Premier League

၁၉ သင်းဖန်တွေ စိုးရိမ်ရမယ့်စကားကို ပြောလိုက်တဲ့ ရော်ဘီ ဆားဗေ့ချ်

ရော်ဘီ ဆားဗေ့ချ်က အဲရစ် တန်ဟက်အနေနဲ့ ၅ ပွဲသာ ကစားရသေးချိန်မှာ ဆုဖလားပြိုင်ပွဲထဲကနေ ထွက်သွားရပြီဖြစ်တာကြောင့် ခရစ္စမတ်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

အများစုဟာ မန်ချက်စတာယူနိုက်တက်အနေနဲ့ တန်ဟက်လက်အောက်မှာ ပိုမိုကောင်းမွန်လာဖို့ပဲရှိတယ်လို့ မျှော်မှန်းခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြရဲ့ ပထမဆုံးရာသီဟာ အတန်အသင့်အောင်မြင်မှုရခဲ့ပြီးနောက် ယခုနွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေ ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့် ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး စနေနေ့က ဘရိုက်တန်ကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာက တော်တော်လေး အရှက်ရစရာကောင်းခဲ့တာဖြစ်ပါတယ်။ ကစားသမားသစ်တွေဖြစ်တဲ့ အိုနာနာနဲ့ မေဆန် မောင့်တို့က ဂျင်းဖြစ်နေခဲ့ချိန်မှာ အန်တိုနီနဲ့ ဂျေဒန် ဆန်ချိုတို့က ကွင်းပြင်ပ ပြဿနာတွေကြောင့် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်ခဲ့ကြပေမယ့်လည်း အများစုကတော့ တန်ဟက်ဟာ အသင်းကို ပြောင်းလဲပေးနိုင်မယ့်သူလို့ ယုံကြည်မှုရှိနေဆဲဖြစ်ပြီး ဆားဗေ့ချ်က လက်ရှိမှာတော့ ရလဒ်တွေသာ မတိုးတက်လာဘူးဆိုရင် ဒတ်ချ်လူမျိုးနည်းပြအနေနဲ့ ခရစ္စမတ်မကျော်ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။

ဆားဗေ့ချ်က မန်ချက်စတာယူနိုက်တက်ဟာ ရာသီကို အဆိုးရွားဆုံးပုံစံနဲ့ စတင်ခဲ့သလို စနေနေ့ပွဲက လူစားလဲလှယ်မှုအချို့က အရမ်းထူးဆန်းခဲ့ပြီး ဘရိုက်တန်က အိုးထရက်ဖို့ဒ်မှာ အနိုင်ရသွားတာ မအံ့ဩတော့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တန်ဟက်က ကစားသမားတွေကို အရည်အချင်းအပြည့်နဲ့ ကစားခွင့်ပြုတဲ့ပုံစံနဲ့ ကစားခိုင်းပေမယ့် ကစားသမားတွေက အဲဒီအတိုင်း မကစားနိုင်လို့ ဒတ်ချ်လူမျိုးနည်းပြဟာ ကြီးမားတဲ့ဖိအားတွေအောက်မှာ ရောက်ခဲ့ပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မဖြစ်မနေ အနိုင်ကစားရတော့မှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့တွေ့ရင် ဘာမှ လုပ်နိုင်မှာမဟုတ်ဘဲ ၅ ပွဲသာ ကစားရသေးချိန်မှာ ဆုဖလားပြိုင်ပွဲကနေ ထွက်သွားခဲ့ပြီးဖြစ်ပြီး နွေရာသီမှာ လူတွေခေါ်လို့ အထင်ကြီးခဲ့သမျှ အလကားဖြစ်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် ကစားသမားသစ်တွေက နည်းပြရဲ့ ကစားကွက်အတိုင်း အံဝင်ဖို့ အချိန်လိုသေးတာကြောင့် တန်ဟက်အနေနဲ့ အနည်းဆုံး ခရစ္စမတ်အထိတော့ အခွင့်အရေး ပေးခံရမှာဖြစ်ပြီး အဲဒီအချိန်အထိ အရာအားလုံး ကောင်းမွန်မလာရင်တော့ အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရော်ဘီ ဆားဗေ့ခ်ျက အဲရစ် တန်ဟက်အနေနဲ့ ၅ ပွဲသာ ကစားရသေးချိန်မှာ ဆုဖလားပြိုင်ပွဲထဲကနေ ထွက်သွားရပြီဖြစ်တာကြောင့် ခရစ္စမတ်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

အများစုဟာ မန်ချက်စတာယူနိုက်တက်အနေနဲ့ တန်ဟက်လက်အောက်မှာ ပိုမိုကောင်းမွန်လာဖို့ပဲရှိတယ်လို့ မျှော်မှန်းခဲ့တာဖြစ်ပြီး ဒတ်ခ်ျလူမျိုးနည်းပြရဲ့ ပထမဆုံးရာသီဟာ အတန်အသင့်အောင်မြင်မှုရခဲ့ပြီးနောက် ယခုနွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေ ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်ခဲ့ကြပေမယ့်လည်း အများစုကတော့ တန်ဟက်ဟာ အသင်းကို ပြောင်းလဲပေးနိုင်မယ့်သူလို့ ယုံကြည်မှုရှိနေဆဲဖြစ်ပြီး ဆားဗေ့ခ်ျက လက်ရှိမှာတော့ ရလဒ်တွေသာ မတိုးတက်လာဘူးဆိုရင် ဒတ်ခ်ျလူမျိုးနည်းပြအနေနဲ့ ခရစ္စမတ်မကျော်ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။

ဆားဗေ့ခ်ျက မန်ချက်စတာယူနိုက်တက်ဟာ ရာသီကို အဆိုးရွားဆုံးပုံစံနဲ့ စတင်ခဲ့သလို စနေနေ့ပွဲက လူစားလဲလှယ်မှုအချို့က အရမ်းထူးဆန်းခဲ့ပြီး ဘရိုက်တန်က အိုးထရက်ဖို့ဒ်မှာ အနိုင်ရသွားတာ မအံ့ဩတော့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တန်ဟက်က ကစားသမားတွေကို အရည်အချင်းအပြည့်နဲ့ ကစားခွင့်ပြုတဲ့ပုံစံနဲ့ ကစားခိုင်းပေမယ့် ကစားသမားတွေက အဲဒီအတိုင်း မကစားနိုင်လို့ ဒတ်ခ်ျလူမျိုးနည်းပြဟာ ကြီးမားတဲ့ဖိအားတွေအောက်မှာ ရောက်ခဲ့ပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မဖြစ်မနေ အနိုင်ကစားရတော့မှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.