Premier League

အက်စတန် ဗီလာကို ရှုံးနိမ့်ပြီးနောက် ဘစ်ကျွတ်အောင်ပြေးခဲ့ရတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင်

ချဲလ်ဆီး အသင်းပူးတွဲပိုင်ရှင် ဘက်ဒက် အက်ဂ်ဘာလီဟာ အက်စတန် ဗီလာကို ၁-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဥ်အပြီး ဒေါသထွက်နေတဲ့ ပရိသတ်တွေ ဝိုင်းသမတာ မခံရအောင် အသည်းအသန် ပြေးလွှားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

အက်ဂ်ဘာလီဟာ နောက်ထပ် ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ကစားသမားတွေကို မေးမြန်းစုံစမ်းဖို့ အဝတ်လဲခန်းထဲကို သွားရောက်ခဲ့တယ်လို့ သိရပြီး ရလဒ်အနေနဲ့ ချဲလ်ဆီးဟာ အသင်းပရိသတ်တွေကိုယ်တိုင်ရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ အက်ဂ်ဘာလီက နောက်ကနေ ပြေးလိုက်နေတဲ့ ချဲလ်ဆီးပရိသတ်တွေလက်ကနေ လွတ်အောင် ပြေးလွှားနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး ချဲလ်ဆီးအသင်းပိုင်ရှင်ဟာ လုံခြုံရေးအကူအညီနဲ့ အမည်းရောင် ကားစီကို အူယားဖားယားပြေးလွှားသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

“ဘဲကြီး ပြေးပြီလား”လို့ အက်ဂ်ဘာလီက ကားတံခါးကို ဆောင့်မပိတ်ခင် ကင်မရာ ရိုက်ကူးနေတဲ့ ချဲလ်ဆီးပရိသတ်တစ်ဦးရဲ့ လှမ်းပြောသံကို ကြားခဲ့ရပြီး ချဲလ်ဆီးဟာ တော့ဒ် ဘိုလီနဲ့ အက်ဂ်ဘာလီတို့ ရိုမန် အေဘရာမိုဗစ်ချ်ဆီကနေ လက်လွှဲဝယ်ယူပြီးကတည်းက အခြေအနေတော်တော်ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။

ငွေရှိတိုင်း ထင်တိုင်းကြဲလို့ ရမယ်ထင်နေတဲ့ တော့ဒ် ဘိုလီလက်အောက်မှာ ချဲလ်ဆီးဟာ အဓိကဆုဖလားကြီးတွေကို သိမ်းပိုက်နေကျအသင်းအဖြစ်ကနေ အမှတ်ပေးဇယားအလယ်ကအသင်းအဖြစ် ရောက်ရှိခဲ့တာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ် အဖွင့် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့အထိ ရုပ်ပေါက်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီး အသင္းပူးတြဲပိုင္ရွင္ ဘက္ဒက္ အက္ဂ္ဘာလီဟာ အက္စတန္ ဗီလာကို ၁-၀ နဲ႔ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္အၿပီး ေဒါသထြက္ေနတဲ့ ပရိသတ္ေတြ ဝိုင္းသမတာ မခံရေအာင္ အသည္းအသန္ ေျပးလႊားခဲ့ရတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အက္ဂ္ဘာလီဟာ ေနာက္ထပ္ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တဲ့ ကစားသမားေတြကို ေမးျမန္းစုံစမ္းဖို႔ အဝတ္လဲခန္းထဲကို သြားေရာက္ခဲ့တယ္လို႔ သိရၿပီး ရလဒ္အေနနဲ႔ ခ်ဲလ္ဆီးဟာ အသင္းပရိသတ္ေတြကိုယ္တိုင္ရဲ႕ ေလွာင္ေျပာင္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အက္ဂ္ဘာလီက ေနာက္ကေန ေျပးလိုက္ေနတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြလက္ကေန လြတ္ေအာင္ ေျပးလႊားေနတဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းပိုင္ရွင္ဟာ လုံၿခဳံေရးအကူအညီနဲ႔ အမည္းေရာင္ ကားစီကို အူယားဖားယားေျပးလႊားသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

“ဘဲႀကီး ေျပးၿပီလား”လို႔ အက္ဂ္ဘာလီက ကားတံခါးကို ေဆာင့္မပိတ္ခင္ ကင္မရာ ႐ိုက္ကူးေနတဲ့ ခ်ဲလ္ဆီးပရိသတ္တစ္ဦးရဲ႕ လွမ္းေျပာသံကို ၾကားခဲ့ရၿပီး ခ်ဲလ္ဆီးဟာ ေတာ့ဒ္ ဘိုလီနဲ႔ အက္ဂ္ဘာလီတို႔ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ဆီကေန လက္လႊဲဝယ္ယူၿပီးကတည္းက အေျခအေနေတာ္ေတာ္ဆိုး႐ြားေနခဲ့တာျဖစ္ပါတယ္။

ေငြရွိတိုင္း ထင္တိုင္းႀကဲလို႔ ရမယ္ထင္ေနတဲ့ ေတာ့ဒ္ ဘိုလီလက္ေအာက္မွာ ခ်ဲလ္ဆီးဟာ အဓိကဆုဖလားႀကီးေတြကို သိမ္းပိုက္ေနက်အသင္းအျဖစ္ကေန အမွတ္ေပးဇယားအလယ္ကအသင္းအျဖစ္ ေရာက္ရွိခဲ့တာျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ အဖြင့္ ၆ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့တဲ့အထိ ႐ုပ္ေပါက္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.