Serie A

လူကာကူ သွင်းခဲ့တဲ့ဂိုးက အရေးမပါဘူးလို့ ပြောလိုက်တဲ့ မော်ရင်ညို

ရိုမီလူ လူကာကူဟာ တနင်္ဂနွေနေ့ညနေက အမ်ပိုလီကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တဲ့ပွဲစဥ်မှာ ရိုးမားအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ချဲလ်ဆီးကို အငှားထွက်ကစားရာကနေ ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း လူပိုဖြစ်နေခဲ့ပြီးနောက် စီးရီးအေထိပ်သီးအသင်းကြီးကို အငှားထပ်ထွက်ခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ ရိုးမားမှာ ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တနင်္ဂနွေနေ့ပွဲစဉ် ၈၆ မိနစ်မှာ ၆ ဂိုးမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး မော်ရင်ညိုရဲ့အသင်းဟာ ယခုရာသီ ပထမဆုံးလိဂ်နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ မော်ရင်ညိုက ဘယ်လော့တီကို အရန်ခုံပို့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပထမဆုံး စီးရီးအေပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ပေါ်တူဂီလူမျိုးနည်းပြရဲ့ ယုံကြည်မှုကို သွင်းဂိုးနဲ့ ပြန်လည်သက်သေပြခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုက ပွဲအပြီးမှာ မတူညီတဲ့ခံစားချက်ကို ယူဆောင်လာပေးတဲ့အတွက် လူကာကူကို ချီးကျူးခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ပထမဆုံးသွင်းဂိုးဟာ အရေးမကြီးခဲ့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ အရေးမပါပါဘူး။ သူ့အတွက်တော့ အရေးပါချင်ပါမှာပေါ့။ တိုက်စစ်မှူးတွေက သွင်းဂိုးတွေအတွက် အသက်ရှင်နေတယ်ဆိုတာ ကျွန်တော် သိတယ်။ သူ ရောက်လာတဲ့အချိန်ကတည်းက သူက အသင်းသားပဲ။ သူ ဂိုးသွင်းသွင်း၊ မသွင်းသွင်း အရေးမပါဘူး။ သူက ဂိုးသွင်းယူပြီးနောက် ပိုပြီး ပျော်ရွှင်ခဲ့ပြီး အဲဒါက သူ့အတွက် ပြီးပြည့်စုံပါတယ်။ အထူးသဖြင့် ပရိသတ်တွေရှေ့မှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ရိုမီလူက အသင်းကို မတူညီတဲ့အရာတွေကို ယူဆောင်လာပေးပြီး ကျွန်တော်တို့ သူ့ကို ဘယ်လိုကစားခိုင်းရမလဲဆိုတာကို လေ့လာဖို့ လိုအပ်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အစီအစဉ်မရှိသေးသလို သူလည်း ကျွန်တော်တို့အတွက် ဘယ်လိုကစားပေးရမလဲဆိုတာ မသိသေးလို့ပါ။ ကျွန်တော်တို့ အဲဒါကို လုပ်ဆောင်ဖို့ အချိန်ရှိသေးပြီး ပွဲစဉ်တွေကလည်း အကူအညီဖြစ်မှာပါ။ ရိုမီလူက ပျော်ရွှင်ဖို့လိုအပ်တယ်။ ချစ်ခြင်းတရားနဲ့ လိုအပ်မှုကို ခံစားရဖို့လိုတယ်။ သူ ဒီကို ရောက်လာခဲ့တယ်။ ချက်ချင်းပဲ အသင်းက သူ့လိုမျိုး ကစားသမားကို လိုအပ်တဲ့အသင်းဆိုတာ သိသွားခဲ့တယ်။ သူက အနိုင်ရတာကို နှစ်သက်တဲ့သူပါ။အင်တာအနေနဲ့ ဘာမှ ဒေါသထွက်စရာ အကြောင်းမရှိဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဒါဘီကို ၅-၁ နဲ့ အနိုင်ရခဲ့ပြီး ထူးခြားတဲ့တိုက်စစ်မှူးတွေအများကြီး ရှိနေလို့ပါ။ အဲဒီတော့ သူတို့တွေ တိုက်စစ်မှူးတကယ်လိုအပ်ခဲ့တဲ့ နည်းပြဟောင်းအတွက်ပဲ ပျော်ရွှင်ရမှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုမီလူ လူကာကူဟာ တနဂၤေႏြေန႔ညေနက အမ္ပိုလီကို ၇-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တဲ့ပြဲစဥ္မွာ ႐ိုးမားအတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ခ်ဲလ္ဆီးကို အငွားထြက္ကစားရာကေန ျပန္လည္ေရာက္ရွိလာၿပီးေနာက္ပိုင္း လူပိုျဖစ္ေနခဲ့ၿပီးေနာက္ စီးရီးေအထိပ္သီးအသင္းႀကီးကို အငွားထပ္ထြက္ခဲ့တာျဖစ္ပါတယ္။

