Premier League

မြောက်လန်ဒန်ဒါဘီအပြီး ဂန်းနားတွေမဖြစ်မနေခေါ်ရမယ့်သူကို ပြောလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးက အာဆင်နယ်ဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ၂-၂ သရေကျခဲ့ပြီးနောက် တိုက်စစ်မှူးသစ် မဖြစ်မနေ ခေါ်ယူရမယ်လို့ ခံစားနေရပါတယ်။

ဂန်းနားတွေဟာ လက်ရှိမှာ ဂါဘရီယဲလ် ဂျေဆူးစ်ကို အဓိက တိုက်စစ်မှူးအဖြစ် ပိုင်ဆိုင်ထားပြီး အန်ကီးတီးယားကလည်း အရန်သင့်အသုံးပြုနိုင်တဲ့ကစားသမားအဖြစ် ရှိနေသလို ထရော့ဆာ့ဒ်ကလည်း လိုအပ်ရင် အထောင်တိုက်စစ်မှူးအဖြစ် ကစားပေးနိုင်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ဖိုလာရင် ဘာလိုဂန်ကို ရောင်းထုတ်ခဲ့ပြီး ချဲလ်ဆီးကနေ ခေါ်ယူခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကလည်း ကွင်းလယ်ကစားသမားအဖြစ် အသုံးပြုခြင်း ခံနေရတာ ဖြစ်ပါတယ်။ နဗီးက အာဆင်နယ်အနေနဲ့ မန်ချက်စတာစီးတီးနဲ့ ကွာဟချက်ကို လျှော့ချချင်တယ်ဆိုရင် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ လိုအပ်နေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျားအသင်းထဲမှာ ကစားသမားတွေ အများအပြားရှိရမယ်။ အနည်းဆုံးတော့ ဘောလုံးက ဘယ်နေရာကို ကျမလဲဆိုတာကို အနံ့ခံနိုင်မယ့် တစ်ယောက်တော့ လိုတယ်။ ဂိုးမုဆိုးမဟုတ်ပါဘူး။ တိုက်စစ်မှာ ၂ ယောက်ရှိတဲ့အချိန်မှာ နောက်ထပ်ကစားနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဂိုးမုဆိုးတွေရဲ့ခေတ်က မရှိတော့ဘူး။ ကျွန်တော်တို့ အခုအချိန်မှာ အဲဒီလိုမျိုးမရှိတော့ဘူး။ ခင်ဗျား တိုက်စစ်မှာ ကျွန်တော်တို့ ဘာစီလိုနာမှာ ဒေးဗစ် ဗီလာ၊ ပက်ဒရိုနဲ့ မက်ဆီတို့ကို မြင်ခဲ့ရတာကို တွေးကြည့်လိုက်တဲ့အခါမှာ သူတို့အားလုံးက တိုက်စစ်မှူးစစ်စစ်တွေ မဟုတ်ကြဘူး။ ဆာဂျီယို အဂွေရိုကတော့ တိုက်စစ်မှူးစစ်စစ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအကြောင်း ပြောတောင်မပြောကြပါဘူး။ ကျွန်တော်တို့ ပြောနေတာက သူ ဘယ်နေရာမှာ ရှိနေရမလဲဆိုတာ သိတဲ့ တစ်စုံတယောက်အကြောင်းပါ”

