Match Report Serie A

မီလန်ဒါဘီမှာ ငယ်နိုင်ဖြစ်လာတဲ့ အေစီကို ဂိုးပြတ်ဖုတ်ပြီး အရှက်ခွဲပြလိုက်တဲ့ အင်တာ

အင်တာမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ ဒါမီယန်၊ အချယ်ဘီနဲ့ ဘက်စတိုနီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒမ်းဖရီးစ်၊ ဒီမာကို၊ ဘာရဲလား၊ မစ်ခီတာရီယန်နဲ့ ချယ်လ်ဟာနိုးလူးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ လော်တာရို မာတီနက်ဇ်နဲ့ သူရမ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အေစီမီလန်တို့ကတော့ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကေယာ၊ သီယော၊ ကာလာဘရီယာနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို စုဖွဲ့ပေးလာခဲ့ပြီး ကွင်းလယ်မှာတော့ ခရူးနစ်ချ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ ရိုင်းဒါးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ရာဖေးလ် လီယာအိုနဲ့ ဂျီရူးတို့ကို တွဲဖက်ပေးခဲ့တာပါ။

ဒါဘီဒယ်လာ မက်ဒွန်နီနာလို့လည်း အီတလီလို ခေါ်တွင်သုံးစွဲကြတဲ့ မီလန်ဒါဘီတွေမှာ နောက်ပိုင်းနှစ်တွေကို အင်တာမီလန်တို့ကပဲ အများအားဖြင့် စိုးမိုးထားနိုင်ခဲ့သလို အေစီမီလန်တို့ ရုန်းကန်နေရပြီး တစ်ခါတစ်လေမှ ကပ်နိုင်တတ်ချိန်မှာ အနက်အပြာ နီရာဇူရီတွေကတော့ ဒီနေ့ပွဲမှာလည်း အိမ်ကွင်းအဖြစ် ပရိသတ်ခွဲတမ်း ပိုရခဲ့တဲ့ ပွဲကို အထသွက်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာကတည်းက အင်တာတို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ သူရမ်က တောင်ပံက ဧရိယာထဲကို အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဒီမာကိုက ဧရိယာထဲကနေ ဂိုးရှေ့ကို Cross Shot ကန်သွင်းခဲ့ရာမှာ အသင့်နေရာယူထားခဲ့တဲ့ မစ်ခီတာရီယန်က လမ်းကြောင်းပြောင်းပေးပြီး ဂိုးသမား မေညွန်ကို အနီးကပ် အနိုင်ယူသွားခဲ့တာပါ။

ဒီဂိုးအတွက် သူရမ် ဘောလုံးရယူရာမှာ ယှဉ်ပြိုင်လုယူခဲ့တဲ့ ပြိုင်ဘက်နောက်ခံလူ သီယောကို တွန်းချခဲ့တယ်လို့ အေစီမီလန်ကစားသမားတွေက ဒိုင်လူကြီးကို စောဒကတက်ခဲ့ကြပေမယ့် စကတည်းက စည်းကြပ်ဒိုင်က အလံမထောင်ခဲ့သလို VAR ကလည်း ပယ်ချခဲ့တာကြောင့်‌ နောက်ဆုံးမှာ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ပြစ်ဒဏ်ဘောရဖို့ မျှော်လင့်နေခဲ့တဲ့ သီယောကို စီနီယာတိုက်စစ်မှူး ဂျီရူးက အော်ဟစ်ကြိမ်းမောင်းမှုနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ အင်တာမီလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ရသွားတဲ့ ဒမ်းဖရီးစ်က အဝေးတိုင်ဘက်ကို ဖြတ်ပို့ပေးရာမှာ ဘောလုံးက များသွားခဲ့ပေမယ့် သူရမ်က လိုက်လံရယူပြီးမှ အတွင်းကို ပြန်ပေးမလိုလိုနဲ့ ညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းယူခဲ့ရာမှာ အေစီမီလန်တို့ နာကျင်ခဲ့ကြရတာပါ။

