Serie A

ထူးဆန်းတဲ့အုန်းဂိုးကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခံနေရတဲ့ ဂျူဗင်တပ်

ပရိသတ်တွေဟာ ဆက်ဆူအိုလိုနဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ ဖက်ဒရီကို ဂတ်တီကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဂျူဗင်တပ်ကို တောင်းဆိုခဲ့ကြပါတယ်။

အီတလီနောက်ခံလူဟာ ဂိုးသမားကို ဘောလုံးပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်လည်း ရှက်ဇ်နီက ပင်နယ်တီဧရိယာဘယ်ဖက်ခြမ်းကို ရောက်ရှိနေခဲ့တာကြောင့် ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အယ်လီဂရီရဲ့အသင်းဟာ နာကျင်အချိန်ပိုမှာ တန်းဆင်းဇုန်ရဲ့အထက်မှာရပ်တည်နေရတဲ့အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ဟာ တိုက်စစ်ဆင်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပေမယ့် ဂတ်တီက ဘောလုံးကို နောက်ပြန်ပေးပြီးနောက် ဆက်ဆူအိုလိုက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်ဆူအိုလိုဟာ ပထမပိုင်း ၁၂ မိနစ်မှာ လော်ရန်တေးရဲ့ သွင်းဂိုးကြောင့် အံ့အားသင့်ဖွယ် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဗီနာရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ဂိုးကြောင့် ဂျူဗင်တပ်က ၉ မိနစ်အတွင်းမှာပဲ ချေပဂိုး ပြန်ရသွားခဲ့တာဖြစ်ပါတယ်။

ဘယ်ရာဒီက ဆက်ဆူအိုလိုကို ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်နိုင်စေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂျူဗင်တပ်ဟာ ၇၈ မိနစ်မှာ ချီယေဆာရဲ့ သွင်းဂိုးကြောင့် ချေပဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီနာမွန်တီက ဆက်ဆူအိုလိုရဲ့ တတိယမြောက် သွင်းဂိုးကို ၈၂ မိနစ်မှာ သွင်းယူပေးခဲ့ပြီးနောက် ၉၅ မိနစ်မှာ ဂတ်တီရဲ့ ထူးဆန်းတဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကြောင့် အိမ်ရှင်တွေက အနိုင်သေချာသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရိသတ္ေတြဟာ ဆက္ဆူအိုလိုနဲ႔ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ကိုယ့္ဂိုးကိုယ္သြင္းခဲ့တဲ့ ဖက္ဒရီကို ဂတ္တီကို စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ ဂ်ဴဗင္တပ္ကို ေတာင္းဆိုခဲ့ၾကပါတယ္။

အီတလီေနာက္ခံလူဟာ ဂိုးသမားကို ေဘာလုံးေပးဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္လည္း ရွက္ဇ္နီက ပင္နယ္တီဧရိယာဘယ္ဖက္ျခမ္းကို ေရာက္ရွိေနခဲ့တာေၾကာင့္ ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာ ျဖစ္ပါတယ္။

အယ္လီဂရီရဲ႕အသင္းဟာ နာက်င္အခ်ိန္ပိုမွာ တန္းဆင္းဇုန္ရဲ႕အထက္မွာရပ္တည္ေနရတဲ့အသင္းကို ၃-၂ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္ဟာ တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ေပမယ့္ ဂတ္တီက ေဘာလုံးကို ေနာက္ျပန္ေပးၿပီးေနာက္ ဆက္ဆူအိုလိုက ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဆက္ဆူအိုလိုဟာ ပထမပိုင္း ၁၂ မိနစ္မွာ ေလာ္ရန္ေတးရဲ႕ သြင္းဂိုးေၾကာင့္ အံ့အားသင့္ဖြယ္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဗီနာရဲ႕ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့ဂိုးေၾကာင့္ ဂ်ဴဗင္တပ္က ၉ မိနစ္အတြင္းမွာပဲ ေခ်ပဂိုး ျပန္ရသြားခဲ့တာျဖစ္ပါတယ္။

ဘယ္ရာဒီက ဆက္ဆူအိုလိုကို ပထမပိုင္းအၿပီးမွာ ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ဂ်ဴဗင္တပ္ဟာ ၇၈ မိနစ္မွာ ခ်ီေယဆာရဲ႕ သြင္းဂိုးေၾကာင့္ ေခ်ပဂိုး ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီနာမြန္တီက ဆက္ဆူအိုလိုရဲ႕ တတိယေျမာက္ သြင္းဂိုးကို ၈၂ မိနစ္မွာ သြင္းယူေပးခဲ့ၿပီးေနာက္ ၉၅ မိနစ္မွာ ဂတ္တီရဲ႕ ထူးဆန္းတဲ့ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ဂိုးေၾကာင့္ အိမ္ရွင္ေတြက အႏိုင္ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.