Premier League Transfer News

EPL အသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ တိုနီကို ဘရန့်ဖို့ဒ်တို့ ရောင်းချသွားမည်

အာဆင်နယ်အသင်းနဲ့ အပြန်အလှန် စိတ်ဝင်စားခဲ့ဖူးကြပြီး အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ခင်မှာပဲ လောင်းကစားမှုတွေကြောင့် ရှစ်လ ပွဲပယ်ပြစ်ဒဏ်ကျသွားတဲ့ တိုက်စစ်မှူး အီဗန် တိုနီကို ဘရန့်ဖို့ဒ်တို့အနေနဲ့ လာမယ့် ဇန်နဝါရီမှာ ရောင်းချသွားဖို့ အရိပ်အမြွက်ဆိုလိုက်ပြီဖြစ်ပါတယ်။

နည်းပြ သောမတ်စ် ဖရန့်ခ်အနေနဲ့ ဒီလထဲမှာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းခွင့်ရထားတဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးလို့ ချီးကျူးထားပြီး သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် ရောင်းချဖို့ အဆင်သင့်ပဲလို့ ဆိုသွားခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကစပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ရဲ့ ဘောလုံးကစားခွင့် တရားဝင် ပိတ်ပင်ခံထားရတဲ့ တိုနီအနေနဲ့ လာမယ့် ဇန်နဝါရီလလယ်လောက်မှာ ပြန်လည်ကစားခွင့်ရှိနေပြီဖြစ်ပြီး သူ့ကို အာဆင်နယ်အသင်းအပြင် မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးအသင်းတွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ကတော့ စွန့်စားရမယ့်လုပ်ရပ်လည်းဖြစ်ပြီး ဘရန့်ဖို့ဒ်တို့ကတော့ အလောတကြီး ရောင်းချသွားဖို့ ပြန်လည်စဉ်းစားနိုင်သလို ခြေစွမ်းကို ပြန်လည်မှတ်ကျောက်တင်ခံပြီးမှ ဈေးကွက်တင် Showcase ထဲ ထည့်ရောင်းဖို့ဖြစ်နိုင်ပေမယ့် ချဲလ်ဆီးလို စဉ်းစားတွေးတောမှု မရှိဘဲ တစ်ရှူးထိုးလုပ်တတ်တဲ့ အသင်းကတော့ နည်းပြ ပိုချက်တီနိုအတွက် လိုအပ်နေတဲ့ နံပါတ် ၉ တစ်ဦးကို မိုက်မိုက်ကန်းကန်း ခေါ်ယူသွားနိုင်တာပါ။

အာဆင်နယ်တို့ကတော့ တိုက်စစ်မှူး လိုအပ်နေတာ မှန်ပေမယ့် ဇန်နဝါရီအထိတော့ အသင်းကို စောင့်ကြည့်စစ်ဆေးသွားဦးမှာဖြစ်လို့ တိုနီ၊ နည်းပြ ဖရန့်ခ်နဲ့ ဘရန့်ဖို့ဒ်တို့အနေနဲ့ ပြန်လည်ကစားခွင့်ရချိန်မှာ ဘယ်လိုမျိုး တုံ့ပြန်မလဲ စောင့်ကြည့်ရမှာဖြစ်ပြီး တောသားချဲပေါက် တော့ဒ် ဘိုလီနဲ့ ချဲလ်ဆီးတို့ကတော့ ပိုမိုစွန့်စားနိုင်ခြေရှိနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းနဲ႔ အျပန္အလွန္ စိတ္ဝင္စားခဲ့ဖူးၾကၿပီး အေကာင္အထည္ေဖာ္ဖို႔ မျဖစ္ႏိုင္ခင္မွာပဲ ေလာင္းကစားမႈေတြေၾကာင့္ ရွစ္လ ပြဲပယ္ျပစ္ဒဏ္က်သြားတဲ့ တိုက္စစ္မႉး အီဗန္ တိုနီကို ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ လာမယ့္ ဇန္နဝါရီမွာ ေရာင္းခ်သြားဖို႔ အရိပ္အႁမြက္ဆိုလိုက္ၿပီျဖစ္ပါတယ္။

နည္းျပ ေသာမတ္စ္ ဖရန႔္ခ္အေနနဲ႔ ဒီလထဲမွာ အသင္းနဲ႔ ေလ့က်င့္ခန္း ျပန္ဆင္းခြင့္ရထားတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး နံပါတ္ ၉ တိုက္စစ္မႉးတစ္ဦးလို႔ ခ်ီးက်ဴးထားၿပီး သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ရရွိမယ္ဆိုရင္ ေရာင္းခ်ဖို႔ အဆင္သင့္ပဲလို႔ ဆိုသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ေမလ ၁၇ ရက္ေန႔ကစၿပီး အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ FA ရဲ႕ ေဘာလုံးကစားခြင့္ တရားဝင္ ပိတ္ပင္ခံထားရတဲ့ တိုနီအေနနဲ႔ လာမယ့္ ဇန္နဝါရီလလယ္ေလာက္မွာ ျပန္လည္ကစားခြင့္ရွိေနၿပီျဖစ္ၿပီး သူ႔ကို အာဆင္နယ္အသင္းအျပင္ မန္ခ်က္စတာယူႏိုက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ခ်ဲလ္ဆီးအသင္းေတြက စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

ဇန္နဝါရီမွာ သူ႔ကို ေခၚယူဖို႔ကေတာ့ စြန႔္စားရမယ့္လုပ္ရပ္လည္းျဖစ္ၿပီး ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အေလာတႀကီး ေရာင္းခ်သြားဖို႔ ျပန္လည္စဥ္းစားႏိုင္သလို ေျခစြမ္းကို ျပန္လည္မွတ္ေက်ာက္တင္ခံၿပီးမွ ေဈးကြက္တင္ Showcase ထဲ ထည့္ေရာင္းဖို႔ျဖစ္ႏိုင္ေပမယ့္ ခ်ဲလ္ဆီးလို စဥ္းစားေတြးေတာမႈ မရွိဘဲ တစ္ရႉးထိုးလုပ္တတ္တဲ့ အသင္းကေတာ့ နည္းျပ ပိုခ်က္တီႏိုအတြက္ လိုအပ္ေနတဲ့ နံပါတ္ ၉ တစ္ဦးကို မိုက္မိုက္ကန္းကန္း ေခၚယူသြားႏိုင္တာပါ။

အာဆင္နယ္တို႔ကေတာ့ တိုက္စစ္မႉး လိုအပ္ေနတာ မွန္ေပမယ့္ ဇန္နဝါရီအထိေတာ့ အသင္းကို ေစာင့္ၾကည့္စစ္ေဆးသြားဦးမွာျဖစ္လို႔ တိုနီ၊ နည္းျပ ဖရန႔္ခ္နဲ႔ ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ ျပန္လည္ကစားခြင့္ရခ်ိန္မွာ ဘယ္လိုမ်ိဳး တုံ႔ျပန္မလဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေတာသားခ်ဲေပါက္ ေတာ့ဒ္ ဘိုလီနဲ႔ ခ်ဲလ္ဆီးတို႔ကေတာ့ ပိုမိုစြန႔္စားႏိုင္ေျခရွိေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.