြဲကစားခ်ိန္ အဖြင့္ ၁၀ မိနစ္ဟာ ေတာ္ေတာ္ေလး ပ်င္းစရာေကာင္းခဲ့ၿပီး အမ္မရာဘတ္ ဂိုးသြင္းခြင့္ ရခဲ့တာတစ္ခုပဲ ရင္ခုန္စရာရွိခဲ့ေပမယ့္လည္း ေမာ္႐ိုကိုၾကယ္ပြင့္ရဲ႕ ၂၂ ကိုက္အကြာကေန ဆိုး႐ြားတဲ့ကန္ခ်က္က ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ခရစၥတယ္ ပဲေလ့စ္အတြက္ နစ္နာစရာျဖစ္ခဲ့တာက ယခုေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဆမ္ ဂြၽန္စတုန္း ဝင္လာၿပီးေနာက္ ၂၁ မိနစ္မွာ ဂါနာခ်ိဳက ဒါေလာ့တ္ရဲ႕ အနိမ့္ေဘာ ေပးပို႔မႈကို ေလွ်ာထိုး အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၆ မိနစ္အၾကာမွာပဲ မန္ခ်က္စတာယူႏိုက္တက္ဟာ ေမဆန္ ေမာင့္ရဲ႕ ေထာင့္ကန္ေဘာကေန ကန္တင္ေပးပို႔မႈကို ကာစီမီ႐ိုက ေခါင္းတိုက္သြင္းယူၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္အတြက္ ယခုရာသီ ၄ ဂိုးေျမာက္ သြင္းဂိုးျဖစ္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လႊမ္းမိုးမႈဟာ ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာလည္း ဆက္လက္ ျမင္ေတြ႕ခဲ့ရၿပီး မာစီယယ္လ္က ၅၅ မိနစ္မွာ ကာစီမီ႐ိုရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈအၿပီးမွာ သြင္းယူခဲ့တာျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာ ပြဲကစားခ်ိန္ မိနစ္ ၆၀ မွာ အခြင့္အေရး တစ္ႀကိမ္ ရရွိခဲ့ၿပီး အီဘရယ္ခ်ီ အီဇီရဲ႕ အထင္ႀကီးဖြယ္ ကစားပုံအၿပီး ဂ်င္း-ဖိလစ္ မာတီတာရဲ႕ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို အန္ဒရီ အိုနာနာက အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဂြၽန္နီ အီဗန္စ္ဟာ မန္်ခက္စတာယူႏိုက္တက္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရယူေပးႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ၎ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂြၽန္ စတုန္းက ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ၿပီး လင္းယုန္ေတြဟာ ေနာက္က် ႏွစ္သိမ့္ဂိုးရရွိဖို႔ အခြင့္အေရး ရခဲ့ေပမယ့္လည္း အိုနာနာကပဲ ၂ ဆင့္ကာကြယ္မႈ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.