Premier League

ဂန်းနားတွေကို သေလောက်တဲ့အထိ ကြောက်သွားအောင်လုပ်ပြမယ်ဆိုတဲ့ ပေါ်စတီကိုဂလူ

အန်ဂီ ပေါ်စတီကိုဂလူက တော့တင်ဟမ်ဟာ တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်ကို သေလောက်အောင် ကြောက်ရွံ့သွားအောင် လုပ်ပြချင်တယ်လို့ ပြောဆိုခဲ့ပြီး ၎င်းနဲ့ အာတီတာတို့ကို အနုပညာရှင်တွေအဖြစ်နဲ့ နှိုင်းယှဉ်လို့မရနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပေါ်စတီကိုဂလူက သောကြာနေ့မှာ တခြားနည်းပြတစ်ယောက်ရဲ့ တိုက်စစ် အတွေးအခေါ်အယူအဆကို ကော်ပီကူးချဖို့ ကြိုးစားတာက ပီကာဆိုကို အတုခိုးတာနဲ့ တူလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဩစတြေးလျနိုင်ငံသား နည်းပြက ၎င်းရဲ့ ကိုယ်ပိုင် ချဉ်းကပ်ပုံနဲ့သာ ၂၀၁၀ နောက်ပိုင်း အာဆင်နယ်အိမ်ကွင်းမှာ စပါးစ်ကို ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲ ရရှိစေလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ပေါ်စတီကိုဂလူဟာ မန်စီးတီးရဲ့ မိတ်ဖက်ကလပ်တွေထဲက တစ်သင်းဖြစ်တဲ့ ယိုကိုဟားမား မာရီနို့စ်ကို နည်းပြခဲ့ချိန်တုန်းက အာတီတာကို မြင်တွေ့ခဲ့ဖူးပြီး စပိန်လူမျိုးနည်းပြက မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့လက်ထောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ယိုကိုဟားမားမှာ ပထမဆုံးအလုပ်ရခဲ့တဲ့အချိန်တုန်းက စီးတီးမှာ တစ်ပတ်လောက် အချိန်ကုန်ဆုံးခဲ့တယ်။ ကျွန်တော် လေ့ကျင့်ရေးကို လေ့လာခဲ့ပြီး ပွဲနဲ့ပတ်သက်ပြီး အာတီတာ ဘယ်လောက်အထိ စိတ်အားထက်သန်မှုရှိလဲဆိုတာ ခင်ဗျား မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့က မနီးစပ်ပါဘူး။ ကျွန်တော်က အသက် ၅၈ ရှိပါပြီ။ သူက အသက်ဘယ်လောက်လဲမသိဘူး။ ကျွန်တော် နည်းပြလာတာ ၂၆ နှစ်ရှိပြီ။ သူက ၅ နှစ်လားပဲရှိပါသေးတယ်။ သူက တစ်နိုင်ငံတည်းမှာပဲ နည်းပြခဲ့ဖူးတာ။ ကျွန်တော်က နိုင်ငံအနည်းငယ်မှာ နည်းပြခဲ့ဖူးတယ်။ သူ ဆံပင်တွေ ဘယ်လိုဖြစ်ပြီး အရမ်းနက်မှောင်ပြီး သန်စွမ်းနေလဲ မသိဘူး။ သူက ကျွန်တော့်ထက်တော့ အများကြီး ကြံ့ခိုင်မှုရှိပါတယ်။ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ကြားမှာ ချိတ်ဆက်လို့ရနိုင်တဲ့ အကြောင်းအရာတွေအများကြီးရှိမနေပါဘူး။ ကျွန်တော်တို့က ဆန့်ကျင်ဘက်လို့တော့ မပြောပါဘူး။ ကျွန်တော်တို့က မတူညီတာပါ။ အသင်းကို ကစားစေတဲ့နည်းလမ်းမှာတောင်မှ မတူညီပါဘူး။ ဟုတ်ပါတယ်။ သူက တိုက်စစ်အရမ်းအားသန်တယ်။ ဒါပေမယ့် ကျွန်တော့် တိုက်စစ်ကစားပုံနဲ့တော့ မတူပါဘူး။ ဒါက ပြိုင်ပွဲရဲ့ အလှတရားပဲ။ အဲဒါကြောင့်ပဲ ခင်ဗျား ကော်ပီကူးလို့မရနိုင်တာပါ။ ခင်ဗျားသာ အနုပညာရှင်ဖြစ်ပြီး ပီကာဆိုကို မြင်ရင် ခင်ဗျား သူ့ကို ကော်ပီကူးနိင်တယ်။ ဒါပေမယ့် ပီကာဆိုတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဟုတ်တယ်မလား။ ဘောလုံးမှာလည်း အဲဒီအတိုင်းပါပဲ”

