La Liga Match Report UCL&UEL

ဂျာအို ဖဲလစ္စကို ရလိုက်တာ အရမ်းတန်သွားတဲ့ ဘာစီလိုနာရဲ့ အန့်တ်ဝပ်နဲ့ ဂိုးပြတ်နိုင်ပွဲ

ဘာစီလိုနာအသင်းအနေနဲ့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ ခရစ္စတင်ဆန်၊ ဂျာအို ကန်ဆယ်လိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဖရင်ကီ ဒယုံးနဲ့ ဂါဗီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဂျာအို ဖဲလစ္စနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နူးကမ့်မှာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့တဲ့ နည်းပြ ဗန်ဘွန်မဲလ်ရဲ့ ဧည့်သည် ရွိုင်ရယ်လ် အန့်တ်ဝပ်အသင်းကတော့ ဂိုးသမား ဘူတက်ဇ်၊ ခံစစ်မှာ အယ်လ်ဒါဗိုင်ရယ်လ်၊ ကူလီဘေလီ၊ ဘာတေးလ်နဲ့ ဗိုင်းန်ဒယ်လ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကီးတား၊ ဗာမီယာရင်၊ အက်ကယ်လင်ကမ့်၊ မူယာနဲ့ ဘာလစ်ရှီဝါတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ယန်ဆန်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်မှာ အိမ်ရှင်တွေ စိတ်ကြိုက်အပေးအယူလုပ်ခဲ့ကြပြီးမှ ဂွန်ဒိုးဝမ်က ဧရိယာဘယ်ခြမ်းထဲကို ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂျာအို ဖဲလစ္စက တစ်ချက်ခေါက်ပြီး ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ချိုးကန်သွင်းခဲ့လို့ အက်သလက်တီကိုကနေ ရလိုက်တာက တန်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ ဘာစီလိုနာတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်က ဒယုံးရဲ့ အမြော်အမြင်ရှိတဲ့ ဆရာကျကျ ပေးပို့မှုကို အန့်တ်ဝပ်တို့ မတားလိုက်နိုင်ဘဲ လွတ်ထွက်သွားတာကနေ ဂျာအို ဖဲလစ္စက ဘယ်တောင်ပံက တစ်ချက်ခေါက်ပြီး အဝေးတိုင်ဘက် ဖြတ်တင်ပေးခဲ့ရာမှာ ညာခြမ်းမှာ အသင့်ရှိနေခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးက ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဘာစီလိုနာတို့အတွက် တတိယဂိုးကို အန့်တ်ဝပ်တို့ လက်ဆောင်ပေးသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ရာဖင်ညာက ဖြတ်တင်ပေးခဲ့ရာမှာ ဘောလုံးက နောက်ခံလူ ဘာတေးလ်နဲ့ထိပြီး လမ်းကြောင်းမှန်းရင်း ရှေ့ထွက်လာတဲ့ ဂိုးသမား ဘူတက်ဇ်ရဲ့ နောက်ကို တိုင်မင်လွဲပြီး ဝင်သွားခဲ့တာကြောင့် ဂိုးရရှိခဲ့ပြီး ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေနိုင်ခဲ့ကြပါတယ်။

