Premier League UCL&UEL

အာဆင်နယ်ကို ရှုံးတာ တန်ကြောင်းနဲ့ ဒုတိယပဲ မှန်းပြီဆိုတဲ့ PSV ကပ္ပတိန်နဲ့ နည်းပြ

ပီအက်စ်ဗွီနည်းပြ ပီတာ ဘော့ဇ်က အာဆင်နယ်ကို ဗုဒ္ဓဟူးနေ့ညနေက အမ်းမရိတ်စ်မှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ကမ္ဘာပေါ်ကအကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကစားခဲ့ချိန်မှာ ဆာကာ၊ ထရော့ဆာ့ဒ်၊ ဂါဘရီယဲလ် ဂျေဆူးစ်၊ အော်ဒီဂွါဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဗွီနည်းပြက အာဆင်နယ်နဲ့ပွဲစဉ်မှာ အရည်အသွေးပိုင်း ကွာခြားမှုက အလွန်ကြီးမားခဲ့ပြီး အာဆင်နယ်က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ ဝန်ခံ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“အရည်အသွေးပိုင်း ကွာခြားမှုက ဒီညမှာ အရမ်းကြီးမားခဲ့ပါတယ်။ ပင်နယ်တီ ဧရိယာရှေ့မှာ ကျွန်တော်တို့ ရှိနေခဲ့မယ်ဆိုရင်လည်း သူတို့ကို ဂိုးပေးခဲ့ရမှာပါပဲ။ ကျွန်တော်တို့ ပင်နယ်တီဧရိယာကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ညံ့လို့မဟုတ်ပါဘူ။ သူတို့ရဲ့ အရည်အသွေးကောင်းတာကြောင့်လည်း ပါပါတယ်။အာဆင်နယ်က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ကျွန်တော်တို့ကတော့ မဟုတ်ပါဘူး။ ကျွန်တော် ကောင်လေးတွေကို အပြစ်တင်တာမဟုတ်ပါဘူး။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်

ဒီရလဒ်ကြောင့် ဂန်းနားတွေဟာ အုပ်စု ဘီကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး ဆီဗီလာနဲ့ လွန်းစ်တို့က ၁-၁ သရေကျခဲ့တာကြောင့် ၁ မှတ်စီသာ ရရှိခဲ့ကြတာဖြစ်ပါတယ်။ ပီအက်စ်ဗွီအသင်းခေါင်းဆောင် လုခ် ဒီယုံးကလည်း အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက အလွန်ကောင်းမွန်တဲ့ခြေစွမ်းပြသပြီးနောက်ပိုင်း အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်နိုင်မယ်လို့ ယုံကြည်နေပြီးဖြစ်ပါတယ်။