“ကျွန်တော် ခံစစ်သမားတစ်ယောက်အနေနဲ့ သဘောမကျခဲ့ပေမယ့် ဆာအဲလက်စ်၊ နည်းပြတွေနဲ့ အင်္ဂလန်နည်းပြတွေ နှစ်ပေါင်းများစွာ ပြောတာ နားထောင်ခဲ့ရတာက တိုက်စစ်မှူးတွေက အမြဲတမ်း နောက်ခံလူတွေကြားထဲမှာ ပြေးလွှားမှုတွေ ပြုလုပ်နိုင်ဖို့ပဲတဲ့။ ကွင်းတစ်ဖက်ခြမ်းမှာ ရှိနေပြီး ဂိုးတိုင်နားကို ဖြတ်တင်ပေးပို့ရင်တော့ ခင်ဗျား ဂိုးပေါက်နားကို ပြေးလွှားနိုင်မှာပါ။ ထောင့်ကန်ဘောမှာဆိုရင် ဒုတိယဘောလုံးက ခင်ဗျားဆီ ခုန်ပျံလာတဲ့အခါကျရင် ခင်ဗျား အဲဒါကို ဂိုးတိုင်နားမှာ နေမှ ရမှာပါ။ အဆုံးမှာတော့ အဲဒါက ကျွန်တော့်ကို ထိတာပဲ။ ဘာလို့လဲဆိုတော့ အီယန် ရိုက်က ပင်နယ်တီဧရိယာထဲနဲ့ ပတ်ဝန်းကျင်မှာ စပြီး လှည့်လည်နေလို့ပဲ။ ကျွန်တော်က ထောင့်ကန်ဘောတွေဆိုရင် သူ့ကို လူကပ်နေကျဖြစ်ပြီး သူက တကယ့်အိပ်မက်ဆိုးဖြစ်ခဲ့လို့ပါ။ သူက ဘောလုံးများ ခုန်ပေါက်ပြီး ရောက်လာမလားဆိုပြီး ဂိုးတိုင်နားမှာ အမြဲတမ်း မယောင်မလည်လုပ်နေခဲ့တယ်။ ခင်ဗျား ဂိုးတိုင်နားရောက်နေရင် သူက မရှိဘူး။ သူက ဟိုသွားဒီသွားလုပ်နေပြီး အဲဒီလို ပြေးလွှားမှုမျိုးတွေ မလုပ်ပါဘူး”

“ဂါဘရီယဲလ် ဂျေဆူးစ်က ဂျိမ်းစ် မက်ဒီဆင်ဆီကနေ လုယူခဲ့တဲ့အခါမှာ ဒီလိုအခိုက်အတန့်တွေက ပွဲစဉ်အတွင်းမှာ ကြီးမားတဲ့အခိုက်အတန့်တွေဖြစ်ပြီး ကြီးမားတဲ့အရာတွေပါ။ ခင်ဗျား အဲဒီရွေ့လျားမှုကို ပြုလုပ်ရမှာဖြစ်ပြီး အနံ့ခံရမယ်၊ ချောင်းနေရမယ်။ ကြိုတင်မှန်းဆရမယ်။ အာဆင်နယ်မှာ အဲဒီလိုမျိုး လုပ်နိုင်တဲ့သူမရှိဘူး။ ကျွန်တော် ဒီ အာဆင်နယ်အသင်းကို တကယ် သဘောကျပါတယ်။ သူတို့တွေ ဖလားရရင်ရ၊ မရရင် ဒုတိယပဲ။ အရမ်းကောင်းမွန်တဲ့ရာသီပိုင်ဆိုင်နေပြီး ခုပြောခဲ့တဲ့ ကစားသမားမျိုးမရှိဘဲ ဆုဖလားရယူနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲတွေကျရင် အဲဒီဟာကြီး ပျောက်ဆုံးနေတာက အရမ်းသိသာလာတယ်။ အလန် စမစ်က ပွဲကြေညာချိန်အတွင်း ဒါကို ထောက်ပြခဲ့ပါသေးတယ်။ သူက ကျွန်တော့်ထက်တောင် ဒီလိုအပ်ချက်ကို ပိုသိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက အာဆင္နယ္ဟာ တနဂၤေႏြေန႔က အမ္းမရိတ္စ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ၂-၂ သေရက်ခဲ့ၿပီးေနာက္ တိုက္စစ္မႉးသစ္ မျဖစ္မေန ေခၚယူရမယ္လို႔ ခံစားေနရပါတယ္။

