Match Report Premier League

အာတီတာရဲ့ ပရိသတ်စော်ကားမှု နောက်တစ်ပွဲမှာ သရေကျတဲ့ အာဆင်နယ်နဲ့ စပါးစ်

အာဆင်နယ်နည်းပြ အာတီတာရဲ့ ပရိသတ် စော်ကားမှုတွေကတော့ တော်တော်လေးကို တရားလွန်နေပြီလို့ပဲ ဆိုရမှာဖြစ်ပြီး အသင်းရဲ့ လူထုတ်ပုံ၊ လူစားလဲပုံတွေနဲ့ ပွဲကို ချဉ်းကပ်ပုံတွေက တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူးဆီမှာ တပည့်ခံသင့်နေပြီဖြစ်သလို ပြီးခဲ့တဲ့ ရာသီက ကောင်းနေတဲ့ အသင်းရဲ့ ပုံစံကို ပိုကောင်းအောင် မွမ်းမံရမယ့်အစား ဖျက်ဆီးပြီး ဆွဲချခဲ့တာကိုပဲ တွေ့ခဲ့ရပါတယ်။

ဒီအသင်းကနေ အထုတ်ခံရရင် ပီအက်စ်ဂျီလို အသင်းမျိုးကို လစာကောင်းကောင်းနဲ့ ပြောင်းရွှေ့နိုင်ဖို့ ကြံစည်နေသလားလို့ တွေးစရာဖြစ်ခဲ့ပြီး မာတီနယ်လီရော ထရော့ဆတ်ပါ မပါနိုင်ချိန်မှာ စမစ်ရိုးကို ပွဲထုတ်ရမယ့်အစား သုံးစားမရတဲ့ နကီးတီးယားကို ရှေ့တင်ပြီး ဂျေဆူးစ်ကို တောင်ပံထားခဲ့လို့ ကစားကွက်တစ်ခြမ်း သေခဲ့ရသလို ပွဲကို ထိန်းဖို့ ရိုက်စ်၊ ဇင်ချန်ကိုနဲ့ အော်ဒီဂွါဒ်တို့ ရုန်းကန်ခဲ့ရတာပါ။

စပါးစ်တို့ကတော့ ဒီနေ့မှာ ပုံမှန်ပွဲထွက်နေကျ ခံစစ်က မကောင်းလှပေမယ့် ဘီဆူးမား၊ ပါပီ မာတာ ဆားရ်နဲ့ မက်ဒီဆန်တို့ရဲ့ လုပ်အားနှုန်းက ကြောင်ပျောက်နေတဲ့ အာဆင်နယ်ကွင်းလယ်ကို ကောင်းကောင်းပိတ်ဆို့နိုင်ခဲ့ပြီး တောင်ပံတွေကလည်း ဆွန်ဟောင်မင်၊ ကူလူရှက်ဗ်စကီးနဲ့ ဘရင်နန် ဂျွန်ဆန်တို့က တန်ပြန်ခြိမ်းခြောက်နိုင်ခဲ့ကြပါတယ်။

အာဆင်နယ်တို့ကို စပါးစ်တို့က ခပ်ကြမ်းကြမ်း ကစားခဲ့ပေမယ့် အာတီတာရဲ့ လူတွေက တုံးအလွန်းပြီး ၁၅ မိနစ်ကတည်းက အဝါထိသွားခဲ့တဲ့ ဧည့်သည်ဘယ်နောက်ခံလူ အူဒိုဂီကို ဖိအားပေးပြီး အနီထိအောင်၊ အမှားလုပ်အောင် လိုက်ဖိရမယ့်အစား တစ်ပွဲလုံး လွှတ်ထားခဲ့တာက နည်းပြရဲ့ သွန်သင်မှုနဲ့ ကစားသမားတွေရဲ့ တုံးအမှုကို မြင်သာစေခဲ့တာပါ။

အာဆင်နယ်တို့ရဲ့ အဖွင့်ဂိုးကို ပွဲချိန် ၂၆ မိနစ်မှာ ရရှိခဲ့သလို ဆာကာရဲ့ ညာခြမ်းကနေ ချိုးဝင်ပြီး ဘယ်လောက်မှ မကောင်းလို့ ဂိုးသမား ဗီကာရီယို ကာကွယ်နိုင်လောက်တဲ့ ဘောလုံးကို ကြားထဲကနေ ခြေထောက်မြှောက်ပြီး တားဆီးလိုက်တဲ့ နောက်ခံလူ ရိုမဲရိုးရဲ့ အမှားကတော့ အုန်းဂိုးဖြစ်သွားစေခဲ့ပါတယ်။

