ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အူးလ်ရိတ်ချ်၊ ခံစစ်မှာ အူပါမီကာနို၊ ဂင်မင်းဂျယ်၊ လိုင်မာနဲ့ ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂေါ်ရက်ဇ်ကာနဲ့ မူစီယာလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာနေး၊ ဂနာဘရီနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ မာတီနက်ဇ်၊ ဒါလော့နဲ့ ရက်ဂီလွန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပယ်လစ္စထရီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လွန်းတို့ကို တွဲဖက်ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ရာသီက ရေတိုအစားထိုးမှုဖြစ်တဲ့ ဆွစ်ဇာလန်သား ဆွမ်းမားကို သက်တော်ရှည် နွိုင်ယာလည်း ပြန်မကောင်းသေးဘဲ ရောင်းချထားခဲ့တဲ့ ဘိုင်ယန်ရဲ့ ဂိုးသမားနေရာမှာ အူးလ်ရိတ်ချ်ကို သုံးနေခဲ့ရတာကတော့ အားနည်းမှုဖြစ်ခဲ့ပြီး မန်ယူတို့ရဲ့ ဂဂျောင်တိုင်ပတ် အိုနာနာနဲ့ နင်လားငါလားပဲဖြစ်နေခဲ့တာက ပြဿနာဖြစ်ခဲ့ပြီး ဒါကြောင့်လည်း ဒီပွဲက Betting သမားတွေအကြိုက် ဂိုးပေါ်သွားခဲ့ရတာဖြစ်ပါတယ်။
မန်ယူတို့ ကစားပုံ သိပ်မကောင်းလှဘူးဆိုပေမယ့် အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကတော့ သူတို့အသင်းသားတွေထက် ခေါင်းတစ်လုံး မြင့်သူတွေဖြစ်ကြပြီး ဘိုင်ယန်တို့ကို သူတို့ရဲ့ အတွေ့အကြုံတွေကနေ ခြိမ်းခြောက်သွားနိုင်ခဲ့သလို ကွင်းလယ်အဖျက် ကာစီမီရိုကလည်း ဒီနေ့ပွဲမှာ ညှစ်ရုန်းခဲ့လို့ ချဲလ်ဆီးနည်းပြဟောင်း မအူမလယ် တူဟယ်လ်အတွက်တော့ အခက်တွေ့ခဲ့ရတာပါ။
ပွဲချိန် ၂၈ မိနစ်မှာ ဘိုင်ယန်တို့ အဖွင့်ဂိုးရသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ အူပါမီကာနို ပေးတာကို ရယူပြီး အတွင်းကို ဆွဲဝင်လာခဲ့တဲ့ ဆာနေးက ဧရိယာထိပ်မှာ ဂိုးကို ကျောပေးထားတဲ့ ဟာရီကိန်းနဲ့ ဝမ်းတူးရိုက်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အနိမ့်ဘော လှမ်းကန်သွင်းရာမှာ အိုနာနာရဲ့ ဖမ်းမှာလား ပုတ်မှာလား မသဲကွဲတဲ့ စိတ်ပျက်စရာ ကာကွယ်မှုက လက်ထဲက ချော်ထွက်ပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။
ငါးမိနစ်အတွင်းမှာပဲ ဘိုင်ယန်တို့ ဒုတိယဂိုး ထပ်ရခဲ့သလို ဒီဂိုးကို ပွဲချိန် ၃၂ မိနစ်မှာတော့ ဘယ်ခြမ်းကနေ မူစီယာလာက တစ်ကိုယ်တော် ခြေစွမ်းနဲ့ မန်ယူနောက်ခံလူသုံးယောက်လောက်ကြားကနေ ဆွဲပြေးလာခဲ့ပြီး ဂိုးစည်းနားရောက်မှာ Cut Back ပြန်လုပ်ပေးတာကို နောက်က ပါလာတဲ့ အာဆင်နယ်ကစားသမားဟောင်း ဂနာဘရီက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းရာမှာ အိုနာနာ ကြောင်ကြည့်နေခဲ့ပြန်တာပါ။
