Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၄.၁၀.၂၀၂၀

– အေျပာင္းအေရႊ႕ ေနာက္ဆုံးရက္မွာ ခံလုိက္ရကတည္းက အသံတိတ္ေနခဲ့တဲ့ အက္သလက္တီကို မက္ဒရစ္နည္းျပ ဒီေယဂို ဆီမီယြန္နီ အသံျပန္ထြက္လာခဲ့ၿပီး သူက အာဆင္နယ္အသင္းအေနနဲ႔ အိုေဇးလ္ကို အစားထုိးဖို႔ လူသစ္ထပ္ရွာစရာ မလုိေတာ့ဘူးလို႔ ဆိုခဲ့သလို ဒီအစားထုိးမွဳဟာ ေသာမတ္စ္ ပါေတးပဲျဖစ္တယ္လို႔ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ Wonderkid တစ္ဦးျဖစ္တဲ့ မာဆယ္လို ဖေလာရက္စ္ရဲ႕ ဖခင္က သူ႕သားအေနနဲ႔ အသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို ခ်ဳပ္ဆုိၿပီး အဂၤလန္ႏုိင္ငံရဲ႕ အထာေတြအတုိင္း စိတ္ရွည္ရွည္နဲ႔ တစ္ဆင့္ခ်င္း တက္လွမ္းသြားရလိမ့္မယ္လုိ႔ ေျပာၾကားလုိက္ၿပီး ေလာေလာဆယ္မွာ တစ္ပတ္ကို ႏွစ္ႀကိမ္ အသင္းႀကီးနဲ႔ ေလ့က်င့္ခြင့္ရေနတယ္လုိ႔ ထုတ္ေဖာ္သြား။

– အာဆင္နယ္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး အက္ဒီ နကီးတီးယားဟာ အဂၤလန္ယူ-၂၁ အသင္းရဲ႕ ဂိုးသြင္းစံခ်ိန္ကို ၁၂ ပြဲမွာ ၁၄ ဂိုးနဲ႔ ခ်ဳိးဖ်က္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အသက္အရြယ္အရ ဆက္ကစားႏုိင္ဖို႔ ရွိေနေသးလို႔ အသင္းႀကီးကို မေျပာင္းလဲခင္မွာ စံခ်ိန္သစ္ေတြ ထပ္မံ ေရးထိုးသြားဖြယ္ရွိေန။

– အက်ႌေက်ာေပၚက နာမည္ဟာ ပါေတး မဟုတ္ဘဲ ဘာျဖစ္လုိ႔ ေသာမတ္စ္ပဲ ျဖစ္ေနရတာလဲဆုိတဲ့ ေမးခြန္းကို ဂါနာသားကြင္းလယ္လူက တျခားမွာလည္း ပါေတးေတြ အမ်ားႀကီးရွိေၾကာင္းနဲ႔ သူ႕အေနနဲ႔ ကစားသမားဘဝကို ေသာမတ္စ္ဆုိတဲ့ နာမည္နဲ႔ပဲ စတင္ခဲ့တာေၾကာင့္ ဒီနာမည္ကိုပဲ အစဥ္တစိုက္ ေရးထိုးခဲ့တာလို႔ ေျဖၾကား။

– အာဆင္နယ္အသင္းရဲ႕ ဘရာဇီးလ္လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္လ္ မာတီနယ္လီက သူ႕ရဲ႕ ဒူးဒဏ္ရာက ပုိမုိသက္သာလာၿပီျဖစ္သလို ယုံၾကည္မွဳလည္း ပုိရွိလာၿပီျဖစ္ေၾကာင္း အသင္းပရိသတ္ေတြကို ေျပာၾကားလိုက္ၿပီး ဒီရာသီမွာ အသင္းနဲ႔အတူ ဆုဖလားေတြ ရယူၿပီး ေနာက္ႏွစ္ ခ်န္ပီယံလိဂ္မွာ ကစားႏုိင္ဖို႔ ရည္ရြယ္ေန။

– ၿပီးခဲ့တဲ့ရာသီမွာ ဝီလီယမ္ ဆာလီဘာရဲ႕ ကစားခြင့္နဲ႔ ပုံစံအရ သူ႕ရဲ႕ ေျခစြမ္းကို သူတုိ႔ေတြ တိတိပပ မဆုံးျဖတ္ႏုိင္ခဲ့ဘူးလို႔ အာဆင္နယ္ ဂႏၴဝင္ မာတင္ ကီးယြန္းက ေျပာလိုက္ၿပီး ခ်န္ပီယံရွစ္ကို အငွားမသြားခဲ့ရင္လည္း အသင္းမွာ ႀကဳိးစားလုပ္ေဆာင္သြားဖို႔ တုိက္တြန္း။