ပထမပိုင်းမှာ အင်တာတို့က အေစီတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး အနီအနက်‌ ရော့ဆိုနီရီတွေရဲ့ နည်းပြ ပီယိုလီအနေနဲ့တော့ ဒီပွဲမှာ တိကျရေရာတဲ့ ပလန်မရှိသလို ပူလီရှစ်ချ်၊ လီယာအိုတို့ရဲ့ တောင်ပံနှစ်ဖက် အမြန်နှုန်းနဲ့သာ ကောင်တာကစားဖို့ တစ်ပေါက်တည်းကို ရွေးချယ်ခဲ့လို့ အိမ်ရှင်တွေ အကြိုက်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အေစီမီလန်တို့အတွက် မျှော်လင့်ချက်ရှိစေမယ့် ချေပဂိုးကို ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တိုက်စစ်မှူး ဂျီရူးရဲ့ အကွက်မြင်တဲ့ ပေးပို့မှုနဲ့ အင်တာခံစစ်ကြားကနေ မျှောထိုးပေးတာကို လီယာအိုက တစ်ယောက်တည်း ညံ့နေတဲ့ ဒါမီယန်ကို ကျော်ဖြတ်ပြီး ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီးမှ ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ အင်တာတို့ကပဲ ဦးဆောင်မှုကို ပြန်လည်တိုးမြှင့်နိုင်ခဲ့ပြီး တတိယဂိုးကို ထပ်မံရယူခဲ့သလို ဒီဂိုးကိုတော့ ခံစစ်ကနေ ဘောလုံးပြန်ယူနိုင်ခဲ့တဲ့ ချယ်လ်ဟာနိုးလူးရဲ့ အဝေးဘော ပေးပို့မှုကနေ လော်တာရို မာတီနက်ဇ်က အတွင်းကို ပြန်ထည့်ပေးရာမှာ ပြေးဝင်လာခဲ့တဲ့ မစ်ခီတာရီယန်က တစ်ချက်ဆွဲထုတ်ပြီးမှ ဧရိယာထဲကနေ ကန်သွင်းခဲ့ရာမှာ လူထိပြီး ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ အင်တာတို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကပ္ပတိန်လက်ပတ်ကြီးမှ အားမနာဘဲ ရှေ့မကြည့် နောက်မကြည့် ခြေထောက်မြှောက်ကန်ခဲ့တဲ့ ဟာနန်ဒက်ဇ်ရဲ့ ဖျက်ထုတ်မှုက ဘောလုံးမထိဘဲ မာတီနက်ဇ်ရဲ့ ခြေထောက်ကို ကန်မိတာကြောင့် ပင်နယ်တီ ရရှိခဲ့တာကို ချယ်လ်ဟာနိုးလူးက ဂိုးသမား မေညွန်ကို လှည့်စားပြီး အလယ်တည့်တည့်ကိုပဲ ကန်သွင်းယူသွားခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ အေစီတို့အတွက် Bad to Worse ဖြစ်စေမယ့် ပဉ္စမမြောက်ဂိုးကို အင်တာမီလန်တို့က မညှာမတာ ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ချူကွယ်ဇ်ဆီက လုယူနိုင်ခဲ့တဲ့ ဘောလုံးကို မစ်ခီတာရီယန်က ဆွဲပြေးပြီး ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ လူစားဝင်ကစားသမား ဖရက်တေစီက လျှောထိုးပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်ပိုင်း ၅ နှစ်လောက်မှာ မီလန်ဒါဘီတွေကို စိုးမိုးထားနိုင်ခဲ့တဲ့ အင်တာတို့က အေစီတို့ကို ငါးဂိုး-တစ်ဂိုးနဲ့ ပထမဆုံး ရှုံးပွဲကို လက်ဆောင်ပေးပြီး မညှာမတာ အရှက်ခွဲသွားခဲ့သလို စီးရီးအေ အမှတ်ပေးဇယားထိပ်မှာ ၄ ပွဲကစား ၄ ပွဲနိုင် ရမှတ် ၁၂ မှတ်နဲ့ ရှုံးပွဲမရှိဘဲ ဦးဆောင်ထားနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ ဒါမီယန္၊ အခ်ယ္ဘီနဲ႔ ဘက္စတိုနီတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဒမ္းဖရီးစ္၊ ဒီမာကို၊ ဘာရဲလား၊ မစ္ခီတာရီယန္နဲ႔ ခ်ယ္လ္ဟာႏိုးလူးတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ သူရမ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေအစီမီလန္တို႔ကေတာ့ ဂိုးသမား ေမၫြန္၊ ခံစစ္မွာ ေကယာ၊ သီေယာ၊ ကာလာဘရီယာနဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို စုဖြဲ႕ေပးလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ႐ူးနစ္ခ်္၊ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ႐ိုင္းဒါးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္၊ ရာေဖးလ္ လီယာအိုနဲ႔ ဂ်ီ႐ူးတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ဒါဘီဒယ္လာ မက္ဒြန္နီနာလို႔လည္း အီတလီလို ေခၚတြင္သုံးစြဲၾကတဲ့ မီလန္ဒါဘီေတြမွာ ေနာက္ပိုင္းႏွစ္ေတြကို အင္တာမီလန္တို႔ကပဲ အမ်ားအားျဖင့္ စိုးမိုးထားႏိုင္ခဲ့သလို ေအစီမီလန္တို႔ ႐ုန္းကန္ေနရၿပီး တစ္ခါတစ္ေလမွ ကပ္ႏိုင္တတ္ခ်ိန္မွာ အနက္အျပာ နီရာဇူရီေတြကေတာ့ ဒီေန႔ပြဲမွာလည္း အိမ္ကြင္းအျဖစ္ ပရိသတ္ခြဲတမ္း ပိုရခဲ့တဲ့ ပြဲကို အထသြက္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက အင္တာတို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန သူရမ္က ေတာင္ပံက ဧရိယာထဲကို အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ ဒီမာကိုက ဧရိယာထဲကေန ဂိုးေရွ႕ကို Cross Shot ကန္သြင္းခဲ့ရာမွာ အသင့္ေနရာယူထားခဲ့တဲ့ မစ္ခီတာရီယန္က လမ္းေၾကာင္းေျပာင္းေပးၿပီး ဂိုးသမား ေမၫြန္ကို အနီးကပ္ အႏိုင္ယူသြားခဲ့တာပါ။

