Match Report Premier League

ဝက်စ်ဟမ်းကို နိုင်ပွဲကြောင့် မန်စီးတီးပြီးရင် ငါတို့ပဲလို့ ကြုံးဝါးလိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ ဂိုမက်ဇ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက္ကယ်လစ္စတာ၊ ကားတစ်ဂျုံးစ်နဲ့ ဆိုဘော့ဆ်လိုင်းတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆာလား၊ ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ ဇူးမား၊ အာဂွါဒ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ ဝါ့ဒ်-ပရောက်စ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ပါကေးတာနဲ့ အန်တိုနီယိုတို့ကို တွဲဖက်ပေးခဲ့တာပါ။

ကွင်းလယ်အဖျက်သမားစစ်စစ် မပါတဲ့ လီဗာပူးလ်တို့ကို ဝက်စ်ဟမ်းတို့ ပွဲအစမှာ အငိုက်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် ခံစစ်က လစ်သွားချိန်မှာ သတိကြီးတဲ့ ဂိုးသမား အယ်လစ်ဆန် ကယ်ခဲ့လို့ ဒေးဗစ်မွိုက်စ် ဆင်ကွက်ထဲ မဝင်ခဲ့ဘဲ အိမ်ရှင်တွေ သက်သာခဲ့ရပြီး ဗန်ဒိုက် ဦးဆောင်တဲ့ နောက်တန်းက အရင်အတိုင်းပဲ ချာခဲ့တာကိုတော့ ယာဂန် ကလော့ပ်အနေနဲ့ ပြင်ဆင်ရဦးမှာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဒီယက်စ် ချိုးပေးတာကို နူးညက်ဇ်က မမီမကမ်းနဲ့ ရအောင် ကြိုးစားပေးခဲ့တဲ့ ဘောလုံးကို ဧရိယာထဲမှာ ကန်သွင်းဖို့ ကြိုးစားတဲ့ ဆာလားကို ဝက်စ်ဟမ်းနောက်ခံလူ အာဂွါဒ် ခြေထိုးခံမိလို့ ရတဲ့ ပင်နယ်တီကနေ အီဂျစ်သားက သူကိုယ်တိုင်ပဲ ဂိုးအလယ်နားကို အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ လွဲချော်နေတာကြောင့် ဂိုးထပ်မရခဲ့ဘဲ ပွဲချိန် ၄၂ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကန်တင်ခဲ့တဲ့ ဘောလုံးကို အန်တိုနီယိုက ညာခြမ်းကို ခင်းပေးခဲ့ရာမှာ နောက်ခံလူ ဆိုဖာလ်က ဖြတ်တင်ပေးခဲ့တဲ့တာကို ဘိုဝင်က ဧရိယာထဲကနေ ဒိုင်ဗင်ထိုးခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

လီဗာပူးလ်တို့ရဲ့ အားနည်းချက်က ကွင်းလယ်က နံပါတ် ၆ ကစားသမား မရှိတာနဲ့ ဗန်ဒိုက် အရင်လို မဟုတ်လို့ ခံစစ်ရဲ့ အတွဲအဖက် မမိမှု ဖြစ်နေချိန်မှာ တိုက်စစ်ကတော့ အားသာချက်များလွန်းနေပြီး သူတင်ကိုယ်တင် ဂိုးသွင်းမှုနဲ့ ဒီရာသီ ပထမဝက်ကို ကျော်ဖြတ်နိုင်မယ်လို့ နည်းပြ ကလော့ပ်နဲ့အတူ ကြိုးစားနေကြပုံလည်း ပေါ်နေတာပါ။

