မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ မက်သီယူးစ် နူးနက်စ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ ဒိုကူးနဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား တာနာ၊ ခံစစ်မှာ ဘိုလီ၊ နီယာခါတေး၊ အူရီယေး၊ အိုင်နာနဲ့ နူနို တာဗာရက်စ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ မန်ဂါလာ၊ ဆန်ဂါရေး၊ ဂစ်ဘ်စ်-ဝှိုက်နဲ့ ဒိုမင်ဂက်ဇ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အဝိုနီယီ တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။
မန်စီးတီးတို့အနေနဲ့ ပွဲစကတည်းက ခေါင်းလောင်းတီးတာနဲ့ စုံပစ်ဝင်တဲ့ လက်ဝှေ့သမားလို ဖိကစားလာခဲ့ပြီး ဖောရက်စ်တို့ကတော့ ပိတ်ဆို့ကစားခဲ့ပေမယ့် ငါးယောက်ခံစစ်မှာ ဗဟိုခံစစ်သမားနှစ်ယောက်သာ ပါဝင်ခဲ့လို့ ပုံမကျ ပန်းမကျဖြစ်နေခဲ့ပြီး ဝေါရဲလ်ကို သုံးရမယ့်အစား အူရီယေးကို အလယ်ထည့်ထားခဲ့တာက စတိဗ် ကူးပါးရဲ့ နည်းစနစ်ကို မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။
ပွဲချိန် ၇ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရိုဒရီ တင်ပေးလိုက်တဲ့ ဘောလုံးကို ညာတောင်ပံကနေ ပြေးလိုက်ပြီး ဂိုးစည်းနားကနေ နောက်ပြန် Cut Back ပြန်လုပ်ပေးတဲ့ ဝေါ်လ်ကာရဲ့ ပေးပို့မှုကို နောက်က ပါလာတဲ့ ဖိုဒန်က မနားတမ်း Volley ကန်သွင်းပြီး ဖောရက်စ်ဂိုးသမား တာနာကို အနိုင်ယူသွားခဲ့တာပါ။
ပွဲချိန် ၁၄ မိနစ်မှာ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ဖောရက်စ်နောက်ခံလူ တာဗာရက်စ်ရဲ့ ရှင်းထုတ်မှုကနေ နူးနက်စ် ပြန်ရသွားခဲ့ပြီး ဖိုဒန်နဲ့ အပေးအယူလုပ်ပြီးမှ ဧရိယာထဲအရောက်မှာ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို ဟားလန်းက ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၃၉ မိနစ်မှာ နာသွားတဲ့ တာဗာရက်စ်အစား ဖောရက်စ်တို့က မွန်တီယယ်လ်ကို ထည့်သွင်းခဲ့သလို ပိတ်ကစားဖို့ ကြိုးစားနေတာကြောင့် မန်စီးတီးတို့တွေအနေနဲ့ သိပ်ပြီး အခွင့်အရေးတွေ မရမနေ ဖန်တီးဖို့ မကြိုးစားဘဲ ပိုင်လောက်မှ ထိထိရောက်ရောက် ထိုးနှက်တဲ့ ပုံစံမျိုးနဲ့ ပွဲကို အေးအေးဆေးဆေး ချဉ်းကပ်သွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။
ဒုတိယပိုင်း ပြန်စစချင်းမှာတော့ ဘောလုံးလုရင်း ဖောရက်စ်ကွင်းလယ်လူ ဂစ်ဘ်စ်-ဝှိုက်ကို လည်မျိုဆောင့်တွန်းခဲ့တဲ့ ရိုဒရီ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရသလို မန်စီးတီးတို့ ပွဲချိန်တဝက်ကို ၁၀ ယောက်နဲ့ ကစားဖို့ဖြစ်လာခဲ့ပြီး သုံးပွဲပယ်ခံရမယ်ဆိုရင်တော့ အာဆင်နယ်နဲ့ အရေးကြီးတဲ့ အဝေးကွင်း ပွဲစဉ်ကို လွဲချော်ဖို့လည်း ရှိနေခဲ့ပါတယ်။
