Premier League

ပရီးမီးယားလိဂ်အသင်းကြီးက လာမယ့် ၁၀ ပွဲအထိ နိုင်ပွဲမရနိုင်ဘူးလို့ ထင်နေတဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က ချဲလ်ဆီးအနေနဲ့ နည်းပြ ပိုချက်တီနို လက်အောက်မှာ ရာသီကို စိတ်ပျက်ဖွယ် စတင်ခဲ့ပြီးနောက် လာမယ့် ပွဲစဥ် ၁၀ ပွဲအထိ နိုင်ပွဲမရနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ယခုရာသီပရီးမီးယားလိဂ်အဖွင့် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီနိုင်ပွဲဟာ ယခုရာသီမှာ ၁ မှတ်သာ ရသေးတဲ့ တန်းတက် လူတန်တောင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အနောက်လန်ဒန်ကလပ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညနေမှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ကစားပြီးနောက်မှာ အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်၊ ဘန်လေတို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်တွေအပြီးမှာတော့ အနိုင်ရဖို့ ခက်ခဲတဲ့ အာဆင်နယ်၊ ဘရန့်တ်ဖို့ဒ်၊ စပါးစ်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်၊ ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

“ခင်ဗျား ချဲလ်ဆီးပွဲစဉ်ဇယားကို ကြည့်လိုက်ရင် သူတို့အတွက် စိုးရိမ်မိမှာပါ။ လာမယ့် ၁၀ ပွဲက သူတို့ရဲ့ ရာသီအတွက် အရမ်းကို အရေးကြီးပါတယ်။ ခင်ဗျား အသက်တောင်ရှူချိန်ရမှာမဟုတ်ပါဘူး။ အဲဒီကာလက သူတို့တွေ နိုင်ပွဲရမလားဆိုတာကို ခင်ဗျား တကယ် မသိနိုင်တဲ့အချိန်ပါ။ အဲဒီတော့ ဗုဒ္ဓဟူးနေ့က ကြီးမားတဲ့ပွဲပါ။ သူတို့တွေ ဒီပွဲမှာ အနိုင်ရရင် သူတို့တွေ နောက်ဆုံး ၂၄ ပွဲမှာ ၃ ပွဲအနိုင်ရတာ ဖြစ်ပါလိမ့်မယ်။ တစ်ပွဲက လူတန်ကို အနိုင်ရခဲ့တာဖြစ်ပြီး နောက်တစ်ပွဲအနိုင်ရမယ့်အချိန်က ဘယ်အချိန်လဲဆိုတာ ခင်ဗျား မသိနိုင်ပါဘူး။ တစ်ပွဲက ဖလားပွဲမှာ ဝင်ဘယ်ဒန်ကို အနိုင်ရခဲ့တာပါ။ နောက်တစ်ပွဲက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို အနိုင်ရခဲ့တာပါ။ ဒါပေမယ့် ဘုန်းမောက် တန်းမဆင်းရဖို့ လုံလောက်တဲ့ ရမှတ်တွေ ရပြီးတဲ့နောက်မှာ ကစားခဲ့ရတာပါ”

“မူရီဆီယို ပိုချက်တီနီုက ထွက်လာပြီးတော့ အဲဒါက လုပ်ငန်းစဉ်ပါ။ ခင်ဗျား စိတ်ရှည်သည်းခံရပါမယ်လို့တောင် အခု ပြောနေတယ်။ နည်းပြတစ်ယောက်က အဲဒီလို စကားမျိုး ပြောလာပြီဆိုရင် သူတို့တွေစပြီးတော့ နည်းနည်း စိတ်လှုပ်ရှားနေပြီဆိုတာကို ပြနေတာပဲ။ သူက အဲဒီလိုဖြစ်နေတယ်ဆိုတာတောင် မတွေးမိတော့ပါဘူး။ သူက အဲဒီလို ပြောခဲ့ပြီးပြီဆိုရင်တော့ ဒါက စိုးရိမ်စရာပဲ။ သူ အဲဒီစိတ်ရှည်သည်းခံမှုနဲ့ အချိန်ကို ရနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့မှာ ဒဏ်ရာပြဿနာတွေလည်း ရှိနေတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ စိုးရိမ်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ မာဆန္က ခ်ဲလ္ဆီးအေနနဲ႔ နည္းျပ ပိုခ်က္တီႏို လက္ေအာက္မွာ ရာသီကို စိတ္ပ်က္ဖြယ္ စတင္ခဲ့ၿပီးေနာက္ လာမယ့္ ပြဲစဥ္ ၁၀ ပြဲအထိ ႏိုင္ပြဲမရႏိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ယခုရာသီပရီးမီးယားလိဂ္အဖြင့္ ၆ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အဲဒီႏိုင္ပြဲဟာ ယခုရာသီမွာ ၁ မွတ္သာ ရေသးတဲ့ တန္းတက္ လူတန္ေတာင္းကို အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ အေနာက္လန္ဒန္ကလပ္အသင္းဟာ ဗုဒၶဟူးေန႔ညေနမွာ ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ ဘ႐ိုက္တန္နဲ႔ ကစားၿပီးေနာက္မွာ အေရးႀကီးတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဖူလ္ဟမ္၊ ဘန္ေလတို႔နဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။