ဂန္းနားေတြဟာ လက္ရွိမွာ ဂါဘရီယဲလ္ ေဂ်ဆူးစ္ကို အဓိက တိုက္စစ္မႉးအျဖစ္ ပိုင္ဆိုင္ထားၿပီး အန္ကီးတီးယားကလည္း အရန္သင့္အသုံးျပဳႏိုင္တဲ့ကစားသမားအျဖစ္ ရွိေနသလို ထေရာ့ဆာ့ဒ္ကလည္း လိုအပ္ရင္ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားေပးႏိုင္တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုေႏြရာသီမွာ ဖိုလာရင္ ဘာလိုဂန္ကို ေရာင္းထုတ္ခဲ့ၿပီး ခ်ဲလ္ဆီးကေန ေခၚယူခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္ကလည္း ကြင္းလယ္ကစားသမားအျဖစ္ အသုံးျပဳျခင္း ခံေနရတာ ျဖစ္ပါတယ္။ နဗီးက အာဆင္နယ္အေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ ကြာဟခ်က္ကို ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္ တိုက္စစ္မႉးသစ္တစ္ဦး ေခၚယူဖို႔ လိုအပ္ေနၿပီလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ားအသင္းထဲမွာ ကစားသမားေတြ အမ်ားအျပားရွိရမယ္။ အနည္းဆုံးေတာ့ ေဘာလုံးက ဘယ္ေနရာကို က်မလဲဆိုတာကို အနံ႔ခံႏိုင္မယ့္ တစ္ေယာက္ေတာ့ လိုတယ္။ ဂိုးမုဆိုးမဟုတ္ပါဘူး။ တိုက္စစ္မွာ ၂ ေယာက္ရွိတဲ့အခ်ိန္မွာ ေနာက္ထပ္ကစားႏိုင္မယ့္ တိုက္စစ္မႉးတစ္ေယာက္ျဖစ္တဲ့ ဂိုးမုဆိုးေတြရဲ႕ေခတ္က မရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔ အခုအခ်ိန္မွာ အဲဒီလိုမ်ိဳးမရွိေတာ့ဘူး။ ခင္ဗ်ား တိုက္စစ္မွာ ကြၽန္ေတာ္တို႔ ဘာစီလိုနာမွာ ေဒးဗစ္ ဗီလာ၊ ပက္ဒ႐ိုနဲ႔ မက္ဆီတို႔ကို ျမင္ခဲ့ရတာကို ေတြးၾကည့္လိုက္တဲ့အခါမွာ သူတို႔အားလုံးက တိုက္စစ္မႉးစစ္စစ္ေတြ မဟုတ္ၾကဘူး။ ဆာဂ်ီယို အေဂြ႐ိုကေတာ့ တိုက္စစ္မႉးစစ္စစ္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္း ေျပာေတာင္မေျပာၾကပါဘူး။ ကြၽန္ေတာ္တို႔ ေျပာေနတာက သူ ဘယ္ေနရာမွာ ရွိေနရမလဲဆိုတာ သိတဲ့ တစ္စုံတေယာက္အေၾကာင္းပါ”