ဒုတိယပိုင်း ပွဲချိန်မိနစ် ၆၀ မှာတော့ လီဗာပူးလ်တို့ ထပ်မံ ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တောက်လျှောက် ဖိကစားနေချိန်မှာ ဝက်စ်ဟမ်းတို့ နောက်ကို ဆင်းခံနေခဲ့လို့ နေရာလွတ်ရသွားတဲ့ မက္ကယ်လစ္စတာက ခံစစ်တန်းပေါ်ကနေ တိတိကျကျ ကျော်တင်ပေးခဲ့တဲ့ ဘောလုံးကို ရှေ့မှာ အခွင့်အရေးတွေ ဖြုန်းထားခဲ့တဲ့ နူးညက်ဇ်က မြေမကျ Volley ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းတို့ဘက်က ဆိုးချက်ခ်၊ အန်တိုနီယိုနဲ့ ပါကေးတာတို့အစား ဖော်နယ်လ်စ်၊ ကူဒူးစ်နဲ့ ဒန်နီအင်းစ်တို့ကို ထည့်သွင်းပြီး ချေပဂိုးထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်တို့ဘက်ကတော့ ကားတစ်ဂျုံးစ်၊ လူးဝစ် ဒီယက်ဇ်၊ နူးညက်ဇ်နဲ့ မက္ကယ်လစ္စတာတို့အစား ဂရာဗင်ဘာ့ချ်၊ ဂျိုတာ၊ ဂက်ခ်ပိုနဲ့ အန်ဒိုတို့ကို ထည့်သွင်းပြီး တုံ့ပြန်သွားခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ရောဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကနေ ဗန်ဒိုက်က ဂိုးရှေ့ကနေ အမြင့်ဆုံး ခုန်နိုင်ခဲ့ပြီး ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဂျိုတာက ဘယ်ဘက်တိုင်နားကနေ အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က ဝက်စ်ဟမ်းတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံသွားခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ ၆ ပွဲ ကစား ၁၆ မှတ်နဲ့ မန်ချက်စတာစီးတီးတို့နောက်မှာ ဆက်လက်ရပ်တည်သွားနိုင်ခဲ့ချိန်မှာ အာဆင်နယ်တွေဘာတွေ နားထားလိုက်တော့ ဒုတိယနေရာကနေ ချန်ပီယံကို စိန်ခေါ်ဖို့ဆိုတာက ငါတို့ပဲလို့ ကြုံးဝါးသွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ ဂိုမက္ဇ္နဲ႔ ေရာဘတ္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မကၠယ္လစၥတာ၊ ကားတစ္ဂ်ဳံးစ္နဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာလား၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝက္စ္ဟမ္းတို႔ကေတာ့ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ ဇူးမား၊ အာဂြါဒ္၊ ဆိုဖာလ္နဲ႔ အီမာဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ ဝါ့ဒ္-ပေရာက္စ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘိုဝင္၊ ပါေကးတာနဲ႔ အန္တိုနီယိုတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ကြင္းလယ္အဖ်က္သမားစစ္စစ္ မပါတဲ့ လီဗာပူးလ္တို႔ကို ဝက္စ္ဟမ္းတို႔ ပြဲအစမွာ အငိုက္ဖမ္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ခံစစ္က လစ္သြားခ်ိန္မွာ သတိႀကီးတဲ့ ဂိုးသမား အယ္လစ္ဆန္ ကယ္ခဲ့လို႔ ေဒးဗစ္မြိဳက္စ္ ဆင္ကြက္ထဲ မဝင္ခဲ့ဘဲ အိမ္ရွင္ေတြ သက္သာခဲ့ရၿပီး ဗန္ဒိုက္ ဦးေဆာင္တဲ့ ေနာက္တန္းက အရင္အတိုင္းပဲ ခ်ာခဲ့တာကိုေတာ့ ယာဂန္ ကေလာ့ပ္အေနနဲ႔ ျပင္ဆင္ရဦးမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဒီယက္စ္ ခ်ိဳးေပးတာကို ႏူးညက္ဇ္က မမီမကမ္းနဲ႔ ရေအာင္ ႀကိဳးစားေပးခဲ့တဲ့ ေဘာလုံးကို ဧရိယာထဲမွာ ကန္သြင္းဖို႔ ႀကိဳးစားတဲ့ ဆာလားကို ဝက္စ္ဟမ္းေနာက္ခံလူ အာဂြါဒ္ ေျခထိုးခံမိလို႔ ရတဲ့ ပင္နယ္တီကေန အီဂ်စ္သားက သူကိုယ္တိုင္ပဲ ဂိုးအလယ္နားကို အျပင္းကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ လီဗာပူးလ္တို႔ လြဲေခ်ာ္ေနတာေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ျပန္လည္ေခ်ပသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ကန္တင္ခဲ့တဲ့ ေဘာလုံးကို အန္တိုနီယိုက ညာျခမ္းကို ခင္းေပးခဲ့ရာမွာ ေနာက္ခံလူ ဆိုဖာလ္က ျဖတ္တင္ေပးခဲ့တဲ့တာကို ဘိုဝင္က ဧရိယာထဲကေန ဒိုင္ဗင္ထိုးေခါင္းတိုက္ၿပီး သြင္းယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