ဒီဂိုးအတြက္ သူရမ္ ေဘာလုံးရယူရာမွာ ယွဥ္ၿပိဳင္လုယူခဲ့တဲ့ ၿပိဳင္ဘက္ေနာက္ခံလူ သီေယာကို တြန္းခ်ခဲ့တယ္လို႔ ေအစီမီလန္ကစားသမားေတြက ဒိုင္လူႀကီးကို ေစာဒကတက္ခဲ့ၾကေပမယ့္ စကတည္းက စည္းၾကပ္ဒိုင္က အလံမေထာင္ခဲ့သလို VAR ကလည္း ပယ္ခ်ခဲ့တာေၾကာင့္‌ ေနာက္ဆုံးမွာ ကိုယ့္အလုပ္ကိုယ္မလုပ္ဘဲ ျပစ္ဒဏ္ေဘာရဖို႔ ေမွ်ာ္လင့္ေနခဲ့တဲ့ သီေယာကို စီနီယာတိုက္စစ္မႉး ဂ်ီ႐ူးက ေအာ္ဟစ္ႀကိမ္းေမာင္းမႈနဲ႔ပဲ ပြဲၿပီးသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာ အင္တာမီလန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ရသြားတဲ့ ဒမ္းဖရီးစ္က အေဝးတိုင္ဘက္ကို ျဖတ္ပို႔ေပးရာမွာ ေဘာလုံးက မ်ားသြားခဲ့ေပမယ့္ သူရမ္က လိုက္လံရယူၿပီးမွ အတြင္းကို ျပန္ေပးမလိုလိုနဲ႔ ညာဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းယူခဲ့ရာမွာ ေအစီမီလန္တို႔ နာက်င္ခဲ့ၾကရတာပါ။