ဂိုးရသွားချိန်မှာ မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ကို အသာစီးရပြီဆိုပြီး ပန်းမဝင်ခင် တက်ထောင်ခဲ့ကြသလို တစ်ဂိုးရတာနဲ့ ခံစစ်မှာ ကစားအားကို လျှော့ချပြီး ယောက်ဖကို ကြက်ဥတိုက်တဲ့ ကစားဟန်ကြောင့် အာဆင်နယ်တို့တွေ ရုန်းကန်ခဲ့ရပြီး တိုက်စစ်က ဂျေဆူးစ်က အခွင့်အရေးတစ်ကြိမ်ကို ဖြုန်းခဲ့သလို နကီးတီးယားကလည်း Pressing တောင် ကောင်းကောင်းမလိုက်ဘဲ ပျင်းရိလေးကန်နေခဲ့လို့ ပွဲကို စပါးစ်တို့က စီးလာခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ စပါးစ်တို့ရဲ့ ဘယ်ခြမ်းတိုက်စစ်ကနေ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပြီး ဘောလုံးကို မရှင်းနိုင်ခဲ့တဲ့ ဆာကာကြောင့် ပြန်ရသွားတဲ့ မက်ဒီဆန်က ဂိုးစည်းနားကနေ နောက်ပြန် Cut Back လုပ်ပေးရာမှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ရိုက်စ်တို့ သုံးယောက် ရှိနေတဲ့ ကြားထဲက ဆွန်ဟောင်မင်က ပိတ်သွင်းသွားခဲ့တာကတော့ နုံအလွန်းရာကျခဲ့တာဖြစ်ပြီး ပထမပိုင်းက တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ စုတ်ပြတ်ပျက်စီးနေတဲ့ နကီးတီးယားကို မထုတ်ဘဲ ဆက်ထားခဲ့ပြီး ဗီယာရာနဲ့ ရိုက်စ်ကို ထုတ်ပြီး ဂျော်ဂျင်ညိုနဲ့ ဟာဗတ်ဇ်တို့ ချဲလ်ဆီးဂျင်းအတွဲကို ထည့်သုံးခဲ့တဲ့ အာတီတာရဲ့ ဦးနှောက်ကလည်း ရွှေချထားဖို့ ကောင်းပြီး ဒဏ်ရာရှိတယ်ပဲပြောပြော ကစားနိုင်သေးတဲ့ ရိုက်စ်ကို ထုတ်ခဲ့တာက လုံးဝမှားယွင်းတဲ့ အပြုအမူဖြစ်ခဲ့သလို အာဆင်နယ်တို့အတွက် ပေးဆပ်မှု ကြီးမားခဲ့တာပါ။

ပွဲချိန် မိနစ် ၅၀ မှာ ထောင့်ကန်ဘောကနေ ဘန်ဝှိုက် ကန်သွင်းဖို့ ကြိုးစားရာမှာ မြှောက်ထားတဲ့ ရိုမဲရိုးလက်နဲ့ထိတာကြောင့် အချိန်ကြာကြာ VAR ပြန်ကြည့်ပြီးမှ ပင်နယ်တီ ပေးခဲ့တာကြောင့် ပွဲချိန် ၅၄ မိနစ်မှာမှ ကန်ခွင့်ရခဲ့တဲ့ ဆာကာက ဂိုးသမား ဗီကာရီယို ညာဘက်ကို ဒိုက်ပစ်ချိန်မှာ အလယ်တည့်တည့်ကို ကန်သွင်းပြီး ဦးဆောင်ခဲ့ပါတယ်။

သူတို့ရဲ့ ဦးဆောင်မှုက ရယ်စရာကောင်းလောက်အောင်ပဲ ၃၈ စက္ကန့်နဲ့ ရပ်တန့်သွားခဲ့ပြီး သုံးစားမရတဲ့ ဂျော်ဂျင်ညိုရဲ့ ပလာတာလုပ်နေမှုကို မက်ဒီဆန်က ဖြတ်လုသွားခဲ့ပြီးမှ 2 Vs 2 အနေအထားမှာ ဆွန်ဟောင်မင်ဆီ ထိုးပေးရာမှာ ကိုးရီးယားအိုပါးက သူ့ရဲ့ ဒီနေ့ ဒုတိယမြောက်ဂိုးအဖြစ် ရာယာကို အေးအေးဆေးဆေး အနိုင်ယူကန်သွင်းသွားခဲ့တာပါ။