“အာဆင်နယ်က အရမ်းကောင်းမွန်တဲ့အသင်းဖြစ်နေပါတယ် ။ကျွန်တော်တို့ သူတို့ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့ လျင်လျင်မြန်မြန်ပဲ ၂ ဂိုးပေးလိုက်ရတယ်။ သူတို့တွေက ကျွန်တော်တို့ ဖိအားပေးတာနဲ့ ဘယ်နေရာကို သွားရမလဲဆိုတာကို သိနေပြီး လူလွတ်ကို ဘယ်နေရာမှာ ရှာရမလဲဆိုတာကို အမြဲတမ်း သိနေခဲ့တယ်။ သူတို့မှာ ဘောလုံးနဲ့ပတ်သက်ပြီး တည်ငြိမ်မှု အများကြီးရှိပါတယ်။ သူတို့ရဲ့ အဆင့်အတန်းက အရမ်းမြင့်တယ်။ ကျွန်တော်တို့အတွက် ဒီနေ့ အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော်တို့အသင်းဟာ ချီးကျူးမှုနဲ့တော့ ထိုက်တန်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့လို့ပါ။ အာဆင်နယ်က အရမ်းကြီးမားတဲ့အသင်းတစ်သင်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဒုတိယနေရာအတွက်ပဲ တခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ရပါလိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဗြီနည္းျပ ပီတာ ေဘာ့ဇ္က အာဆင္နယ္ကို ဗုဒၶဟူးေန႔ညေနက အမ္းမရိတ္စ္မွာ ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂန္းနားေတြဟာ ကမာၻေပၚကအေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္မွာ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျပန္လည္ကစားခဲ့ခ်ိန္မွာ ဆာကာ၊ ထေရာ့ဆာ့ဒ္၊ ဂါဘရီယဲလ္ ေဂ်ဆူးစ္၊ ေအာ္ဒီဂြါဒ္ တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဗြီနည္းျပက အာဆင္နယ္နဲ႔ပြဲစဥ္မွာ အရည္အေသြးပိုင္း ကြာျခားမႈက အလြန္ႀကီးမားခဲ့ၿပီး အာဆင္နယ္က ကမာၻေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တယ္လို႔ ဝန္ခံ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“အရည္အေသြးပိုင္း ကြာျခားမႈက ဒီညမွာ အရမ္းႀကီးမားခဲ့ပါတယ္။ ပင္နယ္တီ ဧရိယာေရွ႕မွာ ကြၽန္ေတာ္တို႔ ရွိေနခဲ့မယ္ဆိုရင္လည္း သူတို႔ကို ဂိုးေပးခဲ့ရမွာပါပဲ။ ကြၽန္ေတာ္တို႔ ပင္နယ္တီဧရိယာကို ေကာင္းေကာင္း မကာကြယ္ႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ညံ့လို႔မဟုတ္ပါဘူ။ သူတို႔ရဲ႕ အရည္အေသြးေကာင္းတာေၾကာင့္လည္း ပါပါတယ္။အာဆင္နယ္က ကမာၻေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ၿပီး ကြၽန္ေတာ္တို႔ကေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ေကာင္ေလးေတြကို အျပစ္တင္တာမဟုတ္ပါဘူး။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္

ဒီရလဒ္ေၾကာင့္ ဂန္းနားေတြဟာ အုပ္စု ဘီကို ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆီဗီလာနဲ႔ လြန္းစ္တို႔က ၁-၁ သေရက်ခဲ့တာေၾကာင့္ ၁ မွတ္စီသာ ရရွိခဲ့ၾကတာျဖစ္ပါတယ္။ ပီအက္စ္ဗြီအသင္းေခါင္းေဆာင္ လုခ္ ဒီယုံးကလည္း အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက အလြန္ေကာင္းမြန္တဲ့ေျခစြမ္းျပသၿပီးေနာက္ပိုင္း အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္တက္ႏိုင္မယ္လို႔ ယုံၾကည္ေနၿပီးျဖစ္ပါတယ္။

“အာဆင္နယ္က အရမ္းေကာင္းမြန္တဲ့အသင္းျဖစ္ေနပါတယ္ ။ကြၽန္ေတာ္တို႔ သူတို႔ကို ဖိအားေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ လ်င္လ်င္ျမန္ျမန္ပဲ ၂ ဂိုးေပးလိုက္ရတယ္။ သူတို႔ေတြက ကြၽန္ေတာ္တို႔ ဖိအားေပးတာနဲ႔ ဘယ္ေနရာကို သြားရမလဲဆိုတာကို သိေနၿပီး လူလြတ္ကို ဘယ္ေနရာမွာ ရွာရမလဲဆိုတာကို အၿမဲတမ္း သိေနခဲ့တယ္။ သူတို႔မွာ ေဘာလုံးနဲ႔ပတ္သက္ၿပီး တည္ၿငိမ္မႈ အမ်ားႀကီးရွိပါတယ္။ သူတို႔ရဲ႕ အဆင့္အတန္းက အရမ္းျမင့္တယ္။ ကြၽန္ေတာ္တို႔အတြက္ ဒီေန႔ အရမ္းခက္ခဲခဲ့တယ္။ ကြၽန္ေတာ္တို႔အသင္းဟာ ခ်ီးက်ဴးမႈနဲ႔ေတာ့ ထိုက္တန္ပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ခဲ့လို႔ပါ။ အာဆင္နယ္က အရမ္းႀကီးမားတဲ့အသင္းတစ္သင္းျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒုတိယေနရာအတြက္ပဲ တျခားအသင္းေတြနဲ႔ ယွဥ္ၿပိဳင္ရပါလိမ့္မယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.