မန်စီးတီးတို့ဘက်က ဒိုကူးအစား ကယ်လ်ဗင် ဖိလစ်ကို ထည့်ပြီး ခံစစ်ကစားဖို့ ပြင်ဆင်ခဲ့သလို အဝိုနီယီကတော့ အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပြီး ဖောရက်စ်နည်းပြ စတိဗ် ကူးပါးကတော့ ဆန်ဂါရေးနဲ့ အူရီယေးတို့အစား အီလန်ဂါနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ကို ထည့်သွင်းသွားခဲ့သလို အလယ်မှာ အဆုံးသတ်သမား လိုအပ်နေတာကို နားမလည်ဘဲ တုံးအခဲ့တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။
ခံစစ်က အဝါထိထားတဲ့ အာကန်ဂျီကို ကူညီဖို့ အယ်လ်ဗာရက်ဇ်အစား အာကေကို မန်စီးတီးတို့ ထပ်လဲပြီး နောက်တန်း ၅ ယောက်အထိ ပိတ်ကစားသွားခဲ့ချိန်မှာ ဖောရက်စ်တို့ကတော့ အဝိုနီယီနဲ့ အိုင်နာတို့အစား ခရစ္စဝုဒ်နဲ့ အိုရီဂီတို့ကို ထည့်သွင်းခဲ့ပေမယ့် ဖြတ်တင်ဘောတွေ မလုပ်နိုင်တဲ့ စိတ်ပျက်စရာ တောင်ပံသမားတွေရော နောက်ခံလူတွေကြောင့်ပါ အိမ်ရှင်တွေ ရင်မခုန်ခဲ့ရတာဖြစ်ပါတယ်။
ဖရီးကစ်ကနေ အလစ်အငိုက်ဖမ်းပြီး အာကေရဲ့ ဖန်တီးမှုကနေ ဟားလန်းက အပိုင်တစ်ဂိုးကို ဖြုန်းတီးပစ်ခဲ့သလို နာကျင်အချိန်ပို ၇ မိနစ်ကို ကျော်ဖြတ်အပြီးမှာတော့ မန်စီးတီးတို့က ဖောရက်စ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ အောင်ပွဲခံသွားခဲ့ပြီး ပရီးမီးယားလိဂ်ဇယားထိပ်ကနေ ဆက်လက်ဦးဆောင်ဖို့ ၁၀၀ ရာခိုင်နှုန်း မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာကန္ဂ်ီ၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ မက္သီယူးစ္ ႏူးနက္စ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖိုဒန္၊ ဒိုကူးနဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား တာနာ၊ ခံစစ္မွာ ဘိုလီ၊ နီယာခါေတး၊ အူရီေယး၊ အိုင္နာနဲ႔ ႏူႏို တာဗာရက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ မန္ဂါလာ၊ ဆန္ဂါေရး၊ ဂစ္ဘ္စ္-ဝႈိက္နဲ႔ ဒိုမင္ဂက္ဇ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အဝိုနီယီ တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။
မန္စီးတီးတို႔အေနနဲ႔ ပြဲစကတည္းက ေခါင္းေလာင္းတီးတာနဲ႔ စုံပစ္ဝင္တဲ့ လက္ေဝွ႔သမားလို ဖိကစားလာခဲ့ၿပီး ေဖာရက္စ္တို႔ကေတာ့ ပိတ္ဆို႔ကစားခဲ့ေပမယ့္ ငါးေယာက္ခံစစ္မွာ ဗဟိုခံစစ္သမားႏွစ္ေယာက္သာ ပါဝင္ခဲ့လို႔ ပုံမက် ပန္းမက်ျဖစ္ေနခဲ့ၿပီး ေဝါရဲလ္ကို သုံးရမယ့္အစား အူရီေယးကို အလယ္ထည့္ထားခဲ့တာက စတိဗ္ ကူးပါးရဲ႕ နည္းစနစ္ကို ေမးခြန္းထုတ္စရာျဖစ္ခဲ့ရပါတယ္။
ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ႐ိုဒရီ တင္ေပးလိုက္တဲ့ ေဘာလုံးကို ညာေတာင္ပံကေန ေျပးလိုက္ၿပီး ဂိုးစည္းနားကေန ေနာက္ျပန္ Cut Back ျပန္လုပ္ေပးတဲ့ ေဝၚလ္ကာရဲ႕ ေပးပို႔မႈကို ေနာက္က ပါလာတဲ့ ဖိုဒန္က မနားတမ္း Volley ကန္သြင္းၿပီး ေဖာရက္စ္ဂိုးသမား တာနာကို အႏိုင္ယူသြားခဲ့တာပါ။
