Premier League

ကိန်းထက် ဟွိုင်လွန်းကို ခေါ်ခဲ့တာ နောင်တရ၊ မရ အဖြေပေးခဲ့တဲ့ တန်ဟက်

အဲရစ် တန်ဟက်က မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီမှာ ရာ့စ်မွတ် ဟွိုင်လွန်းကို ဟာရီ ကိန်းအစား ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး နောင်တမရဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအစမှာ ဟာရီ ကိန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးရဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်မှုကြောင့် လက်လျှော့ခဲ့ရပြီး ဘိုင်ယန်မြူးနစ်က ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ အတ္တလန္တာကနေ ရာ့စ်မွတ် ဟွိုင်လွန်းကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ ရွေးချယ်ခဲ့ပြီး ဒိန်းမတ်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်ကို ဒဏ်ရာနဲ့ ရောက်ရှိလာပြီးနောက် ကြံ့ခိုင်မှု အပြည့်အဝ ရရှိအောင် လုပ်ဆောင်နေခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ကိန်းက ဘွန်ဒက်စ်လီဂါကို ရောက်ရောက်ချင်း ချက်ချင်း ခြေစွမ်းပြသပြီး ပထမဆုံး ၄ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်က အပြောင်းအရွှေ့ကာလမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီအငြင်းအခုံကို ထပ်ပြီး ပြောနေစရာမလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ရာ့စ်မွတ်နဲ့ ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်။ ပထမဆုံးပွဲမှာ သူ ဒဏ်ရာရခဲ့တာ သိသာပါတယ်။ သူက အာဆင်နယ်နဲ့ ပွဲမှာ ကစားခဲ့တယ်။ အခု သူ ပွဲထွက်ပါဝင်ကစားရမယ်။ အခု ကျွန်တော်တို့ သူ့ကို အသင်းထဲမှာ ထည့်သွင်းရမယ်။ ဒါပေမယ့် သူ့မှာ ကြီးမားတဲ့အရည်အချင်းရှိတာ ခင်ဗျား မြင်နိုင်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ပွဲစဉ်တွေကို အကူအညီပေးပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး တော်တော်လေး ယုံကြည်ချက်ရှိပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တန်ဟက်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက် အကောင်းဆုံးပွဲထွက် ၁၁ ဦးကို ဘယ်တုန်းကမှ ပွဲမထုတ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

