Saudi League

နိုင်ငံတကာပွဲမှာ ဂိုးမသွင်းခဲ့ရမှုအတွက် ဖောက်ခွဲပြခဲ့တဲ့ ရော်နယ်လ်ဒို

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်ရက်ဒ်နဲ့ အယ်လ်နာဆာတို့ရဲ့ ပွဲစဥ်မှာ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာက ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းတစ်ပိုင်းမှာ အယ်လ်ရက်ဒ်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပေမယ့်လည်း ဆာဒီယို မာနေးက ပထမပိုင်းမပြီးခင်မှာ ဧည့်သည် အယ်လ်နာဆာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၂ မိနစ်မှာပဲ ဘန်ဒါ ဝါဟီရှီဟာ မာနေးကို ဆွဲထားခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် အယ်လ်ရက်ဒ်အတွက် အခြေအနေတွေက ပိုလို့တောင် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

၄၉ မိနစ်မှာ အန်ဒါဆန် တာလစ္စကာက ကိုက် ၃၀ အကွာကနေ ဂိုးအပေါ်ထောင့်ထဲကို အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ကန်သွင်းယူသွားခဲ့ပြီး အယ်လ်နာဆာက နောက်ထပ် ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ၇၈ မိနစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက တာလစ္စကာပေးပို့လိုက်တဲ့ ဘောလုံး လက်ခံရယူပြီးနောက် အယ်လ်ရက်ဒ် နောက်ခံလူရဲ့ ပေါင်ကြားထဲကနေ ဘောလုံးထည့်ပြီး ဘယ်ခြေနဲ့ ဂိုးအောက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အယ်လ်ရက်ဒ်က ၈၉ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် မိုဟာမက် ဖူဇဲ သွင်းယူပေးခဲ့တဲ့ နှစ်သိမ့်ဂိုး ရရှိခဲ့တာဖြစ်ပြီး အယ်လ်နာဆာဟာ ၆ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အယ္လ္ရက္ဒ္နဲ႔ အယ္လ္နာဆာတို႔ရဲ႕ ပြဲစဥ္မွာ ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာက ၃-၁ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့ပါတယ္။

ပထမပိုင္းတစ္ပိုင္းမွာ အယ္လ္ရက္ဒ္က ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ေပမယ့္လည္း ဆာဒီယို မာေနးက ပထမပိုင္းမၿပီးခင္မွာ ဧည့္သည္ အယ္လ္နာဆာအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၂ မိနစ္မွာပဲ ဘန္ဒါ ဝါဟီရွီဟာ မာေနးကို ဆြဲထားခဲ့တာေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ အယ္လ္ရက္ဒ္အတြက္ အေျခအေနေတြက ပိုလို႔ေတာင္ ဆိုး႐ြားသြားခဲ့တာျဖစ္ပါတယ္။

၄၉ မိနစ္မွာ အန္ဒါဆန္ တာလစၥကာက ကိုက္ ၃၀ အကြာကေန ဂိုးအေပၚေထာင့္ထဲကို အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ကန္သြင္းယူသြားခဲ့ၿပီး အယ္လ္နာဆာက ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ၇၈ မိနစ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက တာလစၥကာေပးပို႔လိုက္တဲ့ ေဘာလုံး လက္ခံရယူၿပီးေနာက္ အယ္လ္ရက္ဒ္ ေနာက္ခံလူရဲ႕ ေပါင္ၾကားထဲကေန ေဘာလုံးထည့္ၿပီး ဘယ္ေျခနဲ႔ ဂိုးေအာက္ေထာင့္ထဲကို လွလွပပ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အယ္လ္ရက္ဒ္က ၈၉ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ မိုဟာမက္ ဖူဇဲ သြင္းယူေပးခဲ့တဲ့ ႏွစ္သိမ့္ဂိုး ရရွိခဲ့တာျဖစ္ၿပီး အယ္လ္နာဆာဟာ ၆ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၁၂ မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.