အဲဒီပြဲစဥ္ေတြအၿပီးမွာေတာ့ အႏိုင္ရဖို႔ ခက္ခဲတဲ့ အာဆင္နယ္၊ ဘရန႔္တ္ဖို႔ဒ္၊ စပါးစ္၊ မန္စီးတီး၊ နယူးကာဆယ္၊ ဘ႐ိုက္တန္၊ ၿပီးတဲ့ေနာက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

“ခင္ဗ်ား ခ်ဲလ္ဆီးပြဲစဥ္ဇယားကို ၾကည့္လိုက္ရင္ သူတို႔အတြက္ စိုးရိမ္မိမွာပါ။ လာမယ့္ ၁၀ ပြဲက သူတို႔ရဲ႕ ရာသီအတြက္ အရမ္းကို အေရးႀကီးပါတယ္။ ခင္ဗ်ား အသက္ေတာင္ရႉခ်ိန္ရမွာမဟုတ္ပါဘူး။ အဲဒီကာလက သူတို႔ေတြ ႏိုင္ပြဲရမလားဆိုတာကို ခင္ဗ်ား တကယ္ မသိႏိုင္တဲ့အခ်ိန္ပါ။ အဲဒီေတာ့ ဗုဒၶဟူးေန႔က ႀကီးမားတဲ့ပြဲပါ။ သူတို႔ေတြ ဒီပြဲမွာ အႏိုင္ရရင္ သူတို႔ေတြ ေနာက္ဆုံး ၂၄ ပြဲမွာ ၃ ပြဲအႏိုင္ရတာ ျဖစ္ပါလိမ့္မယ္။ တစ္ပြဲက လူတန္ကို အႏိုင္ရခဲ့တာျဖစ္ၿပီး ေနာက္တစ္ပြဲအႏိုင္ရမယ့္အခ်ိန္က ဘယ္အခ်ိန္လဲဆိုတာ ခင္ဗ်ား မသိႏိုင္ပါဘူး။ တစ္ပြဲက ဖလားပြဲမွာ ဝင္ဘယ္ဒန္ကို အႏိုင္ရခဲ့တာပါ။ ေနာက္တစ္ပြဲက ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ဘုန္းေမာက္ကို အႏိုင္ရခဲ့တာပါ။ ဒါေပမယ့္ ဘုန္းေမာက္ တန္းမဆင္းရဖို႔ လုံေလာက္တဲ့ ရမွတ္ေတြ ရၿပီးတဲ့ေနာက္မွာ ကစားခဲ့ရတာပါ”

“မူရီဆီယို ပိုခ်က္တီႏီုက ထြက္လာၿပီးေတာ့ အဲဒါက လုပ္ငန္းစဥ္ပါ။ ခင္ဗ်ား စိတ္ရွည္သည္းခံရပါမယ္လို႔ေတာင္ အခု ေျပာေနတယ္။ နည္းျပတစ္ေယာက္က အဲဒီလို စကားမ်ိဳး ေျပာလာၿပီဆိုရင္ သူတို႔ေတြစၿပီးေတာ့ နည္းနည္း စိတ္လႈပ္ရွားေနၿပီဆိုတာကို ျပေနတာပဲ။ သူက အဲဒီလိုျဖစ္ေနတယ္ဆိုတာေတာင္ မေတြးမိေတာ့ပါဘူး။ သူက အဲဒီလို ေျပာခဲ့ၿပီးၿပီဆိုရင္ေတာ့ ဒါက စိုးရိမ္စရာပဲ။ သူ အဲဒီစိတ္ရွည္သည္းခံမႈနဲ႔ အခ်ိန္ကို ရႏိုင္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ သူတို႔မွာ ဒဏ္ရာျပႆနာေတြလည္း ရွိေနတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ စိုးရိမ္ပါတယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.