“အရာတစ်ခုကတော့ မှန်တယ်။ ပြီးခဲ့တဲ့ရာသီအစကနေစပြီး အခုအထိ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို ပွဲမထုတ်ခဲ့ရသေးဘူးလို့ ထင်ပါတယ်။ အမြဲတမ်း ဒဏ်ရာပြဿနာတွေရှိတယ်။ ကျွန်တော်တို့ အခုအချိန်အထိ အမြဲတမ်းလိုချင်တဲ့ ရလဒ်မရခဲ့ဘူး။ ကျွန်တော် အရင်တုန်းက အဲဒီလိုမျိုး ကြုံခဲ့ဖူးပြီး အဲဒါကို စီမံခန့်ခွဲနိုင်ခဲ့တယ်။ ခင်ဗျား အဲဒါကို ဖြေရှင်းရမှာပါ။ကျွန်တော် ဒီလို အခြေအနေတွေကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား အဲဒါကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး ဘာလုပ်ရမယ်ဆိုတာ သိနေရမှာပါ။ ဒါက လုပ်ငန်းစဉ်အပေါ်မှာ အာရုံစိုက်စေတာမို့လို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္က မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုေႏြရာသီမွာ ရာ့စ္မြတ္ ဟြိဳင္လြန္းကို ဟာရီ ကိန္းအစား ေခၚယူခဲ့တာနဲ႔ပတ္သက္ၿပီး ေနာင္တမရဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုေႏြရာသီအစမွာ ဟာရီ ကိန္းကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ ေျပာင္းေ႐ႊ႕ေၾကး သတ္မွတ္မႈေၾကာင့္ လက္ေလွ်ာ့ခဲ့ရၿပီး ဘိုင္ယန္ျမဴးနစ္က ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ အတၱလႏၲာကေန ရာ့စ္မြတ္ ဟြိဳင္လြန္းကို ေပါင္ ၇၂ သန္းနဲ႔ ေခၚယူဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး ဒိန္းမတ္တိုက္စစ္မႉးဟာ အိုးထရက္ဖို႔ဒ္ကို ဒဏ္ရာနဲ႔ ေရာက္ရွိလာၿပီးေနာက္ ႀကံ့ခိုင္မႈ အျပည့္အဝ ရရွိေအာင္ လုပ္ေဆာင္ေနခဲ့ရတာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာပဲ ကိန္းက ဘြန္ဒက္စ္လီဂါကို ေရာက္ေရာက္ခ်င္း ခ်က္ခ်င္း ေျခစြမ္းျပသၿပီး ပထမဆုံး ၄ ပြဲမွာ ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္ မန္ယူႏိုက္တက္က အေျပာင္းအေ႐ႊ႕ကာလမွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္ခဲ့တယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီအျငင္းအခုံကို ထပ္ၿပီး ေျပာေနစရာမလိုဘူးလို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ရာ့စ္မြတ္နဲ႔ ပတ္သက္ၿပီး ေပ်ာ္႐ႊင္မိပါတယ္။ ပထမဆုံးပြဲမွာ သူ ဒဏ္ရာရခဲ့တာ သိသာပါတယ္။ သူက အာဆင္နယ္နဲ႔ ပြဲမွာ ကစားခဲ့တယ္။ အခု သူ ပြဲထြက္ပါဝင္ကစားရမယ္။ အခု ကြၽန္ေတာ္တို႔ သူ႔ကို အသင္းထဲမွာ ထည့္သြင္းရမယ္။ ဒါေပမယ့္ သူ႔မွာ ႀကီးမားတဲ့အရည္အခ်င္းရွိတာ ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ သူက ကြၽန္ေတာ္တို႔ရဲ႕ ပြဲစဥ္ေတြကို အကူအညီေပးပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ အဲဒါနဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေလး ယုံၾကည္ခ်က္ရွိပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

တန္ဟက္က အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္ အေကာင္းဆုံးပြဲထြက္ ၁၁ ဦးကို ဘယ္တုန္းကမွ ပြဲမထုတ္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

“အရာတစ္ခုကေတာ့ မွန္တယ္။ ၿပီးခဲ့တဲ့ရာသီအစကေနစၿပီး အခုအထိ အေကာင္းဆုံး ပြဲထြက္ ၁၁ ဦးစာရင္းကို ပြဲမထုတ္ခဲ့ရေသးဘူးလို႔ ထင္ပါတယ္။ အၿမဲတမ္း ဒဏ္ရာျပႆနာေတြရွိတယ္။ ကြၽန္ေတာ္တို႔ အခုအခ်ိန္အထိ အၿမဲတမ္းလိုခ်င္တဲ့ ရလဒ္မရခဲ့ဘူး။ ကြၽန္ေတာ္ အရင္တုန္းက အဲဒီလိုမ်ိဳး ႀကဳံခဲ့ဖူးၿပီး အဲဒါကို စီမံခန႔္ခြဲႏိုင္ခဲ့တယ္။ ခင္ဗ်ား အဲဒါကို ေျဖရွင္းရမွာပါ။ကြၽန္ေတာ္ ဒီလို အေျခအေနေတြကို သေဘာက်တယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား အဲဒါကို ကိုင္တြယ္ေျဖရွင္းရမွာျဖစ္ၿပီး ဘာလုပ္ရမယ္ဆိုတာ သိေနရမွာပါ။ ဒါက လုပ္ငန္းစဥ္အေပၚမွာ အာ႐ုံစိုက္ေစတာမို႔လို႔ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.