Premier League UCL&UEL

ချန်ပီယံလိဂ်နိုင်ပွဲအပြီး သတင်းဆိုးကို အတည်ပြုလိုက်တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက စနေနေ့မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ဘာနာဒို ဆေးလ်ဗား ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ အင်္ဂါနေ့ညနေက ချန်ပီယံလိဂ်မှာ ရက်ဒ်စတား ဘဲလ်ဂရိတ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ ဂွါဒီယိုလာက ဆေးလ်ဗားရဲ့အခြေအနေကို အဖြေပေးခဲ့တာဖြစ်ပါတယ်။

“သူ ဘာမှ မပြောခဲ့ပါဘူး။ ကျွန်တော် ဆရာဝန်တွေနဲ့ စကားမပြောခဲ့ပေမယ့် လာမယ့် ပွဲစဉ်တွေအတွက် သူ ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးဆိုတာ သိသာပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ လာမယ့် ဗုဒ္ဓဟူးနေ့ နယူးကာဆယ် ယူနိုက်တက်နဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်မလားဆိုတာတော့ မရှင်းလင်းသေးဘဲ မန်စီးတီးဟာ ကီဗင် ဒီဘရိုင်းနားကို ဆုံးရှုံးခဲ့ရပြီးဖြစ်ပြီး ဂျက်ခ် ဂရီးလစ်ရှ်နဲ့ မတ်တီအို ကိုဗာချစ်တို့ကလည်း အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲမှာ အရန်ခုံမှာတောင် ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ တကယ် အရေးကြီးတဲ့ကစားသမား ၅ ဦး ဒဏ်ရာရခဲ့ရင် ရေရှည်မှာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဖြစ်တာက ဖြစ်ပြီးပြီ။ ကျွန်တော်တို့ လစာတွေနဲ့၊ အပြောင်းအရွှေ့တွေနဲ့ ဘတ်ဂျက်နဲ့ ကစားသမား ၅၅ ဦးနဲ့ အသင်းအတွက် တကယ့်ကို ကမောက်ကမဖြစ်စေပါလိမ့်မယ်။ တစ်ခါတလေမှာ အဲဒါက ဖြစ်တတ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ခုဖြစ်နေပါတယ်။ ကီဗင်လည်း အချိန်အကြာကြီး နားနေရတယ်။ ဂျွန်လည်း မကစားနိုင်သေးဘူး။ အဲဒါက နည်းနည်းတော့ ကြာနေပြီ။ ကိုဗာလည်း ပြန်ကစားပေးနိုင်တော့မှာဖြစ်နိုင်ပါတယ်။ ဂျက်ခ်ကလည်း တစ်ပတ် ၁၀ ရက်လောက်ဆိုရင် ကစားပေးနိုင်ပါလိမ့်မယ်။ဒါပေမယ့် အဲဒီအခါကျရင်တော့ ကျွန်တော်တို့ အခြေအနေတွေက အဆင်ပြေမှဖြစ်မယ်။ ဒါမှမဟုတ်ရင် ပြဿနာတက်တော့မယ်။ ကျွန်တော်ကတော့ အိုး ငါတို့မှာ ဒဏ်ရာပြဿနာတွေအများကြီးရှိနေတယ်လို့ ပြောနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ရှိနေတဲ့ကစားသမားတွေနဲ့ အဆင်ပြေအောင် ကစားသွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာက စေနေန႔မွာ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို ဘာနာဒို ေဆးလ္ဗား ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အဂၤါေန႔ညေနက ခ်န္ပီယံလိဂ္မွာ ရက္ဒ္စတား ဘဲလ္ဂရိတ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ ပထမပိုင္းမွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ပြဲအၿပီးမွာ ဂြါဒီယိုလာက ေဆးလ္ဗားရဲ႕အေျခအေနကို အေျဖေပးခဲ့တာျဖစ္ပါတယ္။

“သူ ဘာမွ မေျပာခဲ့ပါဘူး။ ကြၽန္ေတာ္ ဆရာဝန္ေတြနဲ႔ စကားမေျပာခဲ့ေပမယ့္ လာမယ့္ ပြဲစဥ္ေတြအတြက္ သူ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ဘူးဆိုတာ သိသာပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ လာမယ့္ ဗုဒၶဟူးေန႔ နယူးကာဆယ္ ယူႏိုက္တက္နဲ႔ ကစားရမယ့္ ကာရာေဘာင္းဖလားပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္မလားဆိုတာေတာ့ မရွင္းလင္းေသးဘဲ မန္စီးတီးဟာ ကီဗင္ ဒီဘ႐ိုင္းနားကို ဆုံးရႈံးခဲ့ရၿပီးျဖစ္ၿပီး ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ မတ္တီအို ကိုဗာခ်စ္တို႔ကလည္း အဂၤါေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာ အရန္ခုံမွာေတာင္ ပါဝင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ တကယ္ အေရးႀကီးတဲ့ကစားသမား ၅ ဦး ဒဏ္ရာရခဲ့ရင္ ေရရွည္မွာ ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ ျဖစ္တာက ျဖစ္ၿပီးၿပီ။ ကြၽန္ေတာ္တို႔ လစာေတြနဲ႔၊ အေျပာင္းအေ႐ႊ႕ေတြနဲ႔ ဘတ္ဂ်က္နဲ႔ ကစားသမား ၅၅ ဦးနဲ႔ အသင္းအတြက္ တကယ့္ကို ကေမာက္ကမျဖစ္ေစပါလိမ့္မယ္။ တစ္ခါတေလမွာ အဲဒါက ျဖစ္တတ္ပါတယ္။ ကံဆိုးစြာနဲ႔ပဲ ခုျဖစ္ေနပါတယ္။ ကီဗင္လည္း အခ်ိန္အၾကာႀကီး နားေနရတယ္။ ဂြၽန္လည္း မကစားႏိုင္ေသးဘူး။ အဲဒါက နည္းနည္းေတာ့ ၾကာေနၿပီ။ ကိုဗာလည္း ျပန္ကစားေပးႏိုင္ေတာ့မွာျဖစ္ႏိုင္ပါတယ္။ ဂ်က္ခ္ကလည္း တစ္ပတ္ ၁၀ ရက္ေလာက္ဆိုရင္ ကစားေပးႏိုင္ပါလိမ့္မယ္။ဒါေပမယ့္ အဲဒီအခါက်ရင္ေတာ့ ကြၽန္ေတာ္တို႔ အေျခအေနေတြက အဆင္ေျပမွျဖစ္မယ္။ ဒါမွမဟုတ္ရင္ ျပႆနာတက္ေတာ့မယ္။ ကြၽန္ေတာ္ကေတာ့ အိုး ငါတို႔မွာ ဒဏ္ရာျပႆနာေတြအမ်ားႀကီးရွိေနတယ္လို႔ ေျပာေနမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ကစားသမားေတြနဲ႔ အဆင္ေျပေအာင္ ကစားသြားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.