ဒီနေ့ပွဲမှာ နှစ်သင်းလုံး ခံစစ်တွေက အကောင်းဆုံး အနေအထားမှာ ရှိမနေသလို ဘိုင်ယန်ညာခြမ်းက လိုင်မာက အဆင့်အတန်း မမီဘူးလို့ပဲ ဆိုရမယ့်အချိန်မှာ မန်ယူတို့ရဲ မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ အတွဲကလည်း နားလည်မှု ညံ့ဖျင်းခဲ့ပြီး ပထမပိုင်းမှာတော့ အိမ်ရှင် ဘာဗေးရီးယားသားတွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မန်ယူတို့အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘိုင်ယန်ခံစစ်အမှားကနေ ကာစီမီရိုက ဧရိယာထဲကို ချပေးရာမှာ ရက်ရှ်ဖို့ဒ်က မကန်ဘဲ ဘေးကို ချိုးပေးတဲ့ ဘောလုံးကို ဟွိုင်လွန်းက ကန်သွင်းခဲ့ရာမှာ ပိတ်ထားတဲ့ ဂင်မင်းဂျယ်ရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်း အနည်းငယ်ပြောင်းသွားခဲ့လို့ ဂိုးသမား အူးလ်ရိတ်ချ် မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။
ပွဲချိန် ၅၃ မိနစ်မှာတော့ ဘိုင်ယန်တို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အူပါမီကာနို ခေါင်းတိုက်ရာမှာ မြှောက်ထားတဲ့ အဲရစ်ဆန်ရဲ့ လက်ကို သွားမှန်ခဲ့တာကြောင့် ရခဲ့တဲ့ ပင်နယ်တီကနေ ဟာရီကိန်းက ဘယ်ဘက်တိုင်ခြေကို အပြင်းကန်ပြီး ဂိုးသမား အိုနာနာကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်တို့ဘက်က ဂနာဘရီ၊ မူစီယာလာ၊ ဆာနေးနဲ့ ဟာရီကိန်းတို့အစား ကိုမွန်၊ ချူပို-မိုတင်း၊ တဲလ်နဲ့ မူလာတို့ကို လဲကစားသွားခဲ့သလို မန်ယူတို့ဘက်ကတော့ အရန်ခုံမှာလည်း လူသိပ်မပါလို့ အဲရစ်ဆန်၊ ပယ်လစ္စထရီနဲ့ ဟွိုင်လွန်းတို့အစား မက်တော်မီနေး၊ ဂါနာချိုနဲ့ မာစီယယ်လ်တို့ သုံးဦးကိုပဲ ထည့်သွင်းခဲ့ရတာပါ။
တူဟယ်လ် မပါနိုင်ချိန်မှာ လက်ထောက်နည်းပြ လော့ဗ်ရဲ့ လူစားလဲမှုတွေကတော့ အသင်းရဲ့ ကစားပုံကို သိသိသာသာ ကျဆင်းသွားစေခဲ့သလို ကွင်းလယ်က Ball Carrier မူစီယာလာအစား အသက်ကြီးပြီး နည်းစနစ်ပိုင်း ညံ့တဲ့ ချူပို-မိုတင်းကို ထည့်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဒီနောက်မှာတော့ မန်ယူတို့ အပြိုင်အဆိုင် ကစားလာနိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပွဲချိန် ၈၈ မိနစ်မှာတော့ မန်ယူတို့ ဒုတိယချေပဂိုး ထပ်မံရရှိနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်တို့ရဲ့ တွဲလုံးကနေ ဧရိယာထဲမှာ ရသွားတဲ့ ကာစီမီရိုက ပထမကန်ချက်မှာ ဘောလုံးတက်နင်းမိပြီး လဲကျသွားတာကို လဲနေတဲ့ အနေအထားကနေ ဘယ်ခြေနဲ့ အလျင်အမြန် ကန်သွင်းနိုင်ခဲ့လို့ ဂိုးသမား အူးလ်ရိတ်ချ် မကာကွယ်နိုင်ဘဲဖြစ်သွားခဲ့တာပါ။
