Match Report Premier League

ကပ်နိုင်ရုံပဲလို့ ထင်တဲ့ပွဲမှာ ရှက်ဖီးလ်ကို ရှစ်ဂိုးသွတ်လိုက်တဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ အန်ဒါဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဟာဗီ ဘန်းစ်နဲ့ ဝီလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ အာမက်ဟော့ဂျစ်ချ်၊ အီဂန်နဲ့ ရောဘင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဗီနီးရှပ်စ် ဆူဇာ၊ နော်ဝုဒ်၊ ဟေမာ၊ ဘိုဂယ်လ်နဲ့ သောမတ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက္ကာတီးနဲ့ အာချာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ချန်ပီယံလိဂ်မှာ အေစီမီလန်နဲ့ပွဲက ကစားပုံက အထင်ကြီးစရာ မရှိခဲ့လို့ မန်စီးတီးကိုတောင် အသည်းအသန်လုပ်ထားခဲ့တဲ့ ရှက်ဖီးလ်ဒ်တို့ကွင်းမှာ ငှက်ကျားတွေ ဂိုးပြတ်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပေမယ့် သူတို့တွေအနေနဲ့ ထင်တာထက် ပိုကောင်းနေခဲ့ကြပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ ဒဏ်ရာကြောင့် ဂေါ်ဒန်နဲ့ လူလဲခံခဲ့ရတဲ့ ဘန်းစ်ကတော့ ရှစ်ဂိုး စတုဒီသာမှာ ပါဝင်ခွင့် မရဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ နယူးကာဆယ်လ်တို့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဒန်ဘန်း မြှောက်ပေးတဲ့ လက်ပစ်ဘောကနေ ဂေါ်ဒန်က ရယူပြီး ဂိုးစည်းနားမှာ တစ်ချက်ပြန်ခေါက်ပြီးမှာ ဂိုးရှေ့ကို ချိုးပေးခဲ့ရာမှာ လောင်းစတပ်ဖ်က ဘယ်ခြေနဲ့ အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာကြောင့် ဧည့်သည် ငှက်ကျားတွေ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ ငှက်ကျားတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ထရစ်ပီယာက ကန်တင်ပေးခဲ့ရာမှာ ရှက်ဖီးလ်ဒ်နောက်ခံလူတွေ မဖျက်နိုင်ဘဲ ကျော်ကျလာတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ စောင့်နေတဲ့ ဒန်ဘန်းက ဒိုက်ဗင်ထိုးပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာလည်း ငှက်ကျားတွေပဲ တည်ကန်ဘောကနေ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြန်သလို ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ ထရစ်ပီယာကပဲ ဖြတ်တင်ပေးခဲ့ရာမှာ နောက်ခံလူ ဘော့တ်မန်က ရှက်ဖီးလ်ဒ်နောက်ခံလူတွေကြားကနေ မြေထောက်ခေါင်းတိုက်ချက်နဲ့ ဂိုးသမား ဖိုဒါရင်ဟမ်ကို အနိုင်ယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာ နယူးကာဆယ်လ်တို့အတွက် စတုတ္ထဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဆွဲတက်လာခဲ့တဲ့ ရှားရဲ့ ညာတောင်ပံကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ထရစ်ပီယာက ဂိုးရှေ့ကို အသာမ,တင်ပေးခဲ့ရာမှာ မာကင်လွတ်နေခဲ့တဲ့ တိုက်စစ်မှူး ဝီလ်ဆန်က အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ပဉ္စမမြောက်ဂိုးကို နယူးကာဆယ်လ်တို့ ဆက်လက်သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာခဲ့တဲ့ အန်ဒါဆန်က ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ ဂေါ်ဒန်က အတွင်းကို ပြန်ဆွဲဝင်ပြီး ဧရိယာထိပ်ကနေ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းခဲ့တာက ဂိုးသမား ဖိုဒါရင်ဟမ် ကာကွယ်ပုံနောက်ကျနေခဲ့တာကြောင့် ဂိုးဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ဒီလောက်တောင် ဂိုးတွေ ပေါပေါများများ ရနေချိန်မှာ သူလည်း ပါမှဖြစ်မယ်ဆိုပြီး ဂိုးပေါက်ပျောက်တာ ကြာနေတဲ့ အယ်လ်မီရွန်က ပါဝင်အားပေးနိုင်ခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘရူနို ဂီမာရိုင်းစ်နဲ့ အပေးအယူလုပ်ပြီး ရှက်ဖီးလ်ဒ်ခံစစ်ကို ကျော်ဖြတ်သွားခဲ့တဲ့ ပါရာဂွေးသားက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ငှက်ကျားတွေပဲ သတ္တမမြောက်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ဝီလ်ဆန်အစား ဝင်လာခဲ့တဲ့ အီဆက်ခ်ကို တားဆီးရင်း ဧရိယာထဲမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို လောင်းစတပ်ဖ်က ကန်သွင်းခဲ့တာက ရှက်ဖီးလ်ဒ်ခံစစ်နဲ့ ထိပြီး ညာဘက်ကို ကျလာခဲ့တဲ့ ဘောလုံးကို ဘရူနို ဂီမာရိုင်းစ်က ထပ်ဆင့်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဋ္ဌမမြောက်သွင်းဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ရှက်ဖီးလ်ဒ်ခံစစ်က နောက်ပြန် ခေါင်းတိုက်ပေးတာကို ဖြတ်ယူနိုင်ခဲ့တဲ့ အီဆက်ခ်က လျှောထိုးပိတ်ဆို့ဖို့ ကြိုးစားတဲ့ ရော်ဘင်ဆန်ကို တစ်ချက်ခေါက်ပြီးမှ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က ရှက်ဖီးလ်ဒ်တို့ကို ရှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး သူတို့တွေရဲ့ ဂိုးသွင်းအမြင့်ဆုံးစံချိန်နဲ့ တူညီတဲ့ မှတ်တမ်းကို ထပ်မံရရှိသွားခဲ့ကြသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အဆင့် ၈ နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ ရှက်ဖီးလ်ဒ်တို့ကတော့ ရမှတ် ၁ မှတ်၊ ဂိုးကွာခြားချက် အနုတ် ၁၂ နဲ့ ဘန်လေရဲ့အောက် အဆင့် ၂၀ ကို ထိုးဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ထရစ္ပီယာ၊ ရွား၊ ေဘာ့တ္မန္နဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ အန္ဒါဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ဟာဗီ ဘန္းစ္နဲ႔ ဝီလ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းကေတာ့ ဂိုးသမား ဖိုဒါရင္ဟမ္၊ ခံစစ္မွာ အာမက္ေဟာ့ဂ်စ္ခ်္၊ အီဂန္နဲ႔ ေရာဘင္ဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗီနီးရွပ္စ္ ဆူဇာ၊ ေနာ္ဝုဒ္၊ ေဟမာ၊ ဘိုဂယ္လ္နဲ႔ ေသာမတ္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မကၠာတီးနဲ႔ အာခ်ာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ခ်န္ပီယံလိဂ္မွာ ေအစီမီလန္နဲ႔ပြဲက ကစားပုံက အထင္ႀကီးစရာ မရွိခဲ့လို႔ မန္စီးတီးကိုေတာင္ အသည္းအသန္လုပ္ထားခဲ့တဲ့ ရွက္ဖီးလ္ဒ္တို႔ကြင္းမွာ ငွက္က်ားေတြ ဂိုးျပတ္မယ္လို႔ ဘယ္သူကမွ မထင္ခဲ့ၾကေပမယ့္ သူတို႔ေတြအေနနဲ႔ ထင္တာထက္ ပိုေကာင္းေနခဲ့ၾကၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ဒဏ္ရာေၾကာင့္ ေဂၚဒန္နဲ႔ လူလဲခံခဲ့ရတဲ့ ဘန္းစ္ကေတာ့ ရွစ္ဂိုး စတုဒီသာမွာ ပါဝင္ခြင့္ မရဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ဒန္ဘန္း ေျမႇာက္ေပးတဲ့ လက္ပစ္ေဘာကေန ေဂၚဒန္က ရယူၿပီး ဂိုးစည္းနားမွာ တစ္ခ်က္ျပန္ေခါက္ၿပီးမွာ ဂိုးေရွ႕ကို ခ်ိဳးေပးခဲ့ရာမွာ ေလာင္းစတပ္ဖ္က ဘယ္ေျခနဲ႔ အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာေၾကာင့္ ဧည့္သည္ ငွက္က်ားေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ငွက္က်ားတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ထရစ္ပီယာက ကန္တင္ေပးခဲ့ရာမွာ ရွက္ဖီးလ္ဒ္ေနာက္ခံလူေတြ မဖ်က္ႏိုင္ဘဲ ေက်ာ္က်လာတဲ့ ေဘာလုံးကို အေဝးတိုင္ဘက္မွာ ေစာင့္ေနတဲ့ ဒန္ဘန္းက ဒိုက္ဗင္ထိုးၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာလည္း ငွက္က်ားေတြပဲ တည္ကန္ေဘာကေန တတိယ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ျပန္သလို ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကေန ထရစ္ပီယာကပဲ ျဖတ္တင္ေပးခဲ့ရာမွာ ေနာက္ခံလူ ေဘာ့တ္မန္က ရွက္ဖီးလ္ဒ္ေနာက္ခံလူေတြၾကားကေန ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသမား ဖိုဒါရင္ဟမ္ကို အႏိုင္ယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၆ မိနစ္မွာ နယူးကာဆယ္လ္တို႔အတြက္ စတုတၳဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဆြဲတက္လာခဲ့တဲ့ ရွားရဲ႕ ညာေတာင္ပံကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို ထရစ္ပီယာက ဂိုးေရွ႕ကို အသာမ,တင္ေပးခဲ့ရာမွာ မာကင္လြတ္ေနခဲ့တဲ့ တိုက္စစ္မႉး ဝီလ္ဆန္က အနီးကပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ပၪၥမေျမာက္ဂိုးကို နယူးကာဆယ္လ္တို႔ ဆက္လက္သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးရလာခဲ့တဲ့ အန္ဒါဆန္က ဘယ္ေတာင္ပံကို ခင္းေပးခဲ့ရာမွာ ေဂၚဒန္က အတြင္းကို ျပန္ဆြဲဝင္ၿပီး ဧရိယာထိပ္ကေန အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းခဲ့တာက ဂိုးသမား ဖိုဒါရင္ဟမ္ ကာကြယ္ပုံေနာက္က်ေနခဲ့တာေၾကာင့္ ဂိုးျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ဒီေလာက္ေတာင္ ဂိုးေတြ ေပါေပါမ်ားမ်ား ရေနခ်ိန္မွာ သူလည္း ပါမွျဖစ္မယ္ဆိုၿပီး ဂိုးေပါက္ေပ်ာက္တာ ၾကာေနတဲ့ အယ္လ္မီ႐ြန္က ပါဝင္အားေပးႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘ႐ူႏို ဂီမာ႐ိုင္းစ္နဲ႔ အေပးအယူလုပ္ၿပီး ရွက္ဖီးလ္ဒ္ခံစစ္ကို ေက်ာ္ျဖတ္သြားခဲ့တဲ့ ပါရာေဂြးသားက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ငွက္က်ားေတြပဲ သတၱမေျမာက္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ဝီလ္ဆန္အစား ဝင္လာခဲ့တဲ့ အီဆက္ခ္ကို တားဆီးရင္း ဧရိယာထဲမွာ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေလာင္းစတပ္ဖ္က ကန္သြင္းခဲ့တာက ရွက္ဖီးလ္ဒ္ခံစစ္နဲ႔ ထိၿပီး ညာဘက္ကို က်လာခဲ့တဲ့ ေဘာလုံးကို ဘ႐ူႏို ဂီမာ႐ိုင္းစ္က ထပ္ဆင့္ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အ႒မေျမာက္သြင္းဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ရွက္ဖီးလ္ဒ္ခံစစ္က ေနာက္ျပန္ ေခါင္းတိုက္ေပးတာကို ျဖတ္ယူႏိုင္ခဲ့တဲ့ အီဆက္ခ္က ေလွ်ာထိုးပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ေရာ္ဘင္ဆန္ကို တစ္ခ်က္ေခါက္ၿပီးမွ ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ နယူးကာဆယ္လ္တို႔က ရွက္ဖီးလ္ဒ္တို႔ကို ရွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး သူတို႔ေတြရဲ႕ ဂိုးသြင္းအျမင့္ဆုံးစံခ်ိန္နဲ႔ တူညီတဲ့ မွတ္တမ္းကို ထပ္မံရရွိသြားခဲ့ၾကသလို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ အဆင့္ ၈ ေနရာကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ ရွက္ဖီးလ္ဒ္တို႔ကေတာ့ ရမွတ္ ၁ မွတ္၊ ဂိုးကြာျခားခ်က္ အႏုတ္ ၁၂ နဲ႔ ဘန္ေလရဲ႕ေအာက္ အဆင့္ ၂၀ ကို ထိုးဆင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.