Premier League

အာဆင်နယ်ကြယ်ပွင့်တွေကို ပွဲထွက်ခွင့်အတွက် သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ဒေးဗစ် ရာယာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့ ရွေးချယ်ခဲ့ပြီးနောက် ဂိုးသမား အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ ၎င်းရဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်ဟာ အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အရန်ခုံပို့ခံခဲ့ရတာဖြစ်ပြီး အာတီတာက အသင်းမှာ ကျောနံပါတ် ၁ ပွဲထွက်ခွင့်အတွက် တစ်ဦးတည်းကို အသေမပေးဖို့ အကြံအစည်ကို သာမန်ဖြစ်စေချင်နေတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ လက်ရှိမှာတော့ ယခုရက်သတ္တပတ်အလယ်မှာ ပီအက်စ်ဗွီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်ကို အာရုံစိုက်နေပြီဖြစ်ပြီး အာတီတာက အဲဗာတန်နဲ့ပွဲမှာ ရမ်းစ်ဒေးလ်ကို ချန်လှပ်ခဲ့ပြီးနောက် မေးခွန်းထုတ်မှုတွေကို ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ နှိုင်းယှဉ်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ဘယ်သူကမှ တစ်နေရာအတွက် အာမခံချက်မရှိပါဘူး။ ကျွန်တော်လည်း အာမခံချက်မပေးထားဘူး။ ခင်ဗျားက ဒီမှာ အမြင့်မားဆုံးအဆင့်အတန်းမှာ စွမ်းဆောင်ပြီး နိုင်ပွဲတွေရဖို့ ကျွန်တော်တို့ကို ကူညီပေးရမယ်။ ဒါက ကျွန်တော်တို့ လုပ်ရမယ့်ဟာပဲ။ ဘယ်သူ့အတွက်မှ အဲဒါက မပြောင်းလဲသွားဘူး။ ကျွန်တော်တို့ အဲဒီစံနှုန်းတွေကို ကိုယ့်ဘာသာ သတ်မှတ်တယ်။ အသင်းအတွင်းပိုင်းထဲမှာ ဘာတွေပဲဖြစ်နေနေ အဲဒီထက်ပိုပြီး ကြီးမားတဲ့အရာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့မှာ ရှိနေတဲ့ အဆုံးသတ်ပဲ။”

“ဖေဘီယိုက ဟာဗတ်ဇ်နေရာမှာ ကစားတယ်။ အက်ဒီက ဂျေးဇုနေရာမှာ ကစားတယ်။ ဒါက တူညီတဲ့ အလှည့်ကျစနစ်ပဲ။ ဘာကြောင့် ဂါဘရီယဲလ်ကိုကျ ပွဲထွက်ခွင့်မပေးတာလဲဆိုပြီး ကျွန်တော် အမေးမခံရဘူး။ သူက အဝတ်လဲခန်းထဲမှာ ကျွန်တော်အပါအဝင် အားလုံးထက် ဆုဖလားတွေ ပိုရခဲ့တယ်။ ဒါပေမယ့် သူတို့တွေ မမေးကြဘူး။ ကျွန်တော် ကစားသမား ၂ ဦးကို တစ်နေရာတည်းမှာ သုံးလို့မရလို့ မကစားခိုင်းတာပါ။ ဒေးဗစ်က အာရွန်နဲ့ ကားလ်လိုပဲ ကြီးမားတဲ့ အရည်အချင်းတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအရည်အချင်းတွေကို အသုံးပြုရမယ်။ ဒါပါပဲ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယာ့စ် မော်ဂန်ကလည်း အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ရမ်းစ်ဒေးလ်ကို ချန်လှပ်ခဲ့ပြီး အရှက်ခွဲခဲ့တဲ့အတွက် အာတီတာကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

“ရမ်းစ်ဒေးလ်ကို ချန်လှပ်ခဲ့ဖို့အတွက် ဘာက ထိုက်တန်ခဲ့တာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ ဟာဇတ်ဇ်လား။ ဟုတ်တယ်။ ချန်လှပ်ခဲ့ဖို့ ထိုက်တန်တယ်။ ဒါပေမယ့် ရမ်းစ်ဒေးလ်က ကျွန်တော်တို့အတွက် အရမ်းကို တည်ငြိမ်တဲ့ လက်စွမ်းပြသနေခဲ့တာပါ။ ဘာကြောင့် သူ့ကို အရှက်ခွဲတာလဲ။ ထိပ်တန်း ဂိုးသမား ၂ ယောက်ရှိတဲ့အထဲကမှ ဘယ်သူက နံပါတ် ၁ ဆိုတာကို မသိဘူးဆိုတာ ကျွန်တော် မယုံဘူး။ ရာယာကို မကောင်းပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ရမ်းစ်ဒေးလ်ကို ဆက်ဆံတဲ့ပုံစံကို သဘောမကျပါဘူး။ ထိပ်တန်းဂိုးသမား ၂ ဦးကို အလှည့်ကျသုံးပြီး ဘယ်အသင်းက လိဂ်ဖလား ရသွားဖူးလို့လဲ။ ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို သံသယရှိတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာက ေဒးဗစ္ ရာယာကို ပြဲထြက္ဂိုးသမားအျဖစ္ အသုံးျပဳဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ ဂိုးသမား အေျပာင္းအလဲ ျပဳလုပ္ခဲ့တဲ့ ၎ရဲ႕ လုပ္ရပ္ကို ကာကြယ္ေျပာဆိုခဲ့ပါတယ္။

အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ အဲဗာတန္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ အရန္ခုံပို႔ခံခဲ့ရတာျဖစ္ၿပီး အာတီတာက အသင္းမွာ ေက်ာနံပါတ္ ၁ ပြဲထြက္ခြင့္အတြက္ တစ္ဦးတည္းကို အေသမေပးဖို႔ အႀကံအစည္ကို သာမန္ျဖစ္ေစခ်င္ေနတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ လက္ရွိမွာေတာ့ ယခုရက္သတၱပတ္အလယ္မွာ ပီအက္စ္ဗြီနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္ကို အာ႐ုံစိုက္ေနၿပီျဖစ္ၿပီး အာတီတာက အဲဗာတန္နဲ႔ပြဲမွာ ရမ္းစ္ေဒးလ္ကို ခ်န္လွပ္ခဲ့ၿပီးေနာက္ ေမးခြန္းထုတ္မႈေတြကို ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ ႏႈိင္းယွဥ္ၿပီး တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ဘယ္သူကမွ တစ္ေနရာအတြက္ အာမခံခ်က္မရွိပါဘူး။ ကြၽန္ေတာ္လည္း အာမခံခ်က္မေပးထားဘူး။ ခင္ဗ်ားက ဒီမွာ အျမင့္မားဆုံးအဆင့္အတန္းမွာ စြမ္းေဆာင္ၿပီး ႏိုင္ပြဲေတြရဖို႔ ကြၽန္ေတာ္တို႔ကို ကူညီေပးရမယ္။ ဒါက ကြၽန္ေတာ္တို႔ လုပ္ရမယ့္ဟာပဲ။ ဘယ္သူ႔အတြက္မွ အဲဒါက မေျပာင္းလဲသြားဘူး။ ကြၽန္ေတာ္တို႔ အဲဒီစံႏႈန္းေတြကို ကိုယ့္ဘာသာ သတ္မွတ္တယ္။ အသင္းအတြင္းပိုင္းထဲမွာ ဘာေတြပဲျဖစ္ေနေန အဲဒီထက္ပိုၿပီး ႀကီးမားတဲ့အရာ ဘယ္ေတာ့မွ ရွိလာမွာမဟုတ္ပါဘူး။ ဒါက ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ အဆုံးသတ္ပဲ။”

“ေဖဘီယိုက ဟာဗတ္ဇ္ေနရာမွာ ကစားတယ္။ အက္ဒီက ေဂ်းဇုေနရာမွာ ကစားတယ္။ ဒါက တူညီတဲ့ အလွည့္က်စနစ္ပဲ။ ဘာေၾကာင့္ ဂါဘရီယဲလ္ကိုက် ပြဲထြက္ခြင့္မေပးတာလဲဆိုၿပီး ကြၽန္ေတာ္ အေမးမခံရဘူး။ သူက အဝတ္လဲခန္းထဲမွာ ကြၽန္ေတာ္အပါအဝင္ အားလုံးထက္ ဆုဖလားေတြ ပိုရခဲ့တယ္။ ဒါေပမယ့္ သူတို႔ေတြ မေမးၾကဘူး။ ကြၽန္ေတာ္ ကစားသမား ၂ ဦးကို တစ္ေနရာတည္းမွာ သုံးလို႔မရလို႔ မကစားခိုင္းတာပါ။ ေဒးဗစ္က အာ႐ြန္နဲ႔ ကားလ္လိုပဲ ႀကီးမားတဲ့ အရည္အခ်င္းေတြရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီအရည္အခ်င္းေတြကို အသုံးျပဳရမယ္။ ဒါပါပဲ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

႐ုပ္သံအစီအစဥ္တင္ဆက္သူ ပီးယာ့စ္ ေမာ္ဂန္ကလည္း အဲဗာတန္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ရမ္းစ္ေဒးလ္ကို ခ်န္လွပ္ခဲ့ၿပီး အရွက္ခြဲခဲ့တဲ့အတြက္ အာတီတာကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

“ရမ္းစ္ေဒးလ္ကို ခ်န္လွပ္ခဲ့ဖို႔အတြက္ ဘာက ထိုက္တန္ခဲ့တာလဲဆိုတာ ကြၽန္ေတာ္ နားမလည္ႏိုင္ဘူး။ ဟာဇတ္ဇ္လား။ ဟုတ္တယ္။ ခ်န္လွပ္ခဲ့ဖို႔ ထိုက္တန္တယ္။ ဒါေပမယ့္ ရမ္းစ္ေဒးလ္က ကြၽန္ေတာ္တို႔အတြက္ အရမ္းကို တည္ၿငိမ္တဲ့ လက္စြမ္းျပသေနခဲ့တာပါ။ ဘာေၾကာင့္ သူ႔ကို အရွက္ခြဲတာလဲ။ ထိပ္တန္း ဂိုးသမား ၂ ေယာက္ရွိတဲ့အထဲကမွ ဘယ္သူက နံပါတ္ ၁ ဆိုတာကို မသိဘူးဆိုတာ ကြၽန္ေတာ္ မယုံဘူး။ ရာယာကို မေကာင္းေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ ရမ္းစ္ေဒးလ္ကို ဆက္ဆံတဲ့ပုံစံကို သေဘာမက်ပါဘူး။ ထိပ္တန္းဂိုးသမား ၂ ဦးကို အလွည့္က်သုံးၿပီး ဘယ္အသင္းက လိဂ္ဖလား ရသြားဖူးလို႔လဲ။ ကြၽန္ေတာ္ေတာ့ မသိဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ကို သံသယရွိတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.