Premier League

မန်ယူနိုက်တက် တန်းဆင်းနိုင်ခြေရှိလား အဖြေပေးခဲ့တဲ့ Opta

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့အတွက် အခွင့်အရေး ၁၀ ရာခိုင်နှုန်းသာရှိတယ်လို့ အယုံကြည်ရဆုံး ကိန်းဂဏန်းအချက်အလက် ပြုစုသူ Opta ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို အဆိုးရွားဆုံးပုံစံနဲ့ စတင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၅ ပွဲကစားပြီးနောက်မှာ အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက် အားကောင်းတဲ့ စတင်မှုကို ပြုလုပ်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို ကာရာဘောင်းဖလား ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်ရဲ့ အချိန်ကောင်းတွေဟာ ယခုရာသီမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပုံပေါ်ပြီး ပရီးမီးယားလိဂ် ၁၃ ကြိမ် ချန်ပီယံတွေဟာ ရာသီအစောပိုင်းကာလကတည်းက တော်တော်လေး အခြေအနေ ဆိုးရွားနေခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီအဖွင့်ပွဲစဉ်မှာ ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ နောက်ကနေ အနိုင်လိုက်ကစားခဲ့ပြီးကတည်းက စပါးစ်၊ အာဆင်နယ်၊ ဘရိုက်တန်တို့ကို ယခုလအတွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အားကစား ကိန်းဂဏန်းလေ့လာဆန်းစစ်သူ Opta က လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရာသီကုန် အမှတ်ပေးဇယားရပ်တည်မှုကို ဟောကိန်းထုတ်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အတွက်တော့ သတင်းကောင်းမဟုတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရနိုင်ခြေ သုည ရာခိုင်နှုန်းအထိ သတ်မှတ်ခြင်း ခံခဲ့ရပြီး ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်ခြေက ၀.၆ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

တတိယနေရာအတွက် ၂.၆ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးနိုင်ခြေက ၆.၃ ရာခိုင်နှုန်းသာ ရှိတာကြောင့် အားလုံးပေါင်းရင်တောင် ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ခြေက ၁၀ ရာခိုင်နှုန်းမပြည့်ဘဲ ၉.၅ ရာခိုင်နှုန်းသာ ရှိနေတာဖြစ်ပါတယ်။

မယုံနိုင်စရာကောင်းလောက်အောင်ပဲ Opta က မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီပြီးဆုံးနိုင်ခြေအများဆုံးနေရာက အဆင့် ၈ နေရာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး ၁၄.၅ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက တန်းမဆင်းနိုင်သေးဘူးလို့ ဟောကိန်းထုတ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ စိတ်သက်သာရာရခဲ့မှာဖြစ်ပြီး တန်ဟက်အနေနဲ့ လက်ရှိအခြေအနေတွေကို တိုးတက်လာအောင် မလုပ်နိုင်ဘူးဆိုရင် ခရစ္စမတ်ကာလမပြီးဆုံးခင်မှာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ရော်ဘီ ဆားဗေ့ချ်က ပြီးခဲ့တဲ့အပတ်မှာ သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔အတြက္ အခြင့္အေရး ၁၀ ရာခိုင္ႏႈန္းသာရွိတယ္လို႔ အယုံၾကည္ရဆုံး ကိန္းဂဏန္းအခ်က္အလက္ ျပဳစုသူ Opta ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၃-၂၀၂၄ ရာသီကို အဆိုး႐ြားဆုံးပုံစံနဲ႔ စတင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၅ ပြဲကစားၿပီးေနာက္မွာ အမွတ္ေပးဇယားအဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာၿပီးေနာက္ အားေကာင္းတဲ့ စတင္မႈကို ျပဳလုပ္ႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ကာရာေဘာင္းဖလား ရယူေပးႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ရရွိေအာင္လည္း စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တန္ဟက္ရဲ႕ အခ်ိန္ေကာင္းေတြဟာ ယခုရာသီမွာ အဆုံးသတ္သြားခဲ့ၿပီျဖစ္ပုံေပၚၿပီး ပရီးမီးယားလိဂ္ ၁၃ ႀကိမ္ ခ်န္ပီယံေတြဟာ ရာသီအေစာပိုင္းကာလကတည္းက ေတာ္ေတာ္ေလး အေျခအေန ဆိုး႐ြားေနခဲ့ၿပီ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ရာသီအဖြင့္ပြဲစဥ္မွာ ဝုလ္ဗ္စ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ေနာ္တင္ဟမ္ေဖာရက္စ္ကို ၃-၂ နဲ႔ ေနာက္ကေန အႏိုင္လိုက္ကစားခဲ့ၿပီးကတည္းက စပါးစ္၊ အာဆင္နယ္၊ ဘ႐ိုက္တန္တို႔ကို ယခုလအတြင္းမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အားကစား ကိန္းဂဏန္းေလ့လာဆန္းစစ္သူ Opta က လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရာသီကုန္ အမွတ္ေပးဇယားရပ္တည္မႈကို ေဟာကိန္းထုတ္ခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ သတင္းေကာင္းမဟုတ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရႏိုင္ေျခ သုည ရာခိုင္ႏႈန္းအထိ သတ္မွတ္ျခင္း ခံခဲ့ရၿပီး ဒုတိယေနရာမွာ ရာသီၿပီးဆုံးႏိုင္ေျခက ၀.၆ ရာခိုင္ႏႈန္းသာ ရွိခဲ့တာ ျဖစ္ပါတယ္။

တတိယေနရာအတြက္ ၂.၆ ရာခိုင္ႏႈန္းနဲ႔ ထိပ္ဆုံး ၄ ေနရာအတြင္းမွာ ရာသီၿပီးဆုံးႏိုင္ေျခက ၆.၃ ရာခိုင္ႏႈန္းသာ ရွိတာေၾကာင့္ အားလုံးေပါင္းရင္ေတာင္ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ေျခက ၁၀ ရာခိုင္ႏႈန္းမျပည့္ဘဲ ၉.၅ ရာခိုင္ႏႈန္းသာ ရွိေနတာျဖစ္ပါတယ္။

မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ Opta က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီၿပီးဆုံးႏိုင္ေျခအမ်ားဆုံးေနရာက အဆင့္ ၈ ေနရာျဖစ္တယ္လို႔ သတ္မွတ္ခဲ့ၿပီး ၁၄.၅ ရာခိုင္ႏႈန္းရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက တန္းမဆင္းႏိုင္ေသးဘူးလို႔ ေဟာကိန္းထုတ္ခဲ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ စိတ္သက္သာရာရခဲ့မွာျဖစ္ၿပီး တန္ဟက္အေနနဲ႔ လက္ရွိအေျခအေနေတြကို တိုးတက္လာေအာင္ မလုပ္ႏိုင္ဘူးဆိုရင္ ခရစၥမတ္ကာလမၿပီးဆုံးခင္မွာ ရာထူးကေန ထုတ္ပယ္ခံရႏိုင္တယ္လို႔ ေရာ္ဘီ ဆားေဗ့ခ်္က ၿပီးခဲ့တဲ့အပတ္မွာ သတိေပးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.