Premier League

အချိန်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အချိန်ဘယ်လောက်ရမလဲ အပြောခံခဲ့ရတဲ့ ပိုချက်တီနို

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က မူရီဆီယို ပိုချက်တီနိုအနေနဲ့ နည်းပြအလုပ်ကနေ မပြုတ်ဖို့အတွက် လာမယ့် ပွဲစဉ် ၂ ပွဲကို ချဲလ်ဆီးအသင်း မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်တယ်လို့ ခံစားနေရပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြဟာ ယခုနွေရာသီမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီ အဆင့် ၁၂ နေရာမှာ ရာသီပြီးဆုံးခဲ့ရတဲ့အသင်းရဲ့ ကံကြမ္မာကို အပြောင်းအလဲ ပြုလုပ်ပေးဖို့ တာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုအတွက် လက်ရှိအချိန်အထိ ခက်ခဲကြမ်းတမ်းတဲ့ ကာလကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ချဲလ်ဆီးဟာ ယခုရာသီ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားတာဖြစ်ပါတယ်။

နောက်ဆုံး စတမ်းဖို့ဒ် ဘရစ်ချ်မှာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အက်စတန် ဗီလာနဲ့ပွဲမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာ ပိုချက်တီနိုက အသင်းတာဝန်ရှိသူတွေကို အချိန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပြီး အဲဒီပွဲအပြီးမှာ ဖူလ်ဟမ်၊ တန်းတက် ဘန်လေတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။

အီယန် ရိုက်က အဲဒီပွဲစဉ် ၂ ပွဲမှာ ချဲလ်ဆီးအသင်း အနိုင်ရဖို့ အရေးကြီးတယ်လို့ ခံစားနေရပြီး အဲဒီပွဲတွေအပြီးမှာ အာဆင်နယ်၊ ဘရန့်တ်ဖို့ဒ်၊ စပါးစ်၊ မန်စီးတီးတို့နဲ့ ကစားရမှာဖြစ်တာကြောင့် အနိုင်ရနိုင်တုန်းမှာ အနိုင်ယူထားဖို့ လိုတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျား နောက်လာမယ့် ၁၀ ပွဲကို ကြည့်လိုက်။ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီ၊ ပြီးတော့ ဘန်လေနဲ့။ ဒီပွဲတွေက မဖြစ်မနေ အနိုင်ရကို ရရမယ့်ပွဲတွေပါ။ ခင်ဗျား သူတို့အတွက် စိုးရိမ်နေပါလိမ့်မယ်(အဲဒီ ၂ ပွဲမှာ ရှုံးမှာ)။ ခင်ဗျား ချဲလ်ဆီးကို ကြည့်ပြီး မကြာခင်မှာ တစ်ခုခု ပေးတော့မယ်လို့ တွေးမိမှာပါ။ ကျွန်တော်ထင်တာ အဲဒါက လာမယ့် ၂ ပွဲမှာပါ။ သူတို့တွေ အဲဒီ ၂ ပွဲမှာသာ မလုပ်နိုင်ရင်တော့ ပိုချက်တီနိုအတွက် ခင်ဗျား စပြီး စိတ်ပူရတော့မှာပါ။ နည်းပြသစ်က ရောက်လာပြီး ချက်ချင်း အပြောင်းအလဲတွေ လုပ်နိုင်မလားဆိုတာ ကျွန်တော် မသေချာဘူး။ ဒါပေမယ့် ကျွန်တော်တို့ အဲဒါကို အန်ဂီ ပေါ်စတီကိုဂလူမှာ တွေ့ခဲ့တယ်။ ၅ ပွဲ၊ ၆ ပွဲအတွင်းမှာ သူက အားလုံး နားလည်မယ့်စတိုင်မျိုးကို သွတ်သွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့အားလုံးလည်း မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ချဲလ်ဆီးကို ကြည့်လိုက်တဲ့အခါမှာ သူတို့ရဲ့ အကောင်းဆုံးပွဲထွက် ၁၁ ဦးက ဘယ်သူတွေမှန်းတောင် မသိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က မူရီဆီယို ပိုခ်က္တီႏိုအေနနဲ႔ နည္းျပအလုပ္ကေန မျပဳတ္ဖို႔အတြက္ လာမယ့္ ပြဲစဥ္ ၂ ပြဲကို ခ်ဲလ္ဆီးအသင္း မျဖစ္မေန အႏိုင္ရရွိဖို႔ လိုအပ္တယ္လို႔ ခံစားေနရပါတယ္။

အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ ယခုေႏြရာသီမွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ အဆင့္ ၁၂ ေနရာမွာ ရာသီၿပီးဆုံးခဲ့ရတဲ့အသင္းရဲ႕ ကံၾကမၼာကို အေျပာင္းအလဲ ျပဳလုပ္ေပးဖို႔ တာဝန္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပိုခ်က္တီႏိုအတြက္ လက္ရွိအခ်ိန္အထိ ခက္ခဲၾကမ္းတမ္းတဲ့ ကာလကို ျဖတ္သန္းေနရဆဲျဖစ္ၿပီး ခ်ဲလ္ဆီးဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိထားတာျဖစ္ပါတယ္။

ေနာက္ဆုံး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ တနဂၤေႏြေန႔က ကစားခဲ့တဲ့ အက္စတန္ ဗီလာနဲ႔ပြဲမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပြဲအၿပီးမွာ ပိုခ်က္တီႏိုက အသင္းတာဝန္ရွိသူေတြကို အခ်ိန္ေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ဗုဒၶဟူးေန႔မွာ ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားဖို႔ ရွိေနၿပီး အဲဒီပြဲအၿပီးမွာ ဖူလ္ဟမ္၊ တန္းတက္ ဘန္ေလတို႔နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ကစားသြားရမွာ ျဖစ္ပါတယ္။

အီယန္ ႐ိုက္က အဲဒီပြဲစဥ္ ၂ ပြဲမွာ ခ်ဲလ္ဆီးအသင္း အႏိုင္ရဖို႔ အေရးႀကီးတယ္လို႔ ခံစားေနရၿပီး အဲဒီပြဲေတြအၿပီးမွာ အာဆင္နယ္၊ ဘရန႔္တ္ဖို႔ဒ္၊ စပါးစ္၊ မန္စီးတီးတို႔နဲ႔ ကစားရမွာျဖစ္တာေၾကာင့္ အႏိုင္ရႏိုင္တုန္းမွာ အႏိုင္ယူထားဖို႔ လိုတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ား ေနာက္လာမယ့္ ၁၀ ပြဲကို ၾကည့္လိုက္။ ဖူလ္ဟမ္နဲ႔ လန္ဒန္ဒါဘီ၊ ၿပီးေတာ့ ဘန္ေလနဲ႔။ ဒီပြဲေတြက မျဖစ္မေန အႏိုင္ရကို ရရမယ့္ပြဲေတြပါ။ ခင္ဗ်ား သူတို႔အတြက္ စိုးရိမ္ေနပါလိမ့္မယ္(အဲဒီ ၂ ပြဲမွာ ရႈံးမွာ)။ ခင္ဗ်ား ခ်ဲလ္ဆီးကို ၾကည့္ၿပီး မၾကာခင္မွာ တစ္ခုခု ေပးေတာ့မယ္လို႔ ေတြးမိမွာပါ။ ကြၽန္ေတာ္ထင္တာ အဲဒါက လာမယ့္ ၂ ပြဲမွာပါ။ သူတို႔ေတြ အဲဒီ ၂ ပြဲမွာသာ မလုပ္ႏိုင္ရင္ေတာ့ ပိုခ်က္တီႏိုအတြက္ ခင္ဗ်ား စၿပီး စိတ္ပူရေတာ့မွာပါ။ နည္းျပသစ္က ေရာက္လာၿပီး ခ်က္ခ်င္း အေျပာင္းအလဲေတြ လုပ္ႏိုင္မလားဆိုတာ ကြၽန္ေတာ္ မေသခ်ာဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒါကို အန္ဂီ ေပၚစတီကိုဂလူမွာ ေတြ႕ခဲ့တယ္။ ၅ ပြဲ၊ ၆ ပြဲအတြင္းမွာ သူက အားလုံး နားလည္မယ့္စတိုင္မ်ိဳးကို သြတ္သြင္းႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔အားလုံးလည္း ျမင္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးကို ၾကည့္လိုက္တဲ့အခါမွာ သူတို႔ရဲ႕ အေကာင္းဆုံးပြဲထြက္ ၁၁ ဦးက ဘယ္သူေတြမွန္းေတာင္ မသိေသးပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.