Premier League

မြောက်လန်ဒန်ဒါဘီအပြီး ကာရေဂါကို ပြန်ကြုံးလိုက်တဲ့ ရမ်းစ်ဒေးလ်ဖားသားကြီး

အာရွန် ရမ်းစ်ဒေးလ်ရဲ့ ဖခင်က တနင်္ဂနွေနေ့ညနေက မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်နဲ့ စပါးစ်တို့ ၂-၂ သရေကျခဲ့ပြီးနောက် ၎င်းရဲ့သားကို လှောင်ပြောင်ခဲ့တဲ့ ဂျေမီ ကာရေဂါကို ကျက်သရေတုံးကောင်လို့ ပြောဆိုခဲ့ပါတယ်။

ကာရေဂါက ဒေးဗစ် ရာယာရဲ့ အဓိကကျတဲ့ ဂိုးကာကွယ်မှုကို အရန်ခုံတန်းကနေ ရမ်းစ်ဒေးလ်ရဲ့ တုံ့ပြန်ပုံကို ကင်မရာတွေက ရိုက်ကူးခဲ့ချိန်မှာ ဟန်ဆောင်လုပ်ပြခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရာယာဟာ စပါးစ်နဲ့ပွဲမှာ နည်းပြ အာတီတာရဲ့နောက်ထပ်တစ်ကြိမ် ယုံကြည်မှုပေးခြင်းခံခဲ့ရပြီး ပထမပိုင်းမှာ ဘရန်နန် ဂျွန်ဆင်ရဲ့ အပိုင်ဂိုးကန်သွင်းချက်ကို ဂိုးစည်းပေါ်ကနေ ဒိုင်ဗင်ထိုးပြီး ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ အသင်းဖော် ဒေးဗစ် ရာယာရဲ့ အံ့မခန်းလက်စွမ်းကို အလွန်အံ့အားသင့်ခဲ့ပြီး ခေါင်းပေါ်ကို လက်တင်ပြီး ပါးစပ်အဟောင်းသားဖြစ်ပြီးနောက် ပျော်ရွှင်စွာနဲ့ အော်ဟစ် ဂုဏ်ပြုခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

“ခင်ဗျား အော်စကာဆုကို တခြားလူရသွားတာကို သိလိုက်ရတဲ့အချိန်မှာ သူတို့တွေ တခြားလူအတွက် လက်ခုပ်တီး၊ ပြုံးပျော်နေတယ်လို့ ထင်လား။ ကျွန်တော်ကတော့ အဲဒါကို မြင်တိုင်း ရယ်မိတယ်။ သူက လုံးဝကို စိတ်ပျက်သွားလိမ့်မယ်”လို့ ကာရေဂါက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ရဲ့ဖခင် နစ်ခ် ရမ်းစ်ဒေးလ်က အဲဒီမှတ်ချက်ကို တွစ်တာပေါ်မှာ “မင်းက တကယ့်ကျက်သရေတုံးကောင်ပဲ။ အဆင့်အတန်းလေး ဘာလေး ရှိစမ်းပါ။ ငါ့သားကတော့ အဆင့်အတန်းရှိတယ်ကွ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ဖခင္က တနဂၤေႏြေန႔ညေနက ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္နဲ႔ စပါးစ္တို႔ ၂-၂ သေရက်ခဲ့ၿပီးေနာက္ ၎ရဲ႕သားကို ေလွာင္ေျပာင္ခဲ့တဲ့ ေဂ်မီ ကာေရဂါကို က်က္သေရတုံးေကာင္လို႔ ေျပာဆိုခဲ့ပါတယ္။

ကာေရဂါက ေဒးဗစ္ ရာယာရဲ႕ အဓိကက်တဲ့ ဂိုးကာကြယ္မႈကို အရန္ခုံတန္းကေန ရမ္းစ္ေဒးလ္ရဲ႕ တုံ႔ျပန္ပုံကို ကင္မရာေတြက ႐ိုက္ကူးခဲ့ခ်ိန္မွာ ဟန္ေဆာင္လုပ္ျပခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ရာယာဟာ စပါးစ္နဲ႔ပြဲမွာ နည္းျပ အာတီတာရဲ႕ေနာက္ထပ္တစ္ႀကိမ္ ယုံၾကည္မႈေပးျခင္းခံခဲ့ရၿပီး ပထမပိုင္းမွာ ဘရန္နန္ ဂြၽန္ဆင္ရဲ႕ အပိုင္ဂိုးကန္သြင္းခ်က္ကို ဂိုးစည္းေပၚကေန ဒိုင္ဗင္ထိုးၿပီး ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ဟာ အသင္းေဖာ္ ေဒးဗစ္ ရာယာရဲ႕ အံ့မခန္းလက္စြမ္းကို အလြန္အံ့အားသင့္ခဲ့ၿပီး ေခါင္းေပၚကို လက္တင္ၿပီး ပါးစပ္အေဟာင္းသားျဖစ္ၿပီးေနာက္ ေပ်ာ္႐ႊင္စြာနဲ႔ ေအာ္ဟစ္ ဂုဏ္ျပဳခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

“ခင္ဗ်ား ေအာ္စကာဆုကို တျခားလူရသြားတာကို သိလိုက္ရတဲ့အခ်ိန္မွာ သူတို႔ေတြ တျခားလူအတြက္ လက္ခုပ္တီး၊ ၿပဳံးေပ်ာ္ေနတယ္လို႔ ထင္လား။ ကြၽန္ေတာ္ကေတာ့ အဲဒါကို ျမင္တိုင္း ရယ္မိတယ္။ သူက လုံးဝကို စိတ္ပ်က္သြားလိမ့္မယ္”လို႔ ကာေရဂါက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ရဲ႕ဖခင္ နစ္ခ္ ရမ္းစ္ေဒးလ္က အဲဒီမွတ္ခ်က္ကို တြစ္တာေပၚမွာ “မင္းက တကယ့္က်က္သေရတုံးေကာင္ပဲ။ အဆင့္အတန္းေလး ဘာေလး ရွိစမ္းပါ။ ငါ့သားကေတာ့ အဆင့္အတန္းရွိတယ္ကြ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.