Premier League

ဖုန်းတစ်ဂိုးရှင်အတွက် ဒဟေးယားကို ကန်ထုတ်ခဲ့တဲ့အသင်းကို စိတ်ပျက်ခဲ့တဲ့အသင်းသားများ

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမား ဒေးဗစ် ဒဟေးယား အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားတာ လအနည်းငယ်ကြာခဲ့ပြီဖြစ်ပေမယ့်လည်း ဂိုးသမားသစ် အိုနာနာရဲ့ စိတ်ပျက်ဖွယ် လက်စွမ်းကြောင့် အဝတ်လဲခန်းအတွင်းက ကစားသမားအချို့အတွက် ပိုလို့တောင် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသားတွေဟာ အသင်းအတွက် ကာလရှည် ကစားပေးခဲ့တဲ့ ဒဟေးယားကို အသင်းရဲ့ ဆက်ဆံပုံကို မပျော်မရွှင်ဖြစ်ခဲ့ကြပြီး စပိန်ဂိုးသမားဟာ ဇူလိုင်လမှာ မန်ယူနိုက်တက်နဲ့ ၁၂ နှစ်ကြာ သံယောဇဉ်ကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဒဟေးယားကို ၂၀၁၁ ခုနှစ်မှာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အက်သလက်တီကို မက်ဒရစ်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမားနဲ့ လမ်းခွဲတာက သာမန်ပဲဆိုပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ရဲ့ အပြုအမူက အသင်းမှာရှိတဲ့ ကစားသမားအချို့အတွက် စိတ်မသက်မသာဖြစ်စရာဖြစ်နေသေးတာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းသားတွေဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အသင်းအတွက် သစ္စာစောင့်သိပေးခဲ့တဲ့ ဒဟေးယားကို မန်ချက်စတာယူနိုက်တက် ကန်ထုတ်ခဲ့တဲ့ပုံစံကြောင့် ဒေါသထွက်ခဲ့ကြပြီး စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်က အခြားဂိုးသမားတွေအားလုံးထက် ပေးဂိုးမရှိပွဲစဉ်(၁၇ ပွဲ)ပိုမို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း စာချုပ်သစ် ကမ်းလှမ်းခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ဒဟေးယားဟာ မန်ချက်စတာယူနိုက်တက်မှာ ဆက်နေချင်တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း အသင်းတာဝန်ရှိသူတွေက ကမ်းလှမ်းမှုကို ရုတ်သိမ်းပြီး လစာပေးချေမှု ပိုမိုနည်းပါးတဲ့ စာချုပ်နဲ့အစားထိုးခဲ့တဲ့အတွက် အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၄၃.၈ သန်းတန် ဂိုးသမားသစ် အိုနာနာဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ စိတ်ပျက်ဖွယ် လက်စွမ်းပြသခဲ့ပြီးနောက် ဂိုးပေါက်တည့်ရင် ဖုန်းတစ်ဂိုးရှင်စစ်စစ်ဆိုတာကို မြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေနဲ့ ကစားသမားတွေကြားမှာ ဒဟေးယားကို လွမ်းဆွတ်မှုတွေက ပိုလို့တောင် ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဂိုးသမား ေဒးဗစ္ ဒေဟးယား အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာသြားတာ လအနည္းငယ္ၾကာခဲ့ၿပီျဖစ္ေပမယ့္လည္း ဂိုးသမားသစ္ အိုနာနာရဲ႕ စိတ္ပ်က္ဖြယ္ လက္စြမ္းေၾကာင့္ အဝတ္လဲခန္းအတြင္းက ကစားသမားအခ်ိဳ႕အတြက္ ပိုလို႔ေတာင္ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းသားေတြဟာ အသင္းအတြက္ ကာလရွည္ ကစားေပးခဲ့တဲ့ ဒေဟးယားကို အသင္းရဲ႕ ဆက္ဆံပုံကို မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၾကၿပီး စပိန္ဂိုးသမားဟာ ဇူလိုင္လမွာ မန္ယူႏိုက္တက္နဲ႔ ၁၂ ႏွစ္ၾကာ သံေယာဇဥ္ကို ျဖတ္ေတာက္ခဲ့တာျဖစ္ပါတယ္။

ဒေဟးယားကို ၂၀၁၁ ခုႏွစ္မွာ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္က အက္သလက္တီကို မက္ဒရစ္ကေန ေခၚယူခဲ့တာျဖစ္ၿပီး အသက္ ၃၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂိုးသမားနဲ႔ လမ္းခြဲတာက သာမန္ပဲဆိုေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အျပဳအမူက အသင္းမွာရွိတဲ့ ကစားသမားအခ်ိဳ႕အတြက္ စိတ္မသက္မသာျဖစ္စရာျဖစ္ေနေသးတာျဖစ္ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းသားေတြဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အသင္းအတြက္ သစၥာေစာင့္သိေပးခဲ့တဲ့ ဒေဟးယားကို မန္ခ်က္စတာယူႏိုက္တက္ ကန္ထုတ္ခဲ့တဲ့ပုံစံေၾကာင့္ ေဒါသထြက္ခဲ့ၾကၿပီး စပိန္ဂိုးသမားဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္က အျခားဂိုးသမားေတြအားလုံးထက္ ေပးဂိုးမရွိပြဲစဥ္(၁၇ ပြဲ)ပိုမို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း စာခ်ဳပ္သစ္ ကမ္းလွမ္းျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ဒေဟးယားဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ဆက္ေနခ်င္တာေၾကာင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ခဲ့ေပမယ့္လည္း အသင္းတာဝန္ရွိသူေတြက ကမ္းလွမ္းမႈကို ႐ုတ္သိမ္းၿပီး လစာေပးေခ်မႈ ပိုမိုနည္းပါးတဲ့ စာခ်ဳပ္နဲ႔အစားထိုးခဲ့တဲ့အတြက္ အသင္းကေန ထြက္ခြာခဲ့ရတာျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေပါင္ ၄၃.၈ သန္းတန္ ဂိုးသမားသစ္ အိုနာနာဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲစဥ္မွာ စိတ္ပ်က္ဖြယ္ လက္စြမ္းျပသခဲ့ၿပီးေနာက္ ဂိုးေပါက္တည့္ရင္ ဖုန္းတစ္ဂိုးရွင္စစ္စစ္ဆိုတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ပရိသတ္ေတြနဲ႔ ကစားသမားေတြၾကားမွာ ဒေဟးယားကို လြမ္းဆြတ္မႈေတြက ပိုလို႔ေတာင္ ျပင္းထန္လာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.