နာကျင်အချိန်ပို ၂ မိနစ်မှာတော့ စတုတ္ထဂိုးကို ဘိုင်ယန်တို့ ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကင်းမစ်ချ် တင်ပေးတာကို ညာခြမ်းက အာရုံစိုက်မှု လွတ်သွားတဲ့ ဒါလော့နဲ့ လင်ဒီလော့ဖ်တို့ကြားကနေ လူငယ်တိုက်စစ်မှူး တဲလ်က ပြေးထွက်ပြီး အိုနာနာနဲ့ အနီးကပ် ကန်သွင်းယူသွားခဲ့တာကြောင့် လေးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပါတယ်။
နာကျင်အချိန်ပို ၅ မိနစ်မှာတော့ မန်ယူတို့ တတိယဂိုးကို တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ရတဲ့ ဖရီးကစ်ကို ဘရူနို ဖာနန်ဒက်စ်က ဂိုးထဲကို တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ ဘိုင်ယန်ခံစစ်ကြားမှာ နေရာယူထားခဲ့တဲ့ ကာစီမီရိုက ပိတ်သွင်းနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ လေးဂိုး-သုံးဂိုးနဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဒီအကြိတ်အနယ်နိုင်ပွဲကြောင့် ဘိုင်ယန်တို့အနေနဲ့ မန်ယူတို့ထက် နာမည်ကလွဲပြီး အများကြီး မသာဘူးဆိုတာကို သိမြင်သွားခဲ့ရသလို နည်းပြ တူဟယ်လ်နဲ့ အကြီးကြီးမှန်းလို့ မရနိုင်သေးဘဲ တန်ဟတ်ရဲ့ ဖရိုဖရဲအချိန်မှာတောင် မျက်လုံးပြူးခဲ့ရတာ ဘာဗေးရီးယားသားတွေအတွက် ကြီးမားတဲ့ သတိပေးခေါင်းလောင်းသံလည်း ဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အူးလ္ရိတ္ခ်္၊ ခံစစ္မွာ အူပါမီကာႏို၊ ဂင္မင္းဂ်ယ္၊ လိုင္မာနဲ႔ ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကင္းမစ္ခ်္၊ ေဂၚရက္ဇ္ကာနဲ႔ မူစီယာလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာေနး၊ ဂနာဘရီနဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ မာတီနက္ဇ္၊ ဒါေလာ့နဲ႔ ရက္ဂီလြန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပယ္လစၥထရီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လြန္းတို႔ကို တြဲဖက္ေပးခဲ့တာပါ။
ၿပီးခဲ့တဲ့ ရာသီက ေရတိုအစားထိုးမႈျဖစ္တဲ့ ဆြစ္ဇာလန္သား ဆြမ္းမားကို သက္ေတာ္ရွည္ ႏြိဳင္ယာလည္း ျပန္မေကာင္းေသးဘဲ ေရာင္းခ်ထားခဲ့တဲ့ ဘိုင္ယန္ရဲ႕ ဂိုးသမားေနရာမွာ အူးလ္ရိတ္ခ်္ကို သုံးေနခဲ့ရတာကေတာ့ အားနည္းမႈျဖစ္ခဲ့ၿပီး မန္ယူတို႔ရဲ႕ ဂေဂ်ာင္တိုင္ပတ္ အိုနာနာနဲ႔ နင္လားငါလားပဲျဖစ္ေနခဲ့တာက ျပႆနာျဖစ္ခဲ့ၿပီး ဒါေၾကာင့္လည္း ဒီပြဲက Betting သမားေတြအႀကိဳက္ ဂိုးေပၚသြားခဲ့ရတာျဖစ္ပါတယ္။
မန္ယူတို႔ ကစားပုံ သိပ္မေကာင္းလွဘူးဆိုေပမယ့္ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကေတာ့ သူတို႔အသင္းသားေတြထက္ ေခါင္းတစ္လုံး ျမင့္သူေတြျဖစ္ၾကၿပီး ဘိုင္ယန္တို႔ကို သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကေန ၿခိမ္းေျခာက္သြားႏိုင္ခဲ့သလို ကြင္းလယ္အဖ်က္ ကာစီမီ႐ိုကလည္း ဒီေန႔ပြဲမွာ ညႇစ္႐ုန္းခဲ့လို႔ ခ်ဲလ္ဆီးနည္းျပေဟာင္း မအူမလယ္ တူဟယ္လ္အတြက္ေတာ့ အခက္ေတြ႕ခဲ့ရတာပါ။