လီဗာပူးလ္တို႔ရဲ႕ အားနည္းခ်က္က ကြင္းလယ္က နံပါတ္ ၆ ကစားသမား မရွိတာနဲ႔ ဗန္ဒိုက္ အရင္လို မဟုတ္လို႔ ခံစစ္ရဲ႕ အတြဲအဖက္ မမိမႈ ျဖစ္ေနခ်ိန္မွာ တိုက္စစ္ကေတာ့ အားသာခ်က္မ်ားလြန္းေနၿပီး သူတင္ကိုယ္တင္ ဂိုးသြင္းမႈနဲ႔ ဒီရာသီ ပထမဝက္ကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ နည္းျပ ကေလာ့ပ္နဲ႔အတူ ႀကိဳးစားေနၾကပုံလည္း ေပၚေနတာပါ။

ဒုတိယပိုင္း ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ လီဗာပူးလ္တို႔ ထပ္မံ ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေတာက္ေလွ်ာက္ ဖိကစားေနခ်ိန္မွာ ဝက္စ္ဟမ္းတို႔ ေနာက္ကို ဆင္းခံေနခဲ့လို႔ ေနရာလြတ္ရသြားတဲ့ မကၠယ္လစၥတာက ခံစစ္တန္းေပၚကေန တိတိက်က် ေက်ာ္တင္ေပးခဲ့တဲ့ ေဘာလုံးကို ေရွ႕မွာ အခြင့္အေရးေတြ ျဖဳန္းထားခဲ့တဲ့ ႏူးညက္ဇ္က ေျမမက် Volley ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းတို႔ဘက္က ဆိုးခ်က္ခ္၊ အန္တိုနီယိုနဲ႔ ပါေကးတာတို႔အစား ေဖာ္နယ္လ္စ္၊ ကူဒူးစ္နဲ႔ ဒန္နီအင္းစ္တို႔ကို ထည့္သြင္းၿပီး ေခ်ပဂိုးထပ္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ လီဗာပူးလ္တို႔ဘက္ကေတာ့ ကားတစ္ဂ်ဳံးစ္၊ လူးဝစ္ ဒီယက္ဇ္၊ ႏူးညက္ဇ္နဲ႔ မကၠယ္လစၥတာတို႔အစား ဂရာဗင္ဘာ့ခ်္၊ ဂ်ိဳတာ၊ ဂက္ခ္ပိုနဲ႔ အန္ဒိုတို႔ကို ထည့္သြင္းၿပီး တုံ႔ျပန္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ေရာဘတ္ဆန္ရဲ႕ ေထာင့္ကန္ေဘာကေန ဗန္ဒိုက္က ဂိုးေရွ႕ကေန အျမင့္ဆုံး ခုန္ႏိုင္ခဲ့ၿပီး ေခါင္းတိုက္ခ်ေပးတဲ့ ေဘာလုံးကို ဂ်ိဳတာက ဘယ္ဘက္တိုင္နားကေန အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က ဝက္စ္ဟမ္းတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံသြားခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္မွာ ၆ ပြဲ ကစား ၁၆ မွတ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ေနာက္မွာ ဆက္လက္ရပ္တည္သြားႏိုင္ခဲ့ခ်ိန္မွာ အာဆင္နယ္ေတြဘာေတြ နားထားလိုက္ေတာ့ ဒုတိယေနရာကေန ခ်န္ပီယံကို စိန္ေခၚဖို႔ဆိုတာက ငါတို႔ပဲလို႔ ႀကဳံးဝါးသြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.