ပထမပိုင္းမွာ အင္တာတို႔က ေအစီတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး အနီအနက္‌ ေရာ့ဆိုနီရီေတြရဲ႕ နည္းျပ ပီယိုလီအေနနဲ႔ေတာ့ ဒီပြဲမွာ တိက်ေရရာတဲ့ ပလန္မရွိသလို ပူလီရွစ္ခ်္၊ လီယာအိုတို႔ရဲ႕ ေတာင္ပံႏွစ္ဖက္ အျမန္ႏႈန္းနဲ႔သာ ေကာင္တာကစားဖို႔ တစ္ေပါက္တည္းကို ေ႐ြးခ်ယ္ခဲ့လို႔ အိမ္ရွင္ေတြ အႀကိဳက္က်သြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ေအစီမီလန္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိေစမယ့္ ေခ်ပဂိုးကို ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တိုက္စစ္မႉး ဂ်ီ႐ူးရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈနဲ႔ အင္တာခံစစ္ၾကားကေန ေမွ်ာထိုးေပးတာကို လီယာအိုက တစ္ေယာက္တည္း ညံ့ေနတဲ့ ဒါမီယန္ကို ေက်ာ္ျဖတ္ၿပီး ဘယ္ေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ၿပီးမွ ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ ကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အင္တာတို႔ကပဲ ဦးေဆာင္မႈကို ျပန္လည္တိုးျမႇင့္ႏိုင္ခဲ့ၿပီး တတိယဂိုးကို ထပ္မံရယူခဲ့သလို ဒီဂိုးကိုေတာ့ ခံစစ္ကေန ေဘာလုံးျပန္ယူႏိုင္ခဲ့တဲ့ ခ်ယ္လ္ဟာႏိုးလူးရဲ႕ အေဝးေဘာ ေပးပို႔မႈကေန ေလာ္တာ႐ို မာတီနက္ဇ္က အတြင္းကို ျပန္ထည့္ေပးရာမွာ ေျပးဝင္လာခဲ့တဲ့ မစ္ခီတာရီယန္က တစ္ခ်က္ဆြဲထုတ္ၿပီးမွ ဧရိယာထဲကေန ကန္သြင္းခဲ့ရာမွာ လူထိၿပီး ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာ အင္တာတို႔ပဲ စတုတၳ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကပၸတိန္လက္ပတ္ႀကီးမွ အားမနာဘဲ ေရွ႕မၾကည့္ ေနာက္မၾကည့္ ေျခေထာက္ေျမႇာက္ကန္ခဲ့တဲ့ ဟာနန္ဒက္ဇ္ရဲ႕ ဖ်က္ထုတ္မႈက ေဘာလုံးမထိဘဲ မာတီနက္ဇ္ရဲ႕ ေျခေထာက္ကို ကန္မိတာေၾကာင့္ ပင္နယ္တီ ရရွိခဲ့တာကို ခ်ယ္လ္ဟာႏိုးလူးက ဂိုးသမား ေမၫြန္ကို လွည့္စားၿပီး အလယ္တည့္တည့္ကိုပဲ ကန္သြင္းယူသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ေအစီတို႔အတြက္ Bad to Worse ျဖစ္ေစမယ့္ ပၪၥမေျမာက္ဂိုးကို အင္တာမီလန္တို႔က မညႇာမတာ ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ခ်ဴကြယ္ဇ္ဆီက လုယူႏိုင္ခဲ့တဲ့ ေဘာလုံးကို မစ္ခီတာရီယန္က ဆြဲေျပးၿပီး ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ လူစားဝင္ကစားသမား ဖရက္ေတစီက ေလွ်ာထိုးပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေနာက္ပိုင္း ၅ ႏွစ္ေလာက္မွာ မီလန္ဒါဘီေတြကို စိုးမိုးထားႏိုင္ခဲ့တဲ့ အင္တာတို႔က ေအစီတို႔ကို ငါးဂိုး-တစ္ဂိုးနဲ႔ ပထမဆုံး ရႈံးပြဲကို လက္ေဆာင္ေပးၿပီး မညႇာမတာ အရွက္ခြဲသြားခဲ့သလို စီးရီးေအ အမွတ္ေပးဇယားထိပ္မွာ ၄ ပြဲကစား ၄ ပြဲႏိုင္ ရမွတ္ ၁၂ မွတ္နဲ႔ ရႈံးပြဲမရွိဘဲ ဦးေဆာင္ထားႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.