တီကိုမှာ တိုက်စစ်မကစားရလို့ ဆီမီယွန်နီနဲ့ ပြဿနာတက်ခဲ့ပြီး ဆက်နေလို့ မရအောင်ဖြစ်ခဲ့တာကြောင့် အငှားတွေ ထွက်ကစားနေရတဲ့ တိုက်စစ်မှူး ဂျာအို ဖဲလစ္စကတော့ ချဲလ်ဆီးနဲ့ ကွဲခဲ့ပြီးတဲ့နောက်မှာ ဘာစီလိုနာကို Move On လုပ်ခဲ့ရာမှာတော့ စူဠလိပ်ကို ရေထဲလွှတ်လိုက်သလို ဇက်သတ်မရအောင် ခြေစွမ်း ပြနေနိုင်ခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှုတွေ အတော်များများ ပြုလုပ်ပေးနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရတာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာတော့ ဘာစီလိုနာတို့ စတုတ္ထဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ကန်ဆယ်လို ချိုးပေးတဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီး ကန်သွင်းရာမှာ လူထိပြီး ပြန်ထွက်လာခဲ့တာကို ဂါဗီက ဧရိယာထဲမှာ ပြန်လည်ရယူပြီး ဘယ်ခြေနဲ့ ထောင့်ထဲကို အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးလည်းဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဘာစီလိုနာတို့ပဲ ပဉ္စမမြောက်ဂိုးကို ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အပေးအယူလုပ်ပြီး ရာဖင်ညာက ညာခြမ်းကနေ အဝေးတိုင်ဘက်ကို လှမ်းတင်ပေးရာမှာ လီဗန်ဒေါ့စကီးနောက်က နေရာယူထားခဲ့တဲ့ ဂျာအို ဖဲလစ္စကပဲ တိုင်နားကနေ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ဒီပွဲမှာ ဘာစီလိုနာတို့ဘက်က ဒယုံး၊ ဂါဗီ၊ ရာဖင်ညာ၊ ဂျာအို ဖဲလစ္စနဲ့ ကန်ဆယ်လိုတို့အစား ရိုမီယူ၊ ဖာမင်၊ ဖယ်ရန် တောရက်စ်၊ လာမင်း ယာမယ်လ်နဲ့ ဆာဂျီ ရော်ဘတ်တိုတို့ကို လူစားလဲကစားသွားခဲ့ကြပေမယ့် ပဉ္စမဂိုးနောက်ပိုင်းမှာတော့ လူစားဝင် ကစားသမားတွေ ဂိုးထပ်ရဖို့ မစွမ်းကြတော့တာကြောင့် ငါးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးခဲ့ပြီး အုပ်စု(H)မှာ ပေါ်တိုတို့အထက် ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ကြန္ဒီ၊ ခရစၥတင္ဆန္၊ ဂ်ာအို ကန္ဆယ္လိုနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ဖရင္ကီ ဒယုံးနဲ႔ ဂါဗီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ ဂ်ာအို ဖဲလစၥနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ႏူးကမ့္မွာ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့တဲ့ နည္းျပ ဗန္ဘြန္မဲလ္ရဲ႕ ဧည့္သည္ ႐ြိဳင္ရယ္လ္ အန႔္တ္ဝပ္အသင္းကေတာ့ ဂိုးသမား ဘူတက္ဇ္၊ ခံစစ္မွာ အယ္လ္ဒါဗိုင္ရယ္လ္၊ ကူလီေဘလီ၊ ဘာေတးလ္နဲ႔ ဗိုင္းန္ဒယ္လ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ကီးတား၊ ဗာမီယာရင္၊ အက္ကယ္လင္ကမ့္၊ မူယာနဲ႔ ဘာလစ္ရွီဝါတို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ယန္ဆန္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ဘာစီလိုနာတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္မွာ အိမ္ရွင္ေတြ စိတ္ႀကိဳက္အေပးအယူလုပ္ခဲ့ၾကၿပီးမွ ဂြန္ဒိုးဝမ္က ဧရိယာဘယ္ျခမ္းထဲကို ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဂ်ာအို ဖဲလစၥက တစ္ခ်က္ေခါက္ၿပီး ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့လို႔ အက္သလက္တီကိုကေန ရလိုက္တာက တန္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ ဘာစီလိုနာတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္က ဒယုံးရဲ႕ အေျမာ္အျမင္ရွိတဲ့ ဆရာက်က် ေပးပို႔မႈကို အန႔္တ္ဝပ္တို႔ မတားလိုက္ႏိုင္ဘဲ လြတ္ထြက္သြားတာကေန ဂ်ာအို ဖဲလစၥက ဘယ္ေတာင္ပံက တစ္ခ်က္ေခါက္ၿပီး အေဝးတိုင္ဘက္ ျဖတ္တင္ေပးခဲ့ရာမွာ ညာျခမ္းမွာ အသင့္ရွိေနခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးက ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဘာစီလိုနာတို႔အတြက္ တတိယဂိုးကို အန႔္တ္ဝပ္တို႔ လက္ေဆာင္ေပးသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ရာဖင္ညာက ျဖတ္တင္ေပးခဲ့ရာမွာ ေဘာလုံးက ေနာက္ခံလူ ဘာေတးလ္နဲ႔ထိၿပီး လမ္းေၾကာင္းမွန္းရင္း ေရွ႕ထြက္လာတဲ့ ဂိုးသမား ဘူတက္ဇ္ရဲ႕ ေနာက္ကို တိုင္မင္လြဲၿပီး ဝင္သြားခဲ့တာေၾကာင့္ ဂိုးရရွိခဲ့ၿပီး ပထမပိုင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနႏိုင္ခဲ့ၾကပါတယ္။