– အာဆင္နယ္အသင္းနဲ႔ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္တုိ႔ၾကားက လက္ရွိအေျခအေနဟာ တစ္ဦးကိုတစ္ဦး ျဖဳန္းတီးေနၾကတာျဖစ္ၿပီး ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေအာင္ အသုံးျပဳႏုိင္ၿပီး အသင္းအတြက္ အက်ဳိးရွိႏုိင္မယ့္ နည္းလမ္းကို ရွာေဖြဖို႔ အာဆင္ဝင္းဂါး အႀကံျပဳ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခံလိုက်ရကတည်းက အသံတိတ်နေခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမီယွန်နီ အသံပြန်ထွက်လာခဲ့ပြီး သူက အာဆင်နယ်အသင်းအနေနဲ့ အိုဇေးလ်ကို အစားထိုးဖို့ လူသစ်ထပ်ရှာစရာ မလိုတော့ဘူးလို့ ဆိုခဲ့သလို ဒီအစားထိုးမှုဟာ သောမတ်စ် ပါတေးပဲဖြစ်တယ်လို့ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် Wonderkid တစ်ဦးဖြစ်တဲ့ မာဆယ်လို ဖလောရက်စ်ရဲ့ ဖခင်က သူ့သားအနေနဲ့ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုပြီး အင်္ဂလန်နိုင်ငံရဲ့ အထာတွေအတိုင်း စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်း တက်လှမ်းသွားရလိမ့်မယ်လို့ ပြောကြားလိုက်ပြီး လောလောဆယ်မှာ တစ်ပတ်ကို နှစ်ကြိမ် အသင်းကြီးနဲ့ လေ့ကျင့်ခွင့်ရနေတယ်လို့ ထုတ်ဖော်သွား။

– အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားဟာ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ ဂိုးသွင်းစံချိန်ကို ၁၂ ပွဲမှာ ၁၄ ဂိုးနဲ့ ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပြီး အသက်အရွယ်အရ ဆက်ကစားနိုင်ဖို့ ရှိနေသေးလို့ အသင်းကြီးကို မပြောင်းလဲခင်မှာ စံချိန်သစ်တွေ ထပ်မံ ရေးထိုးသွားဖွယ်ရှိနေ။

– အင်္ကျီကျောပေါ်က နာမည်ဟာ ပါတေး မဟုတ်ဘဲ ဘာဖြစ်လို့ သောမတ်စ်ပဲ ဖြစ်နေရတာလဲဆိုတဲ့ မေးခွန်းကို ဂါနာသားကွင်းလယ်လူက တခြားမှာလည်း ပါတေးတွေ အများကြီးရှိကြောင်းနဲ့ သူ့အနေနဲ့ ကစားသမားဘဝကို သောမတ်စ်ဆိုတဲ့ နာမည်နဲ့ပဲ စတင်ခဲ့တာကြောင့် ဒီနာမည်ကိုပဲ အစဉ်တစိုက် ရေးထိုးခဲ့တာလို့ ဖြေကြား။

– အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက သူ့ရဲ့ ဒူးဒဏ်ရာက ပိုမိုသက်သာလာပြီဖြစ်သလို ယုံကြည်မှုလည်း ပိုရှိလာပြီဖြစ်ကြောင်း အသင်းပရိသတ်တွေကို ပြောကြားလိုက်ပြီး ဒီရာသီမှာ အသင်းနဲ့အတူ ဆုဖလားတွေ ရယူပြီး နောက်နှစ် ချန်ပီယံလိဂ်မှာ ကစားနိုင်ဖို့ ရည်ရွယ်နေ။

– ပြီးခဲ့တဲ့ရာသီမှာ ဝီလီယမ် ဆာလီဘာရဲ့ ကစားခွင့်နဲ့ ပုံစံအရ သူ့ရဲ့ ခြေစွမ်းကို သူတို့တွေ တိတိပပ မဆုံးဖြတ်နိုင်ခဲ့ဘူးလို့ အာဆင်နယ် ဂန္ထဝင် မာတင် ကီးယွန်းက ပြောလိုက်ပြီး ချန်ပီယံရှစ်ကို အငှားမသွားခဲ့ရင်လည်း အသင်းမှာ ကြိုးစားလုပ်ဆောင်သွားဖို့ တိုက်တွန်း။

– အာဆင်နယ်အသင်းနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်တို့ကြားက လက်ရှိအခြေအနေဟာ တစ်ဦးကိုတစ်ဦး ဖြုန်းတီးနေကြတာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် အသုံးပြုနိုင်ပြီး အသင်းအတွက် အကျိုးရှိနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ အာဆင်ဝင်းဂါး အကြံပြု။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.