Match Report Premier League

ဘန်လေကို အငိုက်ဖမ်းသွင်းယူခဲ့တဲ့ ဘရူနိုရဲ့ တစ်ဂိုးတည်းနဲ့ နိုင်ပွဲပြန်ရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ အီဗန်စ်၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ ရက်ဂီလွန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ နည်းပြ တန်ဟတ်က ကာစီမီရို၊ မက်တော်မီနေး၊ မေဘရီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟွိုင်လွန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

နာမည်ကြီး ထမင်းငတ်နည်းပြ ကွန်ပနီရဲ့ အိမ်ရှင် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ ဘိုင်ယာ၊ အယ်လ်ဒါခီးလ်၊ ရောဘတ်စ်နဲ့ တေလာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ကာလန်၊ ဂတ်ဒ်မွန်ဆန်၊ ဘရောင်းဟေးလ်၊ ကိုလီယိုရှိုနဲ့ ရမ်ဆေးတို့ကို စုဖွဲ့ပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ အမ်ဒူနီတစ်ဦးတည်းနဲ့ ပွဲထွက်ခဲ့တာပါ။

တာ့ဖ်မူးရ်မှာ မန်ယူတို့ ခံစစ်သာ ကစားနိုင်ခဲ့ပြီး ကစားကွက်အရ ရှုံးနိမ့်နေခဲ့သလို တန်ဟတ်အနေနဲ့ ကွန်ပနီကို ယှဉ်ပြိုင်ဖို့ထက် နောက်တန်း လုံခြုံဖို့ကိုပဲ ပစ်မှတ်ထားခဲ့ပြီး ကွင်းလယ်က ဒိုင်းမွန်းပုံအထိုင်နဲ့ ကောင်တာပဲ အားပြုခဲ့သလို ကစားသမားချင်း ကွာလတီ ကွာခြားမှုကို အမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။

ဘန်လေတို့ကတော့ ဘောလုံးကိုင်ကစားပြီး အတွဲအဖက်တွေ ကောင်းပေမယ့် Final Third Entry တွေနဲ့ End Product တွေက ထုံးစံအတိုင်း အားနည်းမြဲ အားနည်းဆဲဖြစ်နေခဲ့ချိန်မှာ ကံကောင်းမှုပါ မရှိခဲ့လို့ တိုင်ထိလိုက်၊ ဂိုးသမားတည့်တည့်ကန်လိုက်နဲ့ အိမ်ကွင်းမှာ ပထမဆုံးတစ်မှတ်ကို ရှာဖွေနိုင်ဖို့ ပျက်ကွက်ခဲ့ရတာပါ။

ဒီနေ့ပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၅ မိနစ်မှာ ခံစစ်ကနေ အီဗန်စ်က ဆွဲတက်လာပြီး ညာခြမ်း Half Space ကို အဝေးဘော ကန်တင်ပေးခဲ့ရာမှာ ဘန်လေခံစစ်က ပေါ့လျော့မှုကို အခွင့်ကောင်းယူပြီး ပြေးဝင်သွားနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က မြေမကျကန်သွင်းပြီး ဂိုးသမား ထရက်ဖို့ဒ်ကို သမ္ဘာနဲ့ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ခံစစ်ပဲ ပိတ်ကစားသွားခဲ့ကြချိန်မှာ ဘောလုံးပိုင်ဆိုင်မှုကတော့ အိမ်ရှင်တွေဘက်က ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ပေမယ့် တိုက်စစ်မှာ ကွာလတီကစားသမားမရှိမှုက ဘန်လေတို့ကို ရေတိမ်နစ်စေခဲ့ပြီး တစ်လုံးတည်းနဲ့ ပွဲပြီးသွားခဲ့တာကတော့ အားမလိုအားမရဖြစ်စေခဲ့ရပါတယ်။

မန်ယူတို့အတွက် လုံးဝ အသက်ကယ်ဆေးလိုဖြစ်ခဲ့တဲ့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရှိခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၈ ကို ပြန်ပြီး တက်ရောက်လာနိုင်ခဲ့ကြလို့ တန်ဟတ်အတွက်တော့ ဖိအားတချို့ လျော့ပါးသွားနိုင်ခဲ့ကြချိန်မှာ ဘန်လေတို့ကတော့ လူတန်ရဲ့အောက် အဆင့် ၂၀ မှာ ကျောက်ချသွားခဲ့ကြပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ အီဗန္စ္၊ လင္ဒီေလာ့ဖ္၊ ဒါေလာ့နဲ႔ ရက္ဂီလြန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ နည္းျပ တန္ဟတ္က ကာစီမီ႐ို၊ မက္ေတာ္မီေနး၊ ေမဘရီနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟြိဳင္လြန္းနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