ပြဲခ်ိန္ ၂၈ မိနစ္မွာ ဘိုင္ယန္တို႔ အဖြင့္ဂိုးရသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန အူပါမီကာႏို ေပးတာကို ရယူၿပီး အတြင္းကို ဆြဲဝင္လာခဲ့တဲ့ ဆာေနးက ဧရိယာထိပ္မွာ ဂိုးကို ေက်ာေပးထားတဲ့ ဟာရီကိန္းနဲ႔ ဝမ္းတူး႐ိုက္ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို အနိမ့္ေဘာ လွမ္းကန္သြင္းရာမွာ အိုနာနာရဲ႕ ဖမ္းမွာလား ပုတ္မွာလား မသဲကြဲတဲ့ စိတ္ပ်က္စရာ ကာကြယ္မႈက လက္ထဲက ေခ်ာ္ထြက္ၿပီး ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။
ငါးမိနစ္အတြင္းမွာပဲ ဘိုင္ယန္တို႔ ဒုတိယဂိုး ထပ္ရခဲ့သလို ဒီဂိုးကို ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန မူစီယာလာက တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ မန္ယူေနာက္ခံလူသုံးေယာက္ေလာက္ၾကားကေန ဆြဲေျပးလာခဲ့ၿပီး ဂိုးစည္းနားေရာက္မွာ Cut Back ျပန္လုပ္ေပးတာကို ေနာက္က ပါလာတဲ့ အာဆင္နယ္ကစားသမားေဟာင္း ဂနာဘရီက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းရာမွာ အိုနာနာ ေၾကာင္ၾကည့္ေနခဲ့ျပန္တာပါ။
ဒီေန႔ပြဲမွာ ႏွစ္သင္းလုံး ခံစစ္ေတြက အေကာင္းဆုံး အေနအထားမွာ ရွိမေနသလို ဘိုင္ယန္ညာျခမ္းက လိုင္မာက အဆင့္အတန္း မမီဘူးလို႔ပဲ ဆိုရမယ့္အခ်ိန္မွာ မန္ယူတို႔ရဲ မာတီနက္ဇ္နဲ႔ လင္ဒီေလာ့ဖ္တို႔ အတြဲကလည္း နားလည္မႈ ညံ့ဖ်င္းခဲ့ၿပီး ပထမပိုင္းမွာေတာ့ အိမ္ရွင္ ဘာေဗးရီးယားသားေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။
ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ မန္ယူတို႔အတြက္ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘိုင္ယန္ခံစစ္အမွားကေန ကာစီမီ႐ိုက ဧရိယာထဲကို ခ်ေပးရာမွာ ရက္ရွ္ဖို႔ဒ္က မကန္ဘဲ ေဘးကို ခ်ိဳးေပးတဲ့ ေဘာလုံးကို ဟြိဳင္လြန္းက ကန္သြင္းခဲ့ရာမွာ ပိတ္ထားတဲ့ ဂင္မင္းဂ်ယ္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္း အနည္းငယ္ေျပာင္းသြားခဲ့လို႔ ဂိုးသမား အူးလ္ရိတ္ခ်္ မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။
ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အူပါမီကာႏို ေခါင္းတိုက္ရာမွာ ေျမႇာက္ထားတဲ့ အဲရစ္ဆန္ရဲ႕ လက္ကို သြားမွန္ခဲ့တာေၾကာင့္ ရခဲ့တဲ့ ပင္နယ္တီကေန ဟာရီကိန္းက ဘယ္ဘက္တိုင္ေျခကို အျပင္းကန္ၿပီး ဂိုးသမား အိုနာနာကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။