ပေါ်စတီကိုဂလူဟာ ပိုမိုအားကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရာမှာ ပွဲကို မတူညီတဲ့ပုံစံနဲ့ ချဉ်းကပ်မှာလား(ခံစစ်ပိုကစားမလား)လို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကျွန်တော်တို့ ကစားပုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ကို အသက်ထွက်အောင် ကြောက်ရွံ့သွားတဲ့အထိ လုပ်သွားမှာပါ။ ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ ကစားနေကျ ပုံစံအတိုင်း မကစားနိုင်ဘူးဆိုရင် သရေရအောင် ကစားပြီး ရှင်သန်အောင် လုပ်ရမယ်ဆိုရင် ကျွန်တော်တို့ အမှန်တကယ် လေ့လာသင်ယူခဲ့တာက ဘာလဲ။ မိနစ် ၉၀ ကစားရတဲ့ ပြိုင်ပွဲကနေ ရှင်သန်ကျန်ရစ်အောင် လုပ်ရတဲ့အပြင်ဘာရှိလဲ။ ဘာမှမရှိဘူး။ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ကစားသွားမှာပါ။”လို့ သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဂီ ေပၚစတီကိုဂလူက ေတာ့တင္ဟမ္ဟာ တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္ကို ေသေလာက္ေအာင္ ေၾကာက္႐ြံ႕သြားေအာင္ လုပ္ျပခ်င္တယ္လို႔ ေျပာဆိုခဲ့ၿပီး ၎နဲ႔ အာတီတာတို႔ကို အႏုပညာရွင္ေတြအျဖစ္နဲ႔ ႏႈိင္းယွဥ္လို႔မရႏိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚစတီကိုဂလူက ေသာၾကာေန႔မွာ တျခားနည္းျပတစ္ေယာက္ရဲ႕ တိုက္စစ္ အေတြးအေခၚအယူအဆကို ေကာ္ပီကူးခ်ဖို႔ ႀကိဳးစားတာက ပီကာဆိုကို အတုခိုးတာနဲ႔ တူလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး ဩစေၾတးလ်ႏိုင္ငံသား နည္းျပက ၎ရဲ႕ ကိုယ္ပိုင္ ခ်ဥ္းကပ္ပုံနဲ႔သာ ၂၀၁၀ ေနာက္ပိုင္း အာဆင္နယ္အိမ္ကြင္းမွာ စပါးစ္ကို ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲ ရရွိေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ေပၚစတီကိုဂလူဟာ မန္စီးတီးရဲ႕ မိတ္ဖက္ကလပ္ေတြထဲက တစ္သင္းျဖစ္တဲ့ ယိုကိုဟားမား မာရီႏို႔စ္ကို နည္းျပခဲ့ခ်ိန္တုန္းက အာတီတာကို ျမင္ေတြ႕ခဲ့ဖူးၿပီး စပိန္လူမ်ိဳးနည္းျပက မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕လက္ေထာက္အျဖစ္နဲ႔ တာဝန္ထမ္းေဆာင္ေနခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ယိုကိုဟားမားမွာ ပထမဆုံးအလုပ္ရခဲ့တဲ့အခ်ိန္တုန္းက