Premier League

မြောက်လန်ဒန်ဒါဘီမှာ ဂန်းနားစံချိန်ကို ဆာကာရိုက်ချိုးနိုင်ဖို့ ကူညီပေးနိုင်တဲ့ အာတီတာ

အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ ယခုအပတ် အမ်းမရိတ်စ်မှာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ယခုရာသီ ရှုံးပွဲမရှိသေးတဲ့ ၂ သင်းကြား အားပြိုင်မှုဖြစ်လာမှာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ စပါးစ်နဲ့ ကစားရမယ့် တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် အသင်းအတွက် ပရီးမီးယားလိဂ်စံချိန်ကို ရိုက်ချိုးနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အာဆင်နယ်ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး အာတီတာရဲ့အသင်းအတွက် အပတ်စဉ်တိုင်း အရေးပါတဲ့ကစားသမားဖြစ်ကြောင်း ဆက်လက် သက်သေပြသနေတာဖြစ်ပါတယ်။

ဆာကာဟာ ယခုရာသီ ပြိုင်ပွဲစုံ ၇ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ မကြာသေးမီကမှ ကြီးမားတဲ့ ကာလရှည်စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဆာကာဟာ ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း အဓိကကစားသမားဖြစ်လာခဲ့ပြီး ဆာကာရဲ့ အာဆင်နယ်နဲ့ ချုပ်ဆိုခဲ့တဲ့ ၄ နှစ်စာချုပ်အရ တစ်ပတ်လုပ်ခလစာဟာ ပေါင် ၃ သိန်းအထိ မြင့်တက်လာနိုင်တဲ့ ဆုကြေးငွေပါဝင်တဲ့ ပေါင် ၂ သိန်းဖြစ်ပါတယ်။

ဆာကာဟာ အာဆင်နယ်ရဲ့ လစာအမြင့်မားဆုံး ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ ဟေးအမ်း အကယ်ဒမီထွက်ဟာ စပါးစ်နဲ့ ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခြင်းခံရမယ်ဆိုရင် အာဆင်နယ်ရဲ့ မယုံနိုင်စရာ စံချိန်မှတ်တမ်းတစ်ခုကို ရိုက်ချိုးနိုင်တော့မှာဖြစ်ပါတယ်။

ဆာကာဟာ အန်ဂီ ပိုစတီကိုဂလူရဲ့ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲမှာ ပါဝင်ကစားပေးခွင့်ရမယ်ဆိုရင် အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၈၆ ပွဲဆက်တိုက် ပွဲထွက်ပါဝင်ကစားပေးတဲ့ပွဲဖြစ်လာမှာဖြစ်ပြီး အဲဒီပွဲအရေအတွက်ဟာ ပရီးမီးယားလိဂ်သမိုင်းက ဘယ်လိုအာဆင်နယ်ကစားသမားမျိုးထက်မဆို ပိုမိုများပြားသွားမှာဖြစ်ပါတယ်။

ဆာကာဟာ လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ်ကစားသမားအများအပြားထက် ပွဲထွက်ပါဝင်ကစားပေးထားတဲ့ပွဲစဉ် အများဆုံးကစားသမားဖြစ်နေပြီးသားဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူး ယိုအန်း ဝစ်ဆာကလည်း ၆၉ ပွဲဆက်တိုက် ပါဝင်ကစားပေးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဆာကာဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပြီး တိုက်စစ်ရွေးချယ်စရာတွေ အများအပြားရှိနေတဲ့ ထိပ်တန်းအသင်းကြီးအတွက် ကစားပေးနေတာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ အင်္ဂလန်တောင်ပံကြယ်ပွင့်အတွက် မယုံနိုင်စရာ အောင်မြင်မှုဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ဟာ ယခုအပတ္ အမ္းမရိတ္စ္မွာ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကမွာျဖစ္ၿပီး ယခုရာသီ ရႈံးပြဲမရွိေသးတဲ့ ၂ သင္းၾကား အားၿပိဳင္မႈျဖစ္လာမွာလည္း ျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ စပါးစ္နဲ႔ ကစားရမယ့္ တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မတိုင္ခင္ အသင္းအတြက္ ပရီးမီးယားလိဂ္စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနတာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ၂ ရာသီအတြင္း အာဆင္နယ္ရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္လာခဲ့သူျဖစ္ၿပီး အာတီတာရဲ႕အသင္းအတြက္ အပတ္စဥ္တိုင္း အေရးပါတဲ့ကစားသမားျဖစ္ေၾကာင္း ဆက္လက္ သက္ေသျပသေနတာျဖစ္ပါတယ္။

ဆာကာဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၇ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ မၾကာေသးမီကမွ ႀကီးမားတဲ့ ကာလရွည္စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဆာကာဟာ ေဆာက္ဂိတ္ရဲ႕ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္လည္း အဓိကကစားသမားျဖစ္လာခဲ့ၿပီး ဆာကာရဲ႕ အာဆင္နယ္နဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ ၄ ႏွစ္စာခ်ဳပ္အရ တစ္ပတ္လုပ္ခလစာဟာ ေပါင္ ၃ သိန္းအထိ ျမင့္တက္လာႏိုင္တဲ့ ဆုေၾကးေငြပါဝင္တဲ့ ေပါင္ ၂ သိန္းျဖစ္ပါတယ္။

ဆာကာဟာ အာဆင္နယ္ရဲ႕ လစာအျမင့္မားဆုံး ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ ေဟးအမ္း အကယ္ဒမီထြက္ဟာ စပါးစ္နဲ႔ ကစားရမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ ေ႐ြးခ်ယ္ျခင္းခံရမယ္ဆိုရင္ အာဆင္နယ္ရဲ႕ မယုံႏိုင္စရာ စံခ်ိန္မွတ္တမ္းတစ္ခုကို ႐ိုက္ခ်ိဳးႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဆာကာဟာ အန္ဂီ ပိုစတီကိုဂလူရဲ႕ ပုံမွန္ေျခစြမ္း ရရွိေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ပြဲမွာ ပါဝင္ကစားေပးခြင့္ရမယ္ဆိုရင္ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ ၈၆ ပြဲဆက္တိုက္ ပြဲထြက္ပါဝင္ကစားေပးတဲ့ပြဲျဖစ္လာမွာျဖစ္ၿပီး အဲဒီပြဲအေရအတြက္ဟာ ပရီးမီးယားလိဂ္သမိုင္းက ဘယ္လိုအာဆင္နယ္ကစားသမားမ်ိဳးထက္မဆို ပိုမိုမ်ားျပားသြားမွာျဖစ္ပါတယ္။

ဆာကာဟာ လက္ရွိအခ်ိန္မွာလည္း ပရီးမီးယားလိဂ္ကစားသမားအမ်ားအျပားထက္ ပြဲထြက္ပါဝင္ကစားေပးထားတဲ့ပြဲစဥ္ အမ်ားဆုံးကစားသမားျဖစ္ေနၿပီးသားျဖစ္ၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉး ယိုအန္း ဝစ္ဆာကလည္း ၆၉ ပြဲဆက္တိုက္ ပါဝင္ကစားေပးဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဆာကာဟာ အသက္ ၂၂ ႏွစ္အ႐ြယ္သာရွိေသးၿပီး တိုက္စစ္ေ႐ြးခ်ယ္စရာေတြ အမ်ားအျပားရွိေနတဲ့ ထိပ္တန္းအသင္းႀကီးအတြက္ ကစားေပးေနတာကို ထည့္သြင္းစဥ္းစားမယ္ဆိုရင္ေတာ့ အဂၤလန္ေတာင္ပံၾကယ္ပြင့္အတြက္ မယုံႏိုင္စရာ ေအာင္ျမင္မႈျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.