Premier League

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၁၃.၁၀.၂၀၂၀

လီဗာပူးလ်အသင်းဟာ လက်ရှိအပြောင်းအရွေ့မှာ မရရှိခဲ့တဲ့ ဂျေဒန် ဆန်ချိုကို လာမည့် အပြောင်း အရွေ့ရာသီ အတွက် ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။
အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ ဆာလားတို့ မာနေးတို့ ထွက်ရင် အရန်သင့် အစားထိုးနိုင်ရန်အတွက် ရည်ရွယ်ထားတယ်လို့ သတင်းတွေက ဆိုထားပါတယ်။

လီဗာပူးလ် မန်နေဂျာ ယာဂန် ကလော့ပ်ဟာ ဒီတပါတ်စနေမှာ ကန်ရမယ့် မာဆေးဆိုက်ဒါဘီ အဲဗာတန်နဲ့ ပွဲအတွက်  ဆာဒီယိုမာနေးနဲ့ သီယာဂိုအန်ကန်တာရာတို့နှစ်ဦးစလုံးဟာ အသင်းနဲ့Training ပြန်ဆင်းနေပြီဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ် ။
အဆိုပါကစားသမားနှစ်ဦးဟာ ကိုရိုနာ ဗိုင်းရပ်ပိုးတွေ့ရှိခဲ့တာကြောင့် သီးခြားခွဲနေထိုင်ခဲ့ရပြီး
အခုရက်ပြည့်လို့ ပထမအသင်းနဲ့ပြန်လည်ပူးပေါင်းနေပြီး နိုင်ငံ တကာပွဲစဉ်တွေလည်း မကစားခဲ့ရတာကြောင့်အင်ပြည့်အားပြည့်နဲ့ ကစားနိုင်မှာဖြစ်ပါတယ် ။

နိုင်ငံတကာပွဲစဉ်တွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တဲ့  လီဗာပူးလ်အသင်းတိုက်စစ်မှူးဖာမီနိုက “ခင်ဗျား ပုံဖော်နိုင်တဲ့ အခြေနေတွေထက်ပိုပြီး ကျွန်တော် လီဗာပူးလ်မှာ အလွန်ကို ပျော်ရွင်နေပါတယ် ၊ကျွန်တော် ချန်ပီယံလိဂ်ရော ၊ ကမ္ဘာ့ကလပ်၊ ချန်ပီယံဖလားရော  အခု ပရီးမီးယားလိဂ် ဖလားပါ ရယူထားနိုင်ခဲ့ပြီးပါပြီ “ဆိုပြီး လီဗာပူးလ်မှာဆက်ရှိနေမှာ ဖြစ်သလို ပျှော်ရွင်နေကြောင်း ဘိုလီဘီယားနဲ့ ပွဲပြီး အင်တာဗျုးမှာပြောသွားခဲ့ပါတယ်။