ပြဲခ်ိန္ ၁၄ မိနစ္မွာ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ေဖာရက္စ္ေနာက္ခံလူ တာဗာရက္စ္ရဲ႕ ရွင္းထုတ္မႈကေန ႏူးနက္စ္ ျပန္ရသြားခဲ့ၿပီး ဖိုဒန္နဲ႔ အေပးအယူလုပ္ၿပီးမွ ဧရိယာထဲအေရာက္မွာ အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို ဟားလန္းက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၃၉ မိနစ္မွာ နာသြားတဲ့ တာဗာရက္စ္အစား ေဖာရက္စ္တို႔က မြန္တီယယ္လ္ကို ထည့္သြင္းခဲ့သလို ပိတ္ကစားဖို႔ ႀကိဳးစားေနတာေၾကာင့္ မန္စီးတီးတို႔ေတြအေနနဲ႔ သိပ္ၿပီး အခြင့္အေရးေတြ မရမေန ဖန္တီးဖို႔ မႀကိဳးစားဘဲ ပိုင္ေလာက္မွ ထိထိေရာက္ေရာက္ ထိုးႏွက္တဲ့ ပုံစံမ်ိဳးနဲ႔ ပြဲကို ေအးေအးေဆးေဆး ခ်ဥ္းကပ္သြားခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာပါ။
ဒုတိယပိုင္း ျပန္စစခ်င္းမွာေတာ့ ေဘာလုံးလုရင္း ေဖာရက္စ္ကြင္းလယ္လူ ဂစ္ဘ္စ္-ဝႈိက္ကို လည္မ်ိဳေဆာင့္တြန္းခဲ့တဲ့ ႐ိုဒရီ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ခံခဲ့ရသလို မန္စီးတီးတို႔ ပြဲခ်ိန္တဝက္ကို ၁၀ ေယာက္နဲ႔ ကစားဖို႔ျဖစ္လာခဲ့ၿပီး သုံးပြဲပယ္ခံရမယ္ဆိုရင္ေတာ့ အာဆင္နယ္နဲ႔ အေရးႀကီးတဲ့ အေဝးကြင္း ပြဲစဥ္ကို လြဲေခ်ာ္ဖို႔လည္း ရွိေနခဲ့ပါတယ္။
မန္စီးတီးတို႔ဘက္က ဒိုကူးအစား ကယ္လ္ဗင္ ဖိလစ္ကို ထည့္ၿပီး ခံစစ္ကစားဖို႔ ျပင္ဆင္ခဲ့သလို အဝိုနီယီကေတာ့ အခြင့္အေရးေကာင္းကို လြဲေခ်ာ္ခဲ့ၿပီး ေဖာရက္စ္နည္းျပ စတိဗ္ ကူးပါးကေတာ့ ဆန္ဂါေရးနဲ႔ အူရီေယးတို႔အစား အီလန္ဂါနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကို ထည့္သြင္းသြားခဲ့သလို အလယ္မွာ အဆုံးသတ္သမား လိုအပ္ေနတာကို နားမလည္ဘဲ တုံးအခဲ့တာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။
ခံစစ္က အဝါထိထားတဲ့ အာကန္ဂ်ီကို ကူညီဖို႔ အယ္လ္ဗာရက္ဇ္အစား အာေကကို မန္စီးတီးတို႔ ထပ္လဲၿပီး ေနာက္တန္း ၅ ေယာက္အထိ ပိတ္ကစားသြားခဲ့ခ်ိန္မွာ ေဖာရက္စ္တို႔ကေတာ့ အဝိုနီယီနဲ႔ အိုင္နာတို႔အစား ခရစၥဝုဒ္နဲ႔ အိုရီဂီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ျဖတ္တင္ေဘာေတြ မလုပ္ႏိုင္တဲ့ စိတ္ပ်က္စရာ ေတာင္ပံသမားေတြေရာ ေနာက္ခံလူေတြေၾကာင့္ပါ အိမ္ရွင္ေတြ ရင္မခုန္ခဲ့ရတာျဖစ္ပါတယ္။
ဖရီးကစ္ကေန အလစ္အငိုက္ဖမ္းၿပီး အာေကရဲ႕ ဖန္တီးမႈကေန ဟားလန္းက အပိုင္တစ္ဂိုးကို ျဖဳန္းတီးပစ္ခဲ့သလို နာက်င္အခ်ိန္ပို ၇ မိနစ္ကို ေက်ာ္ျဖတ္အၿပီးမွာေတာ့ မန္စီးတီးတို႔က ေဖာရက္စ္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ေအာင္ပြဲခံသြားခဲ့ၿပီး ပရီးမီးယားလိဂ္ဇယားထိပ္ကေန ဆက္လက္ဦးေဆာင္ဖို႔ ၁၀၀ ရာခိုင္ႏႈန္း မွတ္တမ္းကို ဆက္လက္ထိန္းသိမ္းသြားႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.