“ကြၽန္ေတာ္ ခံစစ္သမားတစ္ေယာက္အေနနဲ႔ သေဘာမက်ခဲ့ေပမယ့္ ဆာအဲလက္စ္၊ နည္းျပေတြနဲ႔ အဂၤလန္နည္းျပေတြ ႏွစ္ေပါင္းမ်ားစြာ ေျပာတာ နားေထာင္ခဲ့ရတာက တိုက္စစ္မႉးေတြက အၿမဲတမ္း ေနာက္ခံလူေတြၾကားထဲမွာ ေျပးလႊားမႈေတြ ျပဳလုပ္ႏိုင္ဖို႔ပဲတဲ့။ ကြင္းတစ္ဖက္ျခမ္းမွာ ရွိေနၿပီး ဂိုးတိုင္နားကို ျဖတ္တင္ေပးပို႔ရင္ေတာ့ ခင္ဗ်ား ဂိုးေပါက္နားကို ေျပးလႊားႏိုင္မွာပါ။ ေထာင့္ကန္ေဘာမွာဆိုရင္ ဒုတိယေဘာလုံးက ခင္ဗ်ားဆီ ခုန္ပ်ံလာတဲ့အခါက်ရင္ ခင္ဗ်ား အဲဒါကို ဂိုးတိုင္နားမွာ ေနမွ ရမွာပါ။ အဆုံးမွာေတာ့ အဲဒါက ကြၽန္ေတာ့္ကို ထိတာပဲ။ ဘာလို႔လဲဆိုေတာ့ အီယန္ ႐ိုက္က ပင္နယ္တီဧရိယာထဲနဲ႔ ပတ္ဝန္းက်င္မွာ စၿပီး လွည့္လည္ေနလို႔ပဲ။ ကြၽန္ေတာ္က ေထာင့္ကန္ေဘာေတြဆိုရင္ သူ႔ကို လူကပ္ေနက်ျဖစ္ၿပီး သူက တကယ့္အိပ္မက္ဆိုးျဖစ္ခဲ့လို႔ပါ။ သူက ေဘာလုံးမ်ား ခုန္ေပါက္ၿပီး ေရာက္လာမလားဆိုၿပီး ဂိုးတိုင္နားမွာ အၿမဲတမ္း မေယာင္မလည္လုပ္ေနခဲ့တယ္။ ခင္ဗ်ား ဂိုးတိုင္နားေရာက္ေနရင္ သူက မရွိဘူး။ သူက ဟိုသြားဒီသြားလုပ္ေနၿပီး အဲဒီလို ေျပးလႊားမႈမ်ိဳးေတြ မလုပ္ပါဘူး”

“ဂါဘရီယဲလ္ ေဂ်ဆူးစ္က ဂ်ိမ္းစ္ မက္ဒီဆင္ဆီကေန လုယူခဲ့တဲ့အခါမွာ ဒီလိုအခိုက္အတန႔္ေတြက ပြဲစဥ္အတြင္းမွာ ႀကီးမားတဲ့အခိုက္အတန႔္ေတြျဖစ္ၿပီး ႀကီးမားတဲ့အရာေတြပါ။ ခင္ဗ်ား အဲဒီေ႐ြ႕လ်ားမႈကို ျပဳလုပ္ရမွာျဖစ္ၿပီး အနံ႔ခံရမယ္၊ ေခ်ာင္းေနရမယ္။ ႀကိဳတင္မွန္းဆရမယ္။ အာဆင္နယ္မွာ အဲဒီလိုမ်ိဳး လုပ္ႏိုင္တဲ့သူမရွိဘူး။ ကြၽန္ေတာ္ ဒီ အာဆင္နယ္အသင္းကို တကယ္ သေဘာက်ပါတယ္။ သူတို႔ေတြ ဖလားရရင္ရ၊ မရရင္ ဒုတိယပဲ။ အရမ္းေကာင္းမြန္တဲ့ရာသီပိုင္ဆိုင္ေနၿပီး ခုေျပာခဲ့တဲ့ ကစားသမားမ်ိဳးမရွိဘဲ ဆုဖလားရယူႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလိုပြဲေတြက်ရင္ အဲဒီဟာႀကီး ေပ်ာက္ဆုံးေနတာက အရမ္းသိသာလာတယ္။ အလန္ စမစ္က ပြဲေၾကညာခ်ိန္အတြင္း ဒါကို ေထာက္ျပခဲ့ပါေသးတယ္။ သူက ကြၽန္ေတာ့္ထက္ေတာင္ ဒီလိုအပ္ခ်က္ကို ပိုသိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.