MLS Messi

မက်ဆီ ပြန်ပါလာတာနဲ့ အစဉ်အလာမပျက် နိုင်ပွဲရယူနိုင်ခဲ့တဲ့ အင်တာ မိုင်ယာမီ

ယနေ့နံနက် ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ တိုရွန်တိုအက်ဖ်စီတို့ရဲ့ ပွဲစဉ်မှာ လီယွန်နယ် မက်ဆီရဲ့ အသင်းက ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ အင်တာ မိုင်ယာမီရဲ့ပွဲစဉ်တွေကို ၂ ပတ်နီးပါး လွဲချော်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ ပြန်လည်ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း ပထမပိုင်း ပြီးဆုံးတဲ့အထိတောင် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ ၃၆ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီရဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပြီး အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဝင်ခွင့်ပွဲစဉ် ၂ ပွဲမှာ တစ်ပွဲ ပါဝင်ကစားပေးခဲ့တဲ့ မက်ဆီဟာ ညာခြေဒဏ်ရာ သို့မဟုတ် ပွဲပမ်းမှုဒဏ်ကို ခံစားခဲ့ရပုံပေါ်ပြီး အင်တာ မိုင်ယာမီ နည်းပြ တာတာ မာတီနိုက အာဂျင်တီးနားကြယ်ပွင့်ရဲ့ ဒဏ်ရာကို လက်ရွေးစင်အသင်းက စစ်ဆေးခဲ့ပေမယ့်လည်း ဓာတ်မှန်မှာ ဘာဒဏ်ရာမှ မတွေ့ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မက်ဆီဟာ ကွင်းလယ်မှာ ညာခြေကို ဆန့်ထုတ်လိုက် ကွေးလိုက်နဲ့ သက်တောင့်သက်သာမရှိတဲ့ပုံစံကို မြင်တွေ့ခဲ့ရပြီးနောက် အင်တာ မိုင်ယာမီ နည်းပြက စက်တင်ဘာ ၂၈ ရက်နေ့မှာ ယူအက်စ်အိုးပင်းဗိုလ်လုပွဲအဖြစ် ဟူစတန် ဒိုင်နမိုနဲ့ ကစားဖို့ ရှိသေးတာကြောင့် အနားပေးဖို့အတွက် လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပြီးဆုံးခါနီး နာကျင်အချိန်ပို ၄၅+၃ မှာ ဖားရီးယပ်စ်က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ တေလာက ၅၄၊ ၈၇ မိနစ်တွေမှာ ၂ ဂိုး၊ ၇၃ မိနစ်မှာ ခရီမက်စ်ချီက တစ်ဂိုး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အင်တာ မိုင်ယာမီဟာ အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားမှာ အဆင့် ၁၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း ဖီးလ် နဗီးလက်ချက်ကြောင့် စုတ်ပြတ်သပ်ခဲ့တာကြောင့် မှတ်ပေးဇယားထိပ်ဆုံးက စင်စင်နာတီနဲ့ ၂၈ မှတ်အထိ ကွာဟနေပြီး မက်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း နိုင်ပွဲဆက်နေမှုကြောင့် Play-off ကစားခွင့်နေရာနဲ့တော့ ၅ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယနေ့နံနက် ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ တိုရွန်တိုအက်ဖ်စီတို့ရဲ့ ပွဲစဉ်မှာ လီယွန်နယ် မက်ဆီရဲ့ အသင်းက ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။






REF: INTERNET SOURCES
SPORTS A2Z.