တီကိုမွာ တိုက္စစ္မကစားရလို႔ ဆီမီယြန္နီနဲ႔ ျပႆနာတက္ခဲ့ၿပီး ဆက္ေနလို႔ မရေအာင္ျဖစ္ခဲ့တာေၾကာင့္ အငွားေတြ ထြက္ကစားေနရတဲ့ တိုက္စစ္မႉး ဂ်ာအို ဖဲလစၥကေတာ့ ခ်ဲလ္ဆီးနဲ႔ ကြဲခဲ့ၿပီးတဲ့ေနာက္မွာ ဘာစီလိုနာကို Move On လုပ္ခဲ့ရာမွာေတာ့ စူဠလိပ္ကို ေရထဲလႊတ္လိုက္သလို ဇက္သတ္မရေအာင္ ေျခစြမ္း ျပေနႏိုင္ခဲ့ၿပီး ဂိုးပါဝင္ပတ္သက္မႈေတြ အေတာ္မ်ားမ်ား ျပဳလုပ္ေပးႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရတာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ စတုတၳဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ကန္ဆယ္လို ခ်ိဳးေပးတဲ့ ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီး ကန္သြင္းရာမွာ လူထိၿပီး ျပန္ထြက္လာခဲ့တာကို ဂါဗီက ဧရိယာထဲမွာ ျပန္လည္ရယူၿပီး ဘယ္ေျခနဲ႔ ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဂိုးလည္းျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ပဲ ပၪၥမေျမာက္ဂိုးကို ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို အေပးအယူလုပ္ၿပီး ရာဖင္ညာက ညာျခမ္းကေန အေဝးတိုင္ဘက္ကို လွမ္းတင္ေပးရာမွာ လီဗန္ေဒါ့စကီးေနာက္က ေနရာယူထားခဲ့တဲ့ ဂ်ာအို ဖဲလစၥကပဲ တိုင္နားကေန အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။

ဒီပြဲမွာ ဘာစီလိုနာတို႔ဘက္က ဒယုံး၊ ဂါဗီ၊ ရာဖင္ညာ၊ ဂ်ာအို ဖဲလစၥနဲ႔ ကန္ဆယ္လိုတို႔အစား ႐ိုမီယူ၊ ဖာမင္၊ ဖယ္ရန္ ေတာရက္စ္၊ လာမင္း ယာမယ္လ္နဲ႔ ဆာဂ်ီ ေရာ္ဘတ္တိုတို႔ကို လူစားလဲကစားသြားခဲ့ၾကေပမယ့္ ပၪၥမဂိုးေနာက္ပိုင္းမွာေတာ့ လူစားဝင္ ကစားသမားေတြ ဂိုးထပ္ရဖို႔ မစြမ္းၾကေတာ့တာေၾကာင့္ ငါးဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးခဲ့ၿပီး အုပ္စု(H)မွာ ေပၚတိုတို႔အထက္ ပထမေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.