ဘိုင္ယန္တို႔ဘက္က ဂနာဘရီ၊ မူစီယာလာ၊ ဆာေနးနဲ႔ ဟာရီကိန္းတို႔အစား ကိုမြန္၊ ခ်ဴပို-မိုတင္း၊ တဲလ္နဲ႔ မူလာတို႔ကို လဲကစားသြားခဲ့သလို မန္ယူတို႔ဘက္ကေတာ့ အရန္ခုံမွာလည္း လူသိပ္မပါလို႔ အဲရစ္ဆန္၊ ပယ္လစၥထရီနဲ႔ ဟြိဳင္လြန္းတို႔အစား မက္ေတာ္မီေနး၊ ဂါနာခ်ိဳနဲ႔ မာစီယယ္လ္တို႔ သုံးဦးကိုပဲ ထည့္သြင္းခဲ့ရတာပါ။
တူဟယ္လ္ မပါႏိုင္ခ်ိန္မွာ လက္ေထာက္နည္းျပ ေလာ့ဗ္ရဲ႕ လူစားလဲမႈေတြကေတာ့ အသင္းရဲ႕ ကစားပုံကို သိသိသာသာ က်ဆင္းသြားေစခဲ့သလို ကြင္းလယ္က Ball Carrier မူစီယာလာအစား အသက္ႀကီးၿပီး နည္းစနစ္ပိုင္း ညံ့တဲ့ ခ်ဴပို-မိုတင္းကို ထည့္ခဲ့တာက စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ဒီေနာက္မွာေတာ့ မန္ယူတို႔ အၿပိဳင္အဆိုင္ ကစားလာႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။
ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ မန္ယူတို႔ ဒုတိယေခ်ပဂိုး ထပ္မံရရွိႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္တို႔ရဲ႕ တြဲလုံးကေန ဧရိယာထဲမွာ ရသြားတဲ့ ကာစီမီ႐ိုက ပထမကန္ခ်က္မွာ ေဘာလုံးတက္နင္းမိၿပီး လဲက်သြားတာကို လဲေနတဲ့ အေနအထားကေန ဘယ္ေျခနဲ႔ အလ်င္အျမန္ ကန္သြင္းႏိုင္ခဲ့လို႔ ဂိုးသမား အူးလ္ရိတ္ခ်္ မကာကြယ္ႏိုင္ဘဲျဖစ္သြားခဲ့တာပါ။
နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ စတုတၳဂိုးကို ဘိုင္ယန္တို႔ ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကင္းမစ္ခ်္ တင္ေပးတာကို ညာျခမ္းက အာ႐ုံစိုက္မႈ လြတ္သြားတဲ့ ဒါေလာ့နဲ႔ လင္ဒီေလာ့ဖ္တို႔ၾကားကေန လူငယ္တိုက္စစ္မႉး တဲလ္က ေျပးထြက္ၿပီး အိုနာနာနဲ႔ အနီးကပ္ ကန္သြင္းယူသြားခဲ့တာေၾကာင့္ ေလးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့ပါတယ္။
နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ မန္ယူတို႔ တတိယဂိုးကို တိုက္ပြဲဝင္ႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ရတဲ့ ဖရီးကစ္ကို ဘ႐ူႏို ဖာနန္ဒက္စ္က ဂိုးထဲကို တိုက္႐ိုက္ကန္သြင္းခဲ့ရာမွာ ဘိုင္ယန္ခံစစ္ၾကားမွာ ေနရာယူထားခဲ့တဲ့ ကာစီမီ႐ိုက ပိတ္သြင္းႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ေလးဂိုး-သုံးဂိုးနဲ႔ ၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။
ဒီအႀကိတ္အနယ္ႏိုင္ပြဲေၾကာင့္ ဘိုင္ယန္တို႔အေနနဲ႔ မန္ယူတို႔ထက္ နာမည္ကလြဲၿပီး အမ်ားႀကီး မသာဘူးဆိုတာကို သိျမင္သြားခဲ့ရသလို နည္းျပ တူဟယ္လ္နဲ႔ အႀကီးႀကီးမွန္းလို႔ မရႏိုင္ေသးဘဲ တန္ဟတ္ရဲ႕ ဖ႐ိုဖရဲအခ်ိန္မွာေတာင္ မ်က္လုံးျပဴးခဲ့ရတာ ဘာေဗးရီးယားသားေတြအတြက္ ႀကီးမားတဲ့ သတိေပးေခါင္းေလာင္းသံလည္း ျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.