နာမည္ႀကီး ထမင္းငတ္နည္းျပ ကြန္ပနီရဲ႕ အိမ္ရွင္ ဘန္ေလတို႔ကေတာ့ ဂိုးသမား ထရက္ဖို႔ဒ္၊ ခံစစ္မွာ ဘိုင္ယာ၊ အယ္လ္ဒါခီးလ္၊ ေရာဘတ္စ္နဲ႔ ေတလာတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ကာလန္၊ ဂတ္ဒ္မြန္ဆန္၊ ဘေရာင္းေဟးလ္၊ ကိုလီယိုရႈိနဲ႔ ရမ္ေဆးတို႔ကို စုဖြဲ႕ေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ အမ္ဒူနီတစ္ဦးတည္းနဲ႔ ပြဲထြက္ခဲ့တာပါ။

တာ့ဖ္မူးရ္မွာ မန္ယူတို႔ ခံစစ္သာ ကစားႏိုင္ခဲ့ၿပီး ကစားကြက္အရ ရႈံးနိမ့္ေနခဲ့သလို တန္ဟတ္အေနနဲ႔ ကြန္ပနီကို ယွဥ္ၿပိဳင္ဖို႔ထက္ ေနာက္တန္း လုံၿခဳံဖို႔ကိုပဲ ပစ္မွတ္ထားခဲ့ၿပီး ကြင္းလယ္က ဒိုင္းမြန္းပုံအထိုင္နဲ႔ ေကာင္တာပဲ အားျပဳခဲ့သလို ကစားသမားခ်င္း ကြာလတီ ကြာျခားမႈကို အျမတ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

ဘန္ေလတို႔ကေတာ့ ေဘာလုံးကိုင္ကစားၿပီး အတြဲအဖက္ေတြ ေကာင္းေပမယ့္ Final Third Entry ေတြနဲ႔ End Product ေတြက ထုံးစံအတိုင္း အားနည္းၿမဲ အားနည္းဆဲျဖစ္ေနခဲ့ခ်ိန္မွာ ကံေကာင္းမႈပါ မရွိခဲ့လို႔ တိုင္ထိလိုက္၊ ဂိုးသမားတည့္တည့္ကန္လိုက္နဲ႔ အိမ္ကြင္းမွာ ပထမဆုံးတစ္မွတ္ကို ရွာေဖြႏိုင္ဖို႔ ပ်က္ကြက္ခဲ့ရတာပါ။

ဒီေန႔ပြဲအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့ ပြဲခ်ိန္ ၄၅ မိနစ္မွာ ခံစစ္ကေန အီဗန္စ္က ဆြဲတက္လာၿပီး ညာျခမ္း Half Space ကို အေဝးေဘာ ကန္တင္ေပးခဲ့ရာမွာ ဘန္ေလခံစစ္က ေပါ့ေလ်ာ့မႈကို အခြင့္ေကာင္းယူၿပီး ေျပးဝင္သြားႏိုင္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ေျမမက်ကန္သြင္းၿပီး ဂိုးသမား ထရက္ဖို႔ဒ္ကို သမာၻနဲ႔ အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မန္ယူတို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ခံစစ္ပဲ ပိတ္ကစားသြားခဲ့ၾကခ်ိန္မွာ ေဘာလုံးပိုင္ဆိုင္မႈကေတာ့ အိမ္ရွင္ေတြဘက္က ၆၂ ရာခိုင္ႏႈန္းအထိ ရွိခဲ့တာျဖစ္ေပမယ့္ တိုက္စစ္မွာ ကြာလတီကစားသမားမရွိမႈက ဘန္ေလတို႔ကို ေရတိမ္နစ္ေစခဲ့ၿပီး တစ္လုံးတည္းနဲ႔ ပြဲၿပီးသြားခဲ့တာကေတာ့ အားမလိုအားမရျဖစ္ေစခဲ့ရပါတယ္။

မန္ယူတို႔အတြက္ လုံးဝ အသက္ကယ္ေဆးလိုျဖစ္ခဲ့တဲ့ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရွိခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ကို ျပန္ၿပီး တက္ေရာက္လာႏိုင္ခဲ့ၾကလို႔ တန္ဟတ္အတြက္ေတာ့ ဖိအားတခ်ိဳ႕ ေလ်ာ့ပါးသြားႏိုင္ခဲ့ၾကခ်ိန္မွာ ဘန္ေလတို႔ကေတာ့ လူတန္ရဲ႕ေအာက္ အဆင့္ ၂၀ မွာ ေက်ာက္ခ်သြားခဲ့ၾကပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.