နှစ်ဂိုးစီသရေဖြစ်တော့လည်း ဘာမှ အသင်းမှာ Urgency မရှိသလို အူဒိုဂီဘက်က တိုးဖို့နဲ့ စပါးစ်မှာ အညံ့ဆုံးဖြစ်နေတဲ့ ရိုမဲရိုးကို Target ထားဖို့ ဘယ်သူကမှ အတွေးမပေါ်ဘဲဖြစ်နေခဲ့ပြီး ဂိုးလိုနေချိန်မှာ မျက်နှာငယ်နဲ့ဖြစ်နေတဲ့ နကီးတီးယားကို လဲရမယ့်အစား ဂျေဆူးစ်ကို နယ်လ်ဆန်နဲ့ လဲခဲ့တာကတော့ ငိုအားထက် ရယ်အားသန်ခဲ့ရပြီး ဂိုးရှေ့မှာ အားကိုးရမလားမှတ်တဲ့ ဟာဗတ်ဇ်ကလည်း ကွင်းလယ်လူလုပ်နေခဲ့တာဖြစ်ပါတယ်။

စပါးစ်တို့ဘက်ကတော့ ပွဲကို စနစ်တကျ ထိန်းချုပ်သွားခဲ့သလို ကစားအားကျလာတဲ့ ဘရင်နန် ဂျွန်ဆန်အစား ဆော်လမွန်၊ ဒဏ်ရာအနည်းငယ် ရသွားတဲ့ မက်ဒီဆန်အစား ဟွိုင်ဘယာ့ဂ်၊ ဆွန်ဟောင်မင်အစား အာဆင်နယ်ဆိုရင် ပွဲရှာတတ်တဲ့ ရစ်ချာလစ်ဆန်တို့ကို ပိုတီကိုဂလူးက ထည့်သွင်းသွားခဲ့ပြီး ကံမလိုက်ခဲ့လို့သာ ဂိုးထပ်မရခဲ့တာပါ။

ပွဲပြီးခါနီးမှာ ဆာကာတစ်ယောက် ဆွဲလှဲတဲ့ အူဒိုဂီကြောင့် ခြေထောက်နာသွားခဲ့ပြီး လမ်းသာလျှောက်နိုင်တော့လို့ အိမ်ရှင်တွေ ကြေကွဲခဲ့ရသလို ဒါကိုတောင် စမစ်ရိုးကို နာကျင်အချိန်ပို ၇ မိနစ်ကျမှ ထည့်ခဲ့တဲ့ အာတီတာကတော့ ရယ်စရာပဲဖြစ်ခဲ့ပြီး ပွဲတွေများလေ ပိုမှားလေဖြစ်နေတဲ့ အာဆင်နယ်တို့အနေနဲ့ ချန်ပီယံလိဂ်က သူတို့အတွက် မထိုက်တန်သေးတဲ့ ပြိုင်ပွဲနဲ့ အဖျက်ပဲဆိုတာ သိသာသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့အနေနဲ့ နိုင်နေကျအသင်းကို အိမ်ကွင်းမှာ ကံကောင်းလို့ သရေကျခဲ့ရပြီး ဖူလ်ဟမ်နဲ့ သရေပွဲပါဆိုရင် အပိုင်လေးမှတ်လျော့ခဲ့ရပြီဖြစ်သလို ဒီပုံစံနဲ့ကတော့ မန်စီးတီးတို့ကို မဆိုထားနဲ့ လီဗာပူးလ်ကို ကျော်နိုင်ဖို့လည်း မဖြစ်နိုင်ဘဲ အားလုံးပျက်စီးနေကြတဲ့ ဒီရာသီမှာ အဆင့် ၄ တော့ ရနိုင်ကောင်းရဲ့လို့ပဲ ပရိသတ်တွေ မျှော်လင့်ကြရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာရဲ႕ ပရိသတ္ ေစာ္ကားမႈေတြကေတာ့ ေတာ္ေတာ္ေလးကို တရားလြန္ေနၿပီလို႔ပဲ ဆိုရမွာျဖစ္ၿပီး အသင္းရဲ႕ လူထုတ္ပုံ၊ လူစားလဲပုံေတြနဲ႔ ပြဲကို ခ်ဥ္းကပ္ပုံေတြက ေတာ့တင္ဟမ္နည္းျပ ပိုစတီကိုဂလူးဆီမွာ တပည့္ခံသင့္ေနၿပီျဖစ္သလို ၿပီးခဲ့တဲ့ ရာသီက ေကာင္းေနတဲ့ အသင္းရဲ႕ ပုံစံကို ပိုေကာင္းေအာင္ မြမ္းမံရမယ့္အစား ဖ်က္ဆီးၿပီး ဆြဲခ်ခဲ့တာကိုပဲ ေတြ႕ခဲ့ရပါတယ္။

