Match Report Premier League UCL&UEL

ဟားလန်း ဂိုးပေါက်ပျောက်ပြီး အယ်လ်ဗာရက်ဇ်ကြောင့်သာ ကြယ်နီဖွာနိုင်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်၊ အာကေနဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ မက်သီယူးစ် နူးနက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဆားဘီးယားကလပ် ရက်ဒ်စတား ဘဲလ်ဂရိတ်ဒ်ခေါ် ကာဗီနာ ဇဗက်ဇဒါတို့ကတော့ ဂိုးသမား ဂလေဇာ၊ ခံစစ်မှာ ဒရာဂိုဗစ်ချ်၊ ဂျီဂါ၊ မီထရိုဗစ်ချ်၊ မီယာလိုဗစ်ချ်နဲ့ ရိုဒစ်ချ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ စတာမင်နစ်ချ်၊ အီဗန်နစ်ချ်နဲ့ ဟွမ်းအင်ဘွမ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဘူခါရီနဲ့ အန်ဒီယာယေးတို့ကို တင်ကစားလာခဲ့တာပါ။

ပထမပိုင်းမှာ ဟားလန်းက အခွင့်အရေးတွေကို ဖြုန်းတီးခဲ့သလို မန်စီးတီးတစ်သင်းလုံးကလည်း ထူးမခြားနားပဲဖြစ်နေခဲ့ပြီး ဂိုးပေါက် ၂၂ ကြိမ် ကန်သွင်းရာမှာ ၇ ကြိမ်တည့်ခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့ချိန်မှာ ရက်ဒ်စတားတို့ကတော့ ပွဲချိန် ၄၅ မိနစ်မှာ ကွင်းလယ်ကနေ အီဗန်နစ်ချ်ရဲ့ အလျင်အမြန် ဖန်တီးမှုကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဘူခါရီက အီဒါဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ ဂိုးအဖြစ်ပြောင်းလဲသွားခဲ့တာပါ။

ရက်ဒ်စတားတို့အနေနဲ့ တစ်ကြိမ်ပဲ အခွင့်အရေးရခဲ့တဲ့ ပထမပိုင်းမှာ တစ်ဂိုးသွင်းယူပြီး မန်စီးတီးတို့ကို ဦးဆောင်နိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ မျက်နှာပျက်စရာဖြစ်ခဲ့ရသလို ဒီနေ့ပွဲမှာ ဟက်ထရစ်လောက်ရမယ်လို့ ပရိသတ်တွေ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ထားတဲ့ ဟားလန်းကလည်း အလုပ်မဖြစ်ခဲ့လို့ နောက်က လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဆွဲတက်လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်က ဟားလန်းနဲ့ တွဲလုံးကနေ ဧရိယာထဲ ဝင်ရောက်ပြီး ထောင့်ကျဉ်းအနေအထားကနေ ခပ်ပျော့ပျော့သာ ကန်သွင်းနိုင်ခဲ့တာဖြစ်ပေမယ့် ရက်ဒ်စတားနောက်ခံလူတွေ ကြက်သေသေပြီး မဖျက်နိုင်ခဲ့ကြတာကြောင့် ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာတော့ မန်စီးတီးတို့ အိမ်ကွင်းမှာ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ နူးနက်စ်ကို ဆွဲလှဲခံခဲ့ရလို့ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ အယ်လ်ဗာရက်ဇ်က အဝေးတိုင် ညာဘက်ထောင့်ကို ဖြတ်တင်ပေးခဲ့ရာမှာ ရက်ဒ်စတားဂိုးသမား ဂလေဇာ ပုတ်ထုတ်ဖို့ ကြိုးစားတာက လက်နဲ့ ရှပ်ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ မန်စီးတီးတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့တဲ့ တိုက်စစ်သမားတွေကို မျက်ခြေမပြတ် လိုက်ကပ်နေပေမယ့် ရိုဒရီ ဘောလုံးရသွားချိန်မှာ ကွင်းလယ်အဖျက်သမားဖြစ်လို့ ဂိုးသွင်းနိုင်ခြေ နည်းတယ်လို့ လျှော့တွက်ခဲ့တဲ့ ရက်ဒ်စတားတွေကို စပိန်သားက ဧရိယာထဲအထိ ဝင်ရောက်ပြီးမှ လှလှပပ အနိမ့်ဘောကန်သွင်းယူပြခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဟားလန်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ ရက်ဒ်စတား ဘဲလ်ဂရိတ်ဒ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပြီး ချန်ပီယံလိဂ် အုပ်စု(ဂျီ)မှာ RB လိုက်ပ်ဇစ်တို့နဲ့ ရလဒ်တူညီခဲ့ပေမယ့် နာမည်စားခဲ့တဲ့ ဂျာမန်သားတွေကို ပထမနေရာကနေ ရပ်တည်ခွင့်ပေးလိုက်ရပြီး လာမယ့်ပွဲတွေကျမှ အုပ်စု ပထမနေရာကို ရယူဖို့ ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ ႐ူဘင္ ဒီယက္စ္၊ အာေကနဲ႔ ဆာဂ်ီယို ဂိုမက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ မက္သီယူးစ္ ႏူးနက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖိုဒန္၊ အယ္လ္ဗာရက္ဇ္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဆားဘီးယားကလပ္ ရက္ဒ္စတား ဘဲလ္ဂရိတ္ဒ္ေခၚ ကာဗီနာ ဇဗက္ဇဒါတို႔ကေတာ့ ဂိုးသမား ဂေလဇာ၊ ခံစစ္မွာ ဒရာဂိုဗစ္ခ်္၊ ဂ်ီဂါ၊ မီထ႐ိုဗစ္ခ်္၊ မီယာလိုဗစ္ခ်္နဲ႔ ႐ိုဒစ္ခ်္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ စတာမင္နစ္ခ်္၊ အီဗန္နစ္ခ်္နဲ႔ ဟြမ္းအင္ဘြမ္တို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဘူခါရီနဲ႔ အန္ဒီယာေယးတို႔ကို တင္ကစားလာခဲ့တာပါ။