စီးတီးမွာ တစ္ပတ္ေလာက္ အခ်ိန္ကုန္ဆုံးခဲ့တယ္။ ကြၽန္ေတာ္ ေလ့က်င့္ေရးကို ေလ့လာခဲ့ၿပီး ပြဲနဲ႔ပတ္သက္ၿပီး အာတီတာ ဘယ္ေလာက္အထိ စိတ္အားထက္သန္မႈရွိလဲဆိုတာ ခင္ဗ်ား ျမင္ေတြ႕ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔က မနီးစပ္ပါဘူး။ ကြၽန္ေတာ္က အသက္ ၅၈ ရွိပါၿပီ။ သူက အသက္ဘယ္ေလာက္လဲမသိဘူး။ ကြၽန္ေတာ္ နည္းျပလာတာ ၂၆ ႏွစ္ရွိၿပီ။ သူက ၅ ႏွစ္လားပဲရွိပါေသးတယ္။ သူက တစ္ႏိုင္ငံတည္းမွာပဲ နည္းျပခဲ့ဖူးတာ။ ကြၽန္ေတာ္က ႏိုင္ငံအနည္းငယ္မွာ နည္းျပခဲ့ဖူးတယ္။ သူ ဆံပင္ေတြ ဘယ္လိုျဖစ္ၿပီး အရမ္းနက္ေမွာင္ၿပီး သန္စြမ္းေနလဲ မသိဘူး။ သူက ကြၽန္ေတာ့္ထက္ေတာ့ အမ်ားႀကီး ႀကံ့ခိုင္မႈရွိပါတယ္။ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔ ၾကားမွာ ခ်ိတ္ဆက္လို႔ရႏိုင္တဲ့ အေၾကာင္းအရာေတြအမ်ားႀကီးရွိမေနပါဘူး။ ကြၽန္ေတာ္တို႔က ဆန႔္က်င္ဘက္လို႔ေတာ့ မေျပာပါဘူး။ ကြၽန္ေတာ္တို႔က မတူညီတာပါ။ အသင္းကို ကစားေစတဲ့နည္းလမ္းမွာေတာင္မွ မတူညီပါဘူး။ ဟုတ္ပါတယ္။ သူက တိုက္စစ္အရမ္းအားသန္တယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ တိုက္စစ္ကစားပုံနဲ႔ေတာ့ မတူပါဘူး။ ဒါက ၿပိဳင္ပြဲရဲ႕ အလွတရားပဲ။ အဲဒါေၾကာင့္ပဲ ခင္ဗ်ား ေကာ္ပီကူးလို႔မရႏိုင္တာပါ။ ခင္ဗ်ားသာ အႏုပညာရွင္ျဖစ္ၿပီး ပီကာဆိုကို ျမင္ရင္ ခင္ဗ်ား သူ႔ကို ေကာ္ပီကူးနိင္တယ္။ ဒါေပမယ့္ ပီကာဆိုေတာ့ ျဖစ္မွာမဟုတ္ပါဘူး။ ဟုတ္တယ္မလား။ ေဘာလုံးမွာလည္း အဲဒီအတိုင္းပါပဲ”

ေပၚစတီကိုဂလူဟာ ပိုမိုအားေကာင္းတဲ့အသင္းနဲ႔ ရင္ဆိုင္ရာမွာ ပြဲကို မတူညီတဲ့ပုံစံနဲ႔ ခ်ဥ္းကပ္မွာလား(ခံစစ္ပိုကစားမလား)လို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “ကြၽန္ေတာ္တို႔ ကစားပုံနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ေျပာင္းလဲမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ သူတို႔ကို အသက္ထြက္ေအာင္ ေၾကာက္႐ြံ႕သြားတဲ့အထိ လုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔ အဲဒီလို မလုပ္ႏိုင္ဘူး၊ ကြၽန္ေတာ္တို႔ ကစားေနက် ပုံစံအတိုင္း မကစားႏိုင္ဘူးဆိုရင္ သေရရေအာင္ ကစားၿပီး ရွင္သန္ေအာင္ လုပ္ရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အမွန္တကယ္ ေလ့လာသင္ယူခဲ့တာက ဘာလဲ။ မိနစ္ ၉၀ ကစားရတဲ့ ၿပိဳင္ပြဲကေန ရွင္သန္က်န္ရစ္ေအာင္ လုပ္ရတဲ့အျပင္ဘာရွိလဲ။ ဘာမွမရွိဘူး။ ကြၽန္ေတာ္တို႔ ကစားခ်င္တဲ့ပုံစံအတိုင္း ကစားသြားမွာပါ။”လို႔ သတိေပးေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.