ဒီအသင္းကေန အထုတ္ခံရရင္ ပီအက္စ္ဂ်ီလို အသင္းမ်ိဳးကို လစာေကာင္းေကာင္းနဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ႀကံစည္ေနသလားလို႔ ေတြးစရာျဖစ္ခဲ့ၿပီး မာတီနယ္လီေရာ ထေရာ့ဆတ္ပါ မပါႏိုင္ခ်ိန္မွာ စမစ္႐ိုးကို ပြဲထုတ္ရမယ့္အစား သုံးစားမရတဲ့ နကီးတီးယားကို ေရွ႕တင္ၿပီး ေဂ်ဆူးစ္ကို ေတာင္ပံထားခဲ့လို႔ ကစားကြက္တစ္ျခမ္း ေသခဲ့ရသလို ပြဲကို ထိန္းဖို႔ ႐ိုက္စ္၊ ဇင္ခ်န္ကိုနဲ႔ ေအာ္ဒီဂြါဒ္တို႔ ႐ုန္းကန္ခဲ့ရတာပါ။

စပါးစ္တို႔ကေတာ့ ဒီေန႔မွာ ပုံမွန္ပြဲထြက္ေနက် ခံစစ္က မေကာင္းလွေပမယ့္ ဘီဆူးမား၊ ပါပီ မာတာ ဆားရ္နဲ႔ မက္ဒီဆန္တို႔ရဲ႕ လုပ္အားႏႈန္းက ေၾကာင္ေပ်ာက္ေနတဲ့ အာဆင္နယ္ကြင္းလယ္ကို ေကာင္းေကာင္းပိတ္ဆို႔ႏိုင္ခဲ့ၿပီး ေတာင္ပံေတြကလည္း ဆြန္ေဟာင္မင္၊ ကူလူရွက္ဗ္စကီးနဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔က တန္ျပန္ၿခိမ္းေျခာက္ႏိုင္ခဲ့ၾကပါတယ္။

အာဆင္နယ္တို႔ကို စပါးစ္တို႔က ခပ္ၾကမ္းၾကမ္း ကစားခဲ့ေပမယ့္ အာတီတာရဲ႕ လူေတြက တုံးအလြန္းၿပီး ၁၅ မိနစ္ကတည္းက အဝါထိသြားခဲ့တဲ့ ဧည့္သည္ဘယ္ေနာက္ခံလူ အူဒိုဂီကို ဖိအားေပးၿပီး အနီထိေအာင္၊ အမွားလုပ္ေအာင္ လိုက္ဖိရမယ့္အစား တစ္ပြဲလုံး လႊတ္ထားခဲ့တာက နည္းျပရဲ႕ သြန္သင္မႈနဲ႔ ကစားသမားေတြရဲ႕ တုံးအမႈကို ျမင္သာေစခဲ့တာပါ။

အာဆင္နယ္တို႔ရဲ႕ အဖြင့္ဂိုးကို ပြဲခ်ိန္ ၂၆ မိနစ္မွာ ရရွိခဲ့သလို ဆာကာရဲ႕ ညာျခမ္းကေန ခ်ိဳးဝင္ၿပီး ဘယ္ေလာက္မွ မေကာင္းလို႔ ဂိုးသမား ဗီကာရီယို ကာကြယ္ႏိုင္ေလာက္တဲ့ ေဘာလုံးကို ၾကားထဲကေန ေျခေထာက္ေျမႇာက္ၿပီး တားဆီးလိုက္တဲ့ ေနာက္ခံလူ ႐ိုမဲ႐ိုးရဲ႕ အမွားကေတာ့ အုန္းဂိုးျဖစ္သြားေစခဲ့ပါတယ္။