လူကာကူဟာ ႐ိုးမားမွာ ကစားသမားဘဝကို ျပန္လည္အသက္သြင္းဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး တနဂၤေႏြေန႔ပြဲစဥ္ ၈၆ မိနစ္မွာ ၆ ဂိုးေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အလြန္ေကာင္းမြန္တဲ့ တန္ျပန္တိုက္စစ္ကေနတဆင့္ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ေမာ္ရင္ညိဳရဲ႕အသင္းဟာ ယခုရာသီ ပထမဆုံးလိဂ္ႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ပါတယ္။

လူကာကူဟာ ေမာ္ရင္ညိဳက ဘယ္ေလာ့တီကို အရန္ခုံပို႔ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ပထမဆုံး စီးရီးေအပြဲထြက္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ေပၚတူဂီလူမ်ိဳးနည္းျပရဲ႕ ယုံၾကည္မႈကို သြင္းဂိုးနဲ႔ ျပန္လည္သက္ေသျပခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ညိဳက ပြဲအၿပီးမွာ မတူညီတဲ့ခံစားခ်က္ကို ယူေဆာင္လာေပးတဲ့အတြက္ လူကာကူကို ခ်ီးက်ဴးခဲ့ေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ ပထမဆုံးသြင္းဂိုးဟာ အေရးမႀကီးခဲ့ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္ေတာ့ အေရးမပါပါဘူး။ သူ႔အတြက္ေတာ့ အေရးပါခ်င္ပါမွာေပါ့။ တိုက္စစ္မႉးေတြက သြင္းဂိုးေတြအတြက္ အသက္ရွင္ေနတယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ သူ ေရာက္လာတဲ့အခ်ိန္ကတည္းက သူက အသင္းသားပဲ။ သူ ဂိုးသြင္းသြင္း၊ မသြင္းသြင္း အေရးမပါဘူး။ သူက ဂိုးသြင္းယူၿပီးေနာက္ ပိုၿပီး ေပ်ာ္႐ႊင္ခဲ့ၿပီး အဲဒါက သူ႔အတြက္ ၿပီးျပည့္စုံပါတယ္။ အထူးသျဖင့္ ပရိသတ္ေတြေရွ႕မွာ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။ ႐ိုမီလူက အသင္းကို မတူညီတဲ့အရာေတြကို ယူေဆာင္လာေပးၿပီး ကြၽန္ေတာ္တို႔ သူ႔ကို ဘယ္လိုကစားခိုင္းရမလဲဆိုတာကို ေလ့လာဖို႔ လိုအပ္ေနပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အစီအစဥ္မရွိေသးသလို သူလည္း ကြၽန္ေတာ္တို႔အတြက္ ဘယ္လိုကစားေပးရမလဲဆိုတာ မသိေသးလို႔ပါ။ ကြၽန္ေတာ္တို႔ အဲဒါကို လုပ္ေဆာင္ဖို႔ အခ်ိန္ရွိေသးၿပီး ပြဲစဥ္ေတြကလည္း အကူအညီျဖစ္မွာပါ။ ႐ိုမီလူက ေပ်ာ္႐ႊင္ဖို႔လိုအပ္တယ္။ ခ်စ္ျခင္းတရားနဲ႔ လိုအပ္မႈကို ခံစားရဖို႔လိုတယ္။ သူ ဒီကို ေရာက္လာခဲ့တယ္။ ခ်က္ခ်င္းပဲ အသင္းက သူ႔လိုမ်ိဳး ကစားသမားကို လိုအပ္တဲ့အသင္းဆိုတာ သိသြားခဲ့တယ္။ သူက အႏိုင္ရတာကို ႏွစ္သက္တဲ့သူပါ။အင္တာအေနနဲ႔ ဘာမွ ေဒါသထြက္စရာ အေၾကာင္းမရွိဘူးထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ဒါဘီကို ၅-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ထူးျခားတဲ့တိုက္စစ္မႉးေတြအမ်ားႀကီး ရွိေနလို႔ပါ။ အဲဒီေတာ့ သူတို႔ေတြ တိုက္စစ္မႉးတကယ္လိုအပ္ခဲ့တဲ့ နည္းျပေဟာင္းအတြက္ပဲ ေပ်ာ္႐ႊင္ရမွာပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.