UCL&UEL

ဒေါ့မွန်ကို ပဲရစ်မှာ အလဲထိုးပြီး ပြီးပြည့်စုံတဲ့ ချန်ပီယံလိဂ်ခရီးကို စတင်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ အင်္ဂါနေ့ညက ဒေ့ါမွန်နဲ့ ကစားခဲ့တဲ့ပွဲမှာ အမ်ဘာပေနဲ့ ဟာကီမီတို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် ချန်ပီယံလိဂ်မှာ ပြီးပြည့်စုံတဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်ဟာ ဘွန်ဒက်စ်လီဂါရာသီအစကတည်းက အကောင်းဆုံးပုံစံ မရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ ဖရိုင်းဘတ်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့နောက် ပဲရစ်ကို မြင့်မားတဲ့ စိတ်ဓာတ်ပိုင်းနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၄၉ မိနစ်မှာ အမ်ဘာပေက ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူပေးခဲ့ပြီး ၅၈ မိနစ်မှာ ဟာကီမီရဲ့ ကောင်းမွန်တဲ့ ကန်သွင်းချက်ကြောင့် နောက်ထပ် ဦးဆောင်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့်လည်း ဖန်တီးမှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဒေါ့မွန်က တန်ပြန်တိုက်စစ်နဲ့ ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာ အမ်ဘာပေရဲ့ ကန်ချက်က နစ်ကလပ်စ် ဆူးလ်ရဲ့ လက်ထိသွားခဲ့ပြီးနောက် ပွဲအခြေအနေက ပြောင်းလဲသွားခဲ့တာဖြစ်ပြီး အမ်ဘာပေဟာ လက်ရှိမှာ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃၅ ဂိုးပြည့်မြောက်ခဲ့ပြီဖြစ်တာကြောင့် ပြင်သစ်ဂန္တဝင် သီယာရီ အွန်နရီရဲ့ သွင်းဂိုးနဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီဟာ အဂၤါေန႔ညက ေဒ့ါမြန္နဲ႔ ကစားခဲ့တဲ့ပြဲမွာ အမ္ဘာေပနဲ႔ ဟာကီမီတို႔ရဲ႕ ဒုတိယပိုင္း သြင္းဂိုးေတြေၾကာင့္ ခ်န္ပီယံလိဂ္မွာ ၿပီးျပည့္စုံတဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ေဒါ့မြန္ဟာ ဘြန္ဒက္စ္လီဂါရာသီအစကတည္းက အေကာင္းဆုံးပုံစံ မရရွိခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္မွာ ဖ႐ိုင္းဘတ္ကို ၄-၂ နဲ႔ အႏိုင္ရရွိခဲ့ေနာက္ ပဲရစ္ကို ျမင့္မားတဲ့ စိတ္ဓာတ္ပိုင္းနဲ႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၄၉ မိနစ္မွာ အမ္ဘာေပက ပင္နယ္တီကေနတဆင့္ ဂိုးသြင္းယူေပးခဲ့ၿပီး ၅၈ မိနစ္မွာ ဟာကီမီရဲ႕ ေကာင္းမြန္တဲ့ ကန္သြင္းခ်က္ေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရခဲ့ေပမယ့္လည္း ဖန္တီးမႈ အနည္းငယ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေဒါ့မြန္က တန္ျပန္တိုက္စစ္နဲ႔ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာ အမ္ဘာေပရဲ႕ ကန္ခ်က္က နစ္ကလပ္စ္ ဆူးလ္ရဲ႕ လက္ထိသြားခဲ့ၿပီးေနာက္ ပြဲအေျခအေနက ေျပာင္းလဲသြားခဲ့တာျဖစ္ၿပီး အမ္ဘာေပဟာ လက္ရွိမွာ ပီအက္စ္ဂ်ီအတြက္ ခ်န္ပီယံလိဂ္သြင္းဂိုး ၃၅ ဂိုးျပည့္ေျမာက္ခဲ့ၿပီျဖစ္တာေၾကာင့္ ျပင္သစ္ဂႏၲဝင္ သီယာရီ အြန္နရီရဲ႕ သြင္းဂိုးနဲ႔ တူညီသြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.