ဂိုးရသြားခ်ိန္မွာ ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ကို အသာစီးရၿပီဆိုၿပီး ပန္းမဝင္ခင္ တက္ေထာင္ခဲ့ၾကသလို တစ္ဂိုးရတာနဲ႔ ခံစစ္မွာ ကစားအားကို ေလွ်ာ့ခ်ၿပီး ေယာက္ဖကို ၾကက္ဥတိုက္တဲ့ ကစားဟန္ေၾကာင့္ အာဆင္နယ္တို႔ေတြ ႐ုန္းကန္ခဲ့ရၿပီး တိုက္စစ္က ေဂ်ဆူးစ္က အခြင့္အေရးတစ္ႀကိမ္ကို ျဖဳန္းခဲ့သလို နကီးတီးယားကလည္း Pressing ေတာင္ ေကာင္းေကာင္းမလိုက္ဘဲ ပ်င္းရိေလးကန္ေနခဲ့လို႔ ပြဲကို စပါးစ္တို႔က စီးလာခဲ့တာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ စပါးစ္တို႔ရဲ႕ ဘယ္ျခမ္းတိုက္စစ္ကေန ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့ၿပီး ေဘာလုံးကို မရွင္းႏိုင္ခဲ့တဲ့ ဆာကာေၾကာင့္ ျပန္ရသြားတဲ့ မက္ဒီဆန္က ဂိုးစည္းနားကေန ေနာက္ျပန္ Cut Back လုပ္ေပးရာမွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ႐ိုက္စ္တို႔ သုံးေယာက္ ရွိေနတဲ့ ၾကားထဲက ဆြန္ေဟာင္မင္က ပိတ္သြင္းသြားခဲ့တာကေတာ့ ႏုံအလြန္းရာက်ခဲ့တာျဖစ္ၿပီး ပထမပိုင္းက တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ စုတ္ျပတ္ပ်က္စီးေနတဲ့ နကီးတီးယားကို မထုတ္ဘဲ ဆက္ထားခဲ့ၿပီး ဗီယာရာနဲ႔ ႐ိုက္စ္ကို ထုတ္ၿပီး ေဂ်ာ္ဂ်င္ညိဳနဲ႔ ဟာဗတ္ဇ္တို႔ ခ်ဲလ္ဆီးဂ်င္းအတြဲကို ထည့္သုံးခဲ့တဲ့ အာတီတာရဲ႕ ဦးေႏွာက္ကလည္း ေ႐ႊခ်ထားဖို႔ ေကာင္းၿပီး ဒဏ္ရာရွိတယ္ပဲေျပာေျပာ ကစားႏိုင္ေသးတဲ့ ႐ိုက္စ္ကို ထုတ္ခဲ့တာက လုံးဝမွားယြင္းတဲ့ အျပဳအမူျဖစ္ခဲ့သလို အာဆင္နယ္တို႔အတြက္ ေပးဆပ္မႈ ႀကီးမားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၅၀ မွာ ေထာင့္ကန္ေဘာကေန ဘန္ဝႈိက္ ကန္သြင္းဖို႔ ႀကိဳးစားရာမွာ ေျမႇာက္ထားတဲ့ ႐ိုမဲ႐ိုးလက္နဲ႔ထိတာေၾကာင့္ အခ်ိန္ၾကာၾကာ VAR ျပန္ၾကည့္ၿပီးမွ ပင္နယ္တီ ေပးခဲ့တာေၾကာင့္ ပြဲခ်ိန္ ၅၄ မိနစ္မွာမွ ကန္ခြင့္ရခဲ့တဲ့ ဆာကာက ဂိုးသမား ဗီကာရီယို ညာဘက္ကို ဒိုက္ပစ္ခ်ိန္မွာ အလယ္တည့္တည့္ကို ကန္သြင္းၿပီး ဦးေဆာင္ခဲ့ပါတယ္။

သူတို႔ရဲ႕ ဦးေဆာင္မႈက ရယ္စရာေကာင္းေလာက္ေအာင္ပဲ ၃၈ စကၠန႔္နဲ႔ ရပ္တန႔္သြားခဲ့ၿပီး သုံးစားမရတဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ ပလာတာလုပ္ေနမႈကို မက္ဒီဆန္က ျဖတ္လုသြားခဲ့ၿပီးမွ 2 Vs 2 အေနအထားမွာ ဆြန္ေဟာင္မင္ဆီ ထိုးေပးရာမွာ ကိုးရီးယားအိုပါးက သူ႔ရဲ႕ ဒီေန႔ ဒုတိယေျမာက္ဂိုးအျဖစ္ ရာယာကို ေအးေအးေဆးေဆး အႏိုင္ယူကန္သြင္းသြားခဲ့တာပါ။

