Match Report UCL&UEL

ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကယ်တင်ခဲ့ပြန်တဲ့ ဘယ်လင်ဟမ်

ဂျုဒ် ဘယ်လင်ဟမ်ဟာ ဗုဒ္ဓဟူးနေ့ညက ယူနီယံ ဘာလင်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင် ၃ မှတ် ရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို နာကျင်အချိန်ပို ၉၄ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းဘာနေဗျူးမှာ ယူနီယံ ဘာလင်နဲ့ ဂိုးမရှိ သရေကျတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ဗယ်လ်ဗာဒီရဲ့ ကန်ချက်က ဘွန်ဒက်စ်လီဂါကလပ် နောက်ခံလူ ၂ ဦးနဲ့ ထိပြီး ဘယ်လင်ဟမ်ဆီ ရောက်သွားပြီးနောက် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က ယခုရာသီ ၆ ပွဲမှာ ၆ ဂိုးမြောက်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၉၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးဟာ ရီးရဲလ်မက်ဒရစ်ကို ယခုရာသီ ၆ ပွဲဆက် နိုင်ပွဲနဲ့ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်စေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က ယုံကြည်ချက်ရှိတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် ဒီလိုမျိုး သွင်းဂိုးတွေနဲ့ပတ်သက်ပြီး ကောင်းကောင်း စတင်နိုင်မယ်လို့တော့ တကယ်ကို မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့ လာလီဂါမှာ ၅ ပွဲကစားခဲ့ပြီး ချန်ပီယံလိဂ်မှာ ၁ ပွဲကစားခဲ့တယ်။ ၆ ပွဲစလုံးအနိုင်ရခဲ့တဲ့အတွက် ကျွန်တော်တို့ ဘာမှ စောဒကတက်စရာမရှိပါဘူး။ ကျွန်တော်တို့ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ထင်တယ်။ အဲဒီတော့ ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော့်ကို အသင်းနဲ့ တသားတည်းဖြစ်သွားအောင် အရမ်းကောင်းတဲ့အလုပ်ကို လုပ်ပေးခဲ့ကြတဲ့ ကျွန်တော့်အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ဗုဒၶဟူးေန႔ညက ယူနီယံ ဘာလင္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ အႏိုင္ ၃ မွတ္ ရရွိေစမယ့္ ေနာက္က်အႏိုင္ဂိုးကို နာက်င္အခ်ိန္ပို ၉၄ မိနစ္မွာ သြင္းယူေပးခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အိမ္ကြင္းဘာေနဗ်ဴးမွာ ယူနီယံ ဘာလင္နဲ႔ ဂိုးမရွိ သေရက်ေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ဗယ္လ္ဗာဒီရဲ႕ ကန္ခ်က္က ဘြန္ဒက္စ္လီဂါကလပ္ ေနာက္ခံလူ ၂ ဦးနဲ႔ ထိၿပီး ဘယ္လင္ဟမ္ဆီ ေရာက္သြားၿပီးေနာက္ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္က ယခုရာသီ ၆ ပြဲမွာ ၆ ဂိုးေျမာက္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၉၄ မိနစ္မွာ သြင္းယူခဲ့တဲ့ ဘယ္လင္ဟမ္ရဲ႕ သြင္းဂိုးဟာ ရီးရဲလ္မက္ဒရစ္ကို ယခုရာသီ ၆ ပြဲဆက္ ႏိုင္ပြဲနဲ႔ ၁၀၀ ရာခိုင္ႏႈန္းႏိုင္ပြဲစံခ်ိန္ကို ဆက္လက္ထိန္းသိမ္းႏိုင္ေစခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္က ယုံၾကည္ခ်က္ရွိတဲ့ သူတစ္ေယာက္ပါ။ ဒါေပမယ့္ ဒီလိုမ်ိဳး သြင္းဂိုးေတြနဲ႔ပတ္သက္ၿပီး ေကာင္းေကာင္း စတင္ႏိုင္မယ္လို႔ေတာ့ တကယ္ကို မေမွ်ာ္လင့္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ လာလီဂါမွာ ၅ ပြဲကစားခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ၁ ပြဲကစားခဲ့တယ္။ ၆ ပြဲစလုံးအႏိုင္ရခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔ ဘာမွ ေစာဒကတက္စရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ ပြဲကို လႊမ္းမိုးႏိုင္ခဲ့ၿပီး အခြင့္အေရးေကာင္းေတြ ဖန္တီးႏိုင္ခဲ့တယ္လို႔ ထင္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔ ထိုက္တန္ပါတယ္။ ကြၽန္ေတာ့္ကို အသင္းနဲ႔ တသားတည္းျဖစ္သြားေအာင္ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ေပးခဲ့ၾကတဲ့ ကြၽန္ေတာ့္အသင္းေဖာ္ေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြကို ေက်းဇူးအရမ္းတင္ပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.