Match Report Premier League UCL&UEL

ရက်စက်တတ်အောင် သင်ကြားပြီး PSV ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပီအက်စ်ဗီအသင်းကတော့ ဂိုးသမား ဘင်နီတက်ဇ်၊ ခံစစ်မှာ ဘယ်လာ-ကော့ချက်ပ်၊ ဘော့စ်ကာဂလီ၊ တီဇီနဲ့ ဒက်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရှောက်တန်၊ ဗီးယားမန်းနဲ့ ဆာအီဘာရီတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဘာကာယိုကိုနဲ့ နိုအာလန်းတို့ကို လုခ် ဒယုံးနဲ့ တွဲဖက်ခင်းကျင်းလာခဲ့တာပါ။

ပွဲအစမှာ ချန်ပီယံလိဂ်နဲ့ ခုမှ စတင်ထိတွေ့ခွင့်ရတဲ့ အာဆင်နယ်တို့ အနည်းငယ် အထနှေးနေခဲ့ပြီး ပီအက်စ်ဗီတို့ကတော့ ပိုမိုထိုးဖောက်နိုင်ခဲ့သလို အိမ်ရှင်တွေဘက်က ဂိုးသမား ရာယာနဲ့ ခံစစ်က တည်တည်ငြိမ်ငြိမ် ကာကွယ်နိုင်ခဲ့လို့ သိပ်တော့ ပြဿနာ မရှိခဲ့ဘဲ တဖြည်းဖြည်းနဲ့ Rhythm အမှန်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဘောလုံးပြန်ရလာတဲ့ အော်ဒီဂွါဒ်က ဧရိယာထိပ်ကနေ ကန်သွင်းခဲ့ရာမှာ ပီအက်စ်ဗီဂိုးသမား ဘင်နီတက်ဇ် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဆာကာက ထောင့်ကျဉ်းအနေအထားကနေ ညာခြေနဲ့ Volley ကန်သွင်းပြီး အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပီအက်စ်ဗီတို့အနေနဲ့ အတိုးအလှုပ်ကောင်းတဲ့ ဘာကာယိုကိုနဲ့ နိုအာလန်း၊ နေရာလွတ်တွေ ရှာပေးနိုင်တဲ့ ဝါရင့်တိုက်စစ်မှူး ဒယုံးတို့နဲ့ အာဆင်နယ်ခံစစ်ကို ဖြိုဖို့ ကြိုးစားခဲ့ပေမယ့် သူတို့အဆင့်က မနှစ်က ယူရိုပါလိဂ်မှာ တွေ့ခဲ့တဲ့ ဂက်ခ်ပိုနဲ့ ဇာဗီ ဆီမွန်စ်တို့လောက် ရှိမနေတာကြောင့် အိမ်ရှင်တွေ ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ ဘန်ဝှိုက်ရဲ့ အနိမ့်ဘော ချိုးပေးမှုကို ဂျေဆူးစ်က မယုံနိုင်လောက်အောင် လွဲချော်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘန်ဝှိုက် ရှင်းထုတ်လိုက်တာကို ဂျေဆူးစ်က တောက်လျှောက်ဆွဲပြေးပြီး ညာခြမ်းကို ထုတ်ပေးခဲ့ရာမှာ ဆာကာက အတွင်းကို ချိုးပြီး ဘယ်ခြမ်းကို ခင်းပေးနိုင်ခဲ့လို့ မာကင်လွတ်နေတဲ့ ထရော့ဆတ်က ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ အာဆင်နယ်တို့ တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်က ဂါဘရီယယ်လ် ကန်တင်ပေးလိုက်တာကို ဘယ်ခြမ်းကနေ ချိန်သားကိုက် ပြေးထွက်သွားခဲ့တဲ့ ထရော့ဆတ်က ဧရိယာထဲကို ဖြတ်တင်ပေးရာမှာ ညာခြမ်းမှာ စောင့်နေတဲ့ ဂျေဆူးစ်က တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းနိုင်ခဲ့လို့ ဂိုးဖြစ်သွားခဲ့ပြီး ဒီဂိုးမှာ ဘယ်လ်ဂျီယမ်သားရဲ့ ဘယ်ခြေနဲ့ပေးပို့မှုက တိကျလွန်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပီအက်စ်ဗီတို့ကို သက်တောင့်သက်သာ ကစားနိုင်ဖို့ ဖြစ်လာခဲ့သလို ဒုတိယပိုင်းမှာတော့ အနည်းငယ် ကစားအားလျှော့ချပြီး ထိန်းသွားခဲ့တာကြောင့် ဧည့််သည်တွေရဲ့ နိုအာလန်းနဲ့ ဘာကာယိုကိုတို့ ပိုမိုပြေးလွှားခွင့်ရခဲ့ကြပေမယ့် ဘာမှတော့ မလုပ်နိုင်ခဲ့ကြတာပါ။

ပွဲချိန် ၅၈ မိနစ်မှာ အာဆင်နယ်ဘက်က ဇင်ချန်ကိုနဲ့ ထရော့ဆတ်အစား တိုမီယာစုနဲ့ နယ်လ်ဆန်တို့ကို လဲကစားခဲ့သလို ဒီနေ့ပွဲမှာတော့ ဟာဗတ်ဇ်ရဲ့ ပွဲအတွေ့အကြုံကို ကောင်းကောင်းမြင်ခဲ့ရပြီး ပီအက်စ်ဗီတို့ကတော့ သိက္ခာဆည်ဂိုးရနိုင်ဖို့ ဘာကာယိုကိုနဲ့ ဆာအီဘာရီအစား လိုဇာနိုနဲ့ တေးလ်မန်းတို့ကို လူစားသွင်းခဲ့ချိန်မှာ အာတီတာကတော့ ဆာကာနဲ့ ဂျေဆူးစ်နေရာမှာ စမစ်ရိုးနဲ့ ဖာဘီယို ဗီယာရာတို့ကို အစားထိုးသွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ အာဆင်နယ်တို့ စတုတ္ထအနိုင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ စမစ်ရိုး ပြန်ယူပေးတာကို နယ်လ်ဆန်က ဧရိယာထိပ်ကို ပြန်ချပေးခဲ့ရာမှာ အော်ဒီဂွါဒ်က သူကန်နေကျ ပုံစံအတိုင်း ညာဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာ ဂိုးပေါက် ၁၈ ကြိမ် ကန်သွင်းရာမှာ ၈ ကြိမ် ဂိုးပေါက်တည့်ပြီး ၄ ဂိုးရခဲ့သလို Ruthlessness လို့ ခေါ်တဲ့ အညှာအတာကင်းပြီး ရသလောက်သွင်းမယ်ဆိုတဲ့ ပုံစံမျိုးကို တွေ့ခဲ့ရသလို ဂျေဆူးစ်နဲ့ ဟာဗတ်ဇ်တို့သာ ဒီထက် အချိတ်အဆက် ပိုကောင်းလာခဲ့ရင် ဂိုးတွေ ပိုများနိုင်တာကိုလည်း မြင်ခဲ့ရပြီး နောက်ဆုံးလူစားလဲမှုအဖြစ်တော့ ရိုက်စ်အစား ဂျော်ဂျင်ညိုကို ထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ပီအက်စ်ဗီတို့ကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို အုပ်စု(B)မှာ သရေကျခဲ့တဲ့ ဆီဗီလာနဲ့ လွန်းစ်တို့ကြောင့် ဇယားထိပ်ကနေ ပြိုင်ဘက်မရှိ ဦးဆောင်သွားနိုင်ခဲ့ကြသလို အိမ်ကွင်းမှာ အဖွင့်လှခဲ့တာကြောင့် အုပ်စုကနေ တက်ရောက်နိုင်ဖို့လည်း ယုံကြည်မှုတွေ ပိုမိုမြင့်မားလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ ေဂ်ဆူးစ္နဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ပီအက္စ္ဗီအသင္းကေတာ့ ဂိုးသမား ဘင္နီတက္ဇ္၊ ခံစစ္မွာ ဘယ္လာ-ေကာ့ခ်က္ပ္၊ ေဘာ့စ္ကာဂလီ၊ တီဇီနဲ႔ ဒက္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေရွာက္တန္၊ ဗီးယားမန္းနဲ႔ ဆာအီဘာရီတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဘာကာယိုကိုနဲ႔ ႏိုအာလန္းတို႔ကို လုခ္ ဒယုံးနဲ႔ တြဲဖက္ခင္းက်င္းလာခဲ့တာပါ။

ပြဲအစမွာ ခ်န္ပီယံလိဂ္နဲ႔ ခုမွ စတင္ထိေတြ႕ခြင့္ရတဲ့ အာဆင္နယ္တို႔ အနည္းငယ္ အထေႏွးေနခဲ့ၿပီး ပီအက္စ္ဗီတို႔ကေတာ့ ပိုမိုထိုးေဖာက္ႏိုင္ခဲ့သလို အိမ္ရွင္ေတြဘက္က ဂိုးသမား ရာယာနဲ႔ ခံစစ္က တည္တည္ၿငိမ္ၿငိမ္ ကာကြယ္ႏိုင္ခဲ့လို႔ သိပ္ေတာ့ ျပႆနာ မရွိခဲ့ဘဲ တျဖည္းျဖည္းနဲ႔ Rhythm အမွန္ကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ေဘာလုံးျပန္ရလာတဲ့ ေအာ္ဒီဂြါဒ္က ဧရိယာထိပ္ကေန ကန္သြင္းခဲ့ရာမွာ ပီအက္စ္ဗီဂိုးသမား ဘင္နီတက္ဇ္ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ဆာကာက ေထာင့္က်ဥ္းအေနအထားကေန ညာေျခနဲ႔ Volley ကန္သြင္းၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပီအက္စ္ဗီတို႔အေနနဲ႔ အတိုးအလႈပ္ေကာင္းတဲ့ ဘာကာယိုကိုနဲ႔ ႏိုအာလန္း၊ ေနရာလြတ္ေတြ ရွာေပးႏိုင္တဲ့ ဝါရင့္တိုက္စစ္မႉး ဒယုံးတို႔နဲ႔ အာဆင္နယ္ခံစစ္ကို ၿဖိဳဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူတို႔အဆင့္က မႏွစ္က ယူ႐ိုပါလိဂ္မွာ ေတြ႕ခဲ့တဲ့ ဂက္ခ္ပိုနဲ႔ ဇာဗီ ဆီမြန္စ္တို႔ေလာက္ ရွိမေနတာေၾကာင့္ အိမ္ရွင္ေတြ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ဘန္ဝႈိက္ရဲ႕ အနိမ့္ေဘာ ခ်ိဳးေပးမႈကို ေဂ်ဆူးစ္က မယုံႏိုင္ေလာက္ေအာင္ လြဲေခ်ာ္ခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘန္ဝႈိက္ ရွင္းထုတ္လိုက္တာကို ေဂ်ဆူးစ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ညာျခမ္းကို ထုတ္ေပးခဲ့ရာမွာ ဆာကာက အတြင္းကို ခ်ိဳးၿပီး ဘယ္ျခမ္းကို ခင္းေပးႏိုင္ခဲ့လို႔ မာကင္လြတ္ေနတဲ့ ထေရာ့ဆတ္က ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာ အာဆင္နယ္တို႔ တတိယေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္က ဂါဘရီယယ္လ္ ကန္တင္ေပးလိုက္တာကို ဘယ္ျခမ္းကေန ခ်ိန္သားကိုက္ ေျပးထြက္သြားခဲ့တဲ့ ထေရာ့ဆတ္က ဧရိယာထဲကို ျဖတ္တင္ေပးရာမွာ ညာျခမ္းမွာ ေစာင့္ေနတဲ့ ေဂ်ဆူးစ္က တစ္ခ်က္ထိန္းၿပီး အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ဂိုးျဖစ္သြားခဲ့ၿပီး ဒီဂိုးမွာ ဘယ္လ္ဂ်ီယမ္သားရဲ႕ ဘယ္ေျခနဲ႔ေပးပို႔မႈက တိက်လြန္းခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပီအက္စ္ဗီတို႔ကို သက္ေတာင့္သက္သာ ကစားႏိုင္ဖို႔ ျဖစ္လာခဲ့သလို ဒုတိယပိုင္းမွာေတာ့ အနည္းငယ္ ကစားအားေလွ်ာ့ခ်ၿပီး ထိန္းသြားခဲ့တာေၾကာင့္ ဧည့္္သည္ေတြရဲ႕ ႏိုအာလန္းနဲ႔ ဘာကာယိုကိုတို႔ ပိုမိုေျပးလႊားခြင့္ရခဲ့ၾကေပမယ့္ ဘာမွေတာ့ မလုပ္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာ အာဆင္နယ္ဘက္က ဇင္ခ်န္ကိုနဲ႔ ထေရာ့ဆတ္အစား တိုမီယာစုနဲ႔ နယ္လ္ဆန္တို႔ကို လဲကစားခဲ့သလို ဒီေန႔ပြဲမွာေတာ့ ဟာဗတ္ဇ္ရဲ႕ ပြဲအေတြ႕အႀကဳံကို ေကာင္းေကာင္းျမင္ခဲ့ရၿပီး ပီအက္စ္ဗီတို႔ကေတာ့ သိကၡာဆည္ဂိုးရႏိုင္ဖို႔ ဘာကာယိုကိုနဲ႔ ဆာအီဘာရီအစား လိုဇာႏိုနဲ႔ ေတးလ္မန္းတို႔ကို လူစားသြင္းခဲ့ခ်ိန္မွာ အာတီတာကေတာ့ ဆာကာနဲ႔ ေဂ်ဆူးစ္ေနရာမွာ စမစ္႐ိုးနဲ႔ ဖာဘီယို ဗီယာရာတို႔ကို အစားထိုးသြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ အာဆင္နယ္တို႔ စတုတၳအႏိုင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန စမစ္႐ိုး ျပန္ယူေပးတာကို နယ္လ္ဆန္က ဧရိယာထိပ္ကို ျပန္ခ်ေပးခဲ့ရာမွာ ေအာ္ဒီဂြါဒ္က သူကန္ေနက် ပုံစံအတိုင္း ညာဘက္တိုင္ေျခကို အနိမ့္ေဘာ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာ ဂိုးေပါက္ ၁၈ ႀကိမ္ ကန္သြင္းရာမွာ ၈ ႀကိမ္ ဂိုးေပါက္တည့္ၿပီး ၄ ဂိုးရခဲ့သလို Ruthlessness လို႔ ေခၚတဲ့ အညႇာအတာကင္းၿပီး ရသေလာက္သြင္းမယ္ဆိုတဲ့ ပုံစံမ်ိဳးကို ေတြ႕ခဲ့ရသလို ေဂ်ဆူးစ္နဲ႔ ဟာဗတ္ဇ္တို႔သာ ဒီထက္ အခ်ိတ္အဆက္ ပိုေကာင္းလာခဲ့ရင္ ဂိုးေတြ ပိုမ်ားႏိုင္တာကိုလည္း ျမင္ခဲ့ရၿပီး ေနာက္ဆုံးလူစားလဲမႈအျဖစ္ေတာ့ ႐ိုက္စ္အစား ေဂ်ာ္ဂ်င္ညိဳကို ထည့္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က ပီအက္စ္ဗီတို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့သလို အုပ္စု(B)မွာ သေရက်ခဲ့တဲ့ ဆီဗီလာနဲ႔ လြန္းစ္တို႔ေၾကာင့္ ဇယားထိပ္ကေန ၿပိဳင္ဘက္မရွိ ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို အိမ္ကြင္းမွာ အဖြင့္လွခဲ့တာေၾကာင့္ အုပ္စုကေန တက္ေရာက္ႏိုင္ဖို႔လည္း ယုံၾကည္မႈေတြ ပိုမိုျမင့္မားလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.