ႏွစ္ဂိုးစီသေရျဖစ္ေတာ့လည္း ဘာမွ အသင္းမွာ Urgency မရွိသလို အူဒိုဂီဘက္က တိုးဖို႔နဲ႔ စပါးစ္မွာ အညံ့ဆုံးျဖစ္ေနတဲ့ ႐ိုမဲ႐ိုးကို Target ထားဖို႔ ဘယ္သူကမွ အေတြးမေပၚဘဲျဖစ္ေနခဲ့ၿပီး ဂိုးလိုေနခ်ိန္မွာ မ်က္ႏွာငယ္နဲ႔ျဖစ္ေနတဲ့ နကီးတီးယားကို လဲရမယ့္အစား ေဂ်ဆူးစ္ကို နယ္လ္ဆန္နဲ႔ လဲခဲ့တာကေတာ့ ငိုအားထက္ ရယ္အားသန္ခဲ့ရၿပီး ဂိုးေရွ႕မွာ အားကိုးရမလားမွတ္တဲ့ ဟာဗတ္ဇ္ကလည္း ကြင္းလယ္လူလုပ္ေနခဲ့တာျဖစ္ပါတယ္။

စပါးစ္တို႔ဘက္ကေတာ့ ပြဲကို စနစ္တက် ထိန္းခ်ဳပ္သြားခဲ့သလို ကစားအားက်လာတဲ့ ဘရင္နန္ ဂြၽန္ဆန္အစား ေဆာ္လမြန္၊ ဒဏ္ရာအနည္းငယ္ ရသြားတဲ့ မက္ဒီဆန္အစား ဟြိဳင္ဘယာ့ဂ္၊ ဆြန္ေဟာင္မင္အစား အာဆင္နယ္ဆိုရင္ ပြဲရွာတတ္တဲ့ ရစ္ခ်ာလစ္ဆန္တို႔ကို ပိုတီကိုဂလူးက ထည့္သြင္းသြားခဲ့ၿပီး ကံမလိုက္ခဲ့လို႔သာ ဂိုးထပ္မရခဲ့တာပါ။

ပြဲၿပီးခါနီးမွာ ဆာကာတစ္ေယာက္ ဆြဲလွဲတဲ့ အူဒိုဂီေၾကာင့္ ေျခေထာက္နာသြားခဲ့ၿပီး လမ္းသာေလွ်ာက္ႏိုင္ေတာ့လို႔ အိမ္ရွင္ေတြ ေၾကကြဲခဲ့ရသလို ဒါကိုေတာင္ စမစ္႐ိုးကို နာက်င္အခ်ိန္ပို ၇ မိနစ္က်မွ ထည့္ခဲ့တဲ့ အာတီတာကေတာ့ ရယ္စရာပဲျဖစ္ခဲ့ၿပီး ပြဲေတြမ်ားေလ ပိုမွားေလျဖစ္ေနတဲ့ အာဆင္နယ္တို႔အေနနဲ႔ ခ်န္ပီယံလိဂ္က သူတို႔အတြက္ မထိုက္တန္ေသးတဲ့ ၿပိဳင္ပြဲနဲ႔ အဖ်က္ပဲဆိုတာ သိသာသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ႏိုင္ေနက်အသင္းကို အိမ္ကြင္းမွာ ကံေကာင္းလို႔ သေရက်ခဲ့ရၿပီး ဖူလ္ဟမ္နဲ႔ သေရပြဲပါဆိုရင္ အပိုင္ေလးမွတ္ေလ်ာ့ခဲ့ရၿပီျဖစ္သလို ဒီပုံစံနဲ႔ကေတာ့ မန္စီးတီးတို႔ကို မဆိုထားနဲ႔ လီဗာပူးလ္ကို ေက်ာ္ႏိုင္ဖို႔လည္း မျဖစ္ႏိုင္ဘဲ အားလုံးပ်က္စီးေနၾကတဲ့ ဒီရာသီမွာ အဆင့္ ၄ ေတာ့ ရႏိုင္ေကာင္းရဲ႕လို႔ပဲ ပရိသတ္ေတြ ေမွ်ာ္လင့္ၾကရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.