ပထမပိုင္းမွာ ဟားလန္းက အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့သလို မန္စီးတီးတစ္သင္းလုံးကလည္း ထူးမျခားနားပဲျဖစ္ေနခဲ့ၿပီး ဂိုးေပါက္ ၂၂ ႀကိမ္ ကန္သြင္းရာမွာ ၇ ႀကိမ္တည့္ခဲ့ေပမယ့္ တစ္ဂိုးမွ မရခဲ့ခ်ိန္မွာ ရက္ဒ္စတားတို႔ကေတာ့ ပြဲခ်ိန္ ၄၅ မိနစ္မွာ ကြင္းလယ္ကေန အီဗန္နစ္ခ်္ရဲ႕ အလ်င္အျမန္ ဖန္တီးမႈကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ ဘူခါရီက အီဒါဆန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဂိုးအျဖစ္ေျပာင္းလဲသြားခဲ့တာပါ။

ရက္ဒ္စတားတို႔အေနနဲ႔ တစ္ႀကိမ္ပဲ အခြင့္အေရးရခဲ့တဲ့ ပထမပိုင္းမွာ တစ္ဂိုးသြင္းယူၿပီး မန္စီးတီးတို႔ကို ဦးေဆာင္ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရသလို ဒီေန႔ပြဲမွာ ဟက္ထရစ္ေလာက္ရမယ္လို႔ ပရိသတ္ေတြ ကိုယ့္ငါးခ်ဥ္ ကိုယ္ခ်ဥ္ထားတဲ့ ဟားလန္းကလည္း အလုပ္မျဖစ္ခဲ့လို႔ ေနာက္က လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ဆြဲတက္လာခဲ့တဲ့ အယ္လ္ဗာရက္ဇ္က ဟားလန္းနဲ႔ တြဲလုံးကေန ဧရိယာထဲ ဝင္ေရာက္ၿပီး ေထာင့္က်ဥ္းအေနအထားကေန ခပ္ေပ်ာ့ေပ်ာ့သာ ကန္သြင္းႏိုင္ခဲ့တာျဖစ္ေပမယ့္ ရက္ဒ္စတားေနာက္ခံလူေတြ ၾကက္ေသေသၿပီး မဖ်က္ႏိုင္ခဲ့ၾကတာေၾကာင့္ ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ မန္စီးတီးတို႔ အိမ္ကြင္းမွာ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ႏူးနက္စ္ကို ဆြဲလွဲခံခဲ့ရလို႔ ရရွိခဲ့တဲ့ ဖရီးကစ္ကေန အယ္လ္ဗာရက္ဇ္က အေဝးတိုင္ ညာဘက္ေထာင့္ကို ျဖတ္တင္ေပးခဲ့ရာမွာ ရက္ဒ္စတားဂိုးသမား ဂေလဇာ ပုတ္ထုတ္ဖို႔ ႀကိဳးစားတာက လက္နဲ႔ ရွပ္ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ မန္စီးတီးတို႔ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ထိုးေဖာက္ဖို႔ ႀကိဳးစားေနခဲ့တဲ့ တိုက္စစ္သမားေတြကို မ်က္ေျခမျပတ္ လိုက္ကပ္ေနေပမယ့္ ႐ိုဒရီ ေဘာလုံးရသြားခ်ိန္မွာ ကြင္းလယ္အဖ်က္သမားျဖစ္လို႔ ဂိုးသြင္းႏိုင္ေျခ နည္းတယ္လို႔ ေလွ်ာ့တြက္ခဲ့တဲ့ ရက္ဒ္စတားေတြကို စပိန္သားက ဧရိယာထဲအထိ ဝင္ေရာက္ၿပီးမွ လွလွပပ အနိမ့္ေဘာကန္သြင္းယူျပခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဟားလန္း မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ရက္ဒ္စတား ဘဲလ္ဂရိတ္ဒ္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ခ်န္ပီယံလိဂ္ အုပ္စု(ဂ်ီ)မွာ RB လိုက္ပ္ဇစ္တို႔နဲ႔ ရလဒ္တူညီခဲ့ေပမယ့္ နာမည္စားခဲ့တဲ့ ဂ်ာမန္သားေတြကို ပထမေနရာကေန ရပ္တည္ခြင့္ေပးလိုက္ရၿပီး လာမယ့္ပြဲေတြက်မွ အုပ္စု ပထမေနရာကို ရယူဖို႔ ျဖစ္လာႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.