Premier League

ဘရာဇီးအသင္းႏွင့္အတူ ေျခစြမ္းျပႏိုင္ခဲ့ေသာ လီဗာပူးလ္အသင္းတိုက္စစ္မႉးဖာမီႏိုႏွင့္ ပြဲအျပီး အင္တာဗ်ဴး

ႏိုင္ငံတကာပြဲစဥ္ေတြမွာ ေျခစြမ္းျပ ဂိုးေတြသြင္းယူခဲ့တဲ့  လီဗာပူးလ္ းအသင္းတိုက္စစ္မႉးဖာမီႏိုဟာသူ႔ရဲ႕ တႏိုင္ငံထဲ အသင္းေဖာ္  လီဗာပူးလ္ ကစားသမားေဟာင္း ေကာင္တင္ဟိုနဲ႔ ပါတ္သတ္ၿပီး အခုလိုပဲ ခ်ီးက်ဳးသြားခဲ့ပါတယ္။

“” ခင္ဗ်ားတို႔အေနနဲ႔ သူကစားပုံနဲ႔ပါတ္သတ္ၿပီး အလြယ္တကူ ဆုံးျဖတ္လို႔မရဖူးခင္ဗ် ။
သူက ေမွာ္ဆန္တဲ့ကစားသမားမ်ိဳးဆိုတာထက္ ေမြးရာပါ ေမွာ္ဆန္တဲ့ အစြမ္းေတြကို ပိုင္ဆိုင္ထားတဲ့သူမ်ိဳးပါ။
သူဘယ္အခ်ိန္မွာ ဒီအစြမ္းေတြကို အသုံးခ်သြားသလည္း ကစားေနစဥ္အတြင္းမွာ ေသခ်ာ မသိႏိုင္ဘူးဗ်။ ဒါပြဲကစားၿပီး  ျပန္ၾကည့္တဲ့ အခ်ိန္မွသာ သူဘာလုပ္ျပသြားတယ္ဆို  နားလည္ႏိုင္ပါလိမ့္မယ္ ။ၿပီးေတာ့ သူက မယုံၾကည္ႏိုင္ေလာက္ေအာင္ေကာင္းတဲ့ ကစားသမားခင္ဗ်။

သူနဲ႔ အတူ လီဗာပူးလ္မွာကစားခဲ့ရတုန္းကအရမ္းကိုေက်နပ္ခဲ့ရပါတယ္ သူက ကမာၻ႔အေကာင္းဆုံး ကစားသမားေတြထဲက တစ္ေယာက္ဆိုတာေသခ်ာပါတယ္ ။ ကြၽန္ေတာ္က သူရဲ႕ အထူးပရိသတ္ပါပဲ” ဆိုၿပီး ႏိုင္ငံ အသင္းေဖာ္နဲ႔ ပါတ္သတ္ၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္  ။

တဆက္ထဲမွာပဲ  ကလပ္အသင္းေဖာ္ ဆာလား နဲ႔ အယ္လစ္ဆန္ တို႔နဲ႔ပါတ္သတ္ၿပီးလည္း ေျပာသြားခဲ့ပါေသးတယ္။  ဆာလားနဲ႔ ပါတ္သတ္ၿပီး” ” ကြၽန္ေတာ္ ေလးစားအားက်မိတဲ့ ကစား သမားပဲခင္ဗ်။  သူ႔ရဲ႕ ကြင္းထဲမွာကစားပုံကို အထူးႏွစ္သက္ၿပီး သူဂိုးေတြ အမ်ားႀကီးသြင္းယူေနတာကိုလည္းအားက်မိပါတယ္ ၊ သူဘယ္ေလာက္ႀကိဳးစားသလည္းဆိုတာ ခင္ဗ်ားတို႔ ယုံၾကည္ႏိုင္မယ္မထင္ဘူး “”

သူရယ္ မာေနးရယ္ အျခား အံဩဖြယ္ေကာင္းတဲ့ ကစားသမားေတြနဲ႔ အတူကစားရတာဟာလည္း အလြန္ကိုေက်နပ္မိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ဂိုးသမား အယ္လစ္ဆန္ အေပၚမွာလည္း ” လက္ရွိကစားေနတဲ့ ဂိုးသမားေတြထဲမွာ ေတာ့သူက အေကာင္းဆုံးပဲ ခင္ဗ် ။ အဲဒါနဲ႔ပတ္သတ္ၿပီးလည္း””သူ႔က ကြၽန္ေတာ့္အသင္းေဖာ္ျဖစ္တာေၾကာင့္ေျပာတာမဟုတ္ပါဘူး ။ သူကကြၽန္ေတာ့္အတြက္ေတာ့တကယ့္အဆင့္တစ္ပါ။

သူလုပ္ေဆာင္ခ်က္ေတြဟာ အံ့ဩသင့္စရာေကာင္းၿပီးေတာ့  Selecao အတြက္လည္းအေကာင္းဆုံး လုပ္ေဆာင္ေပးခဲ့ၿပီးၿပီ။ ကြင္းျပင္ဖက္မွာလည္း အလြန္ထူးျခားတဲ့ ကစားသမားတစ္ေယာက္ျဖစ္တယ္ ဗ် “”ဆိုၿပီး သူ႔အသင္းေဖာ္နဲ႔ ပါတ္သတ္ၿပီး ခ်ီးက်ဳးသြားခဲ့ပါေသးတယ္။

လီဗာပူးလ္တြင္ဆက္ေနရတဲ့ အေျခအေနေပၚမွာလည္း

“” ခင္ဗ်ား ပုံေဖာ္ႏိုင္တဲ့ အေျခေနေတြထက္ပိုၿပီး ကြၽန္ေတာ္ အလြန္ကို ေပ်ာ္႐ြင္ေနပါတယ္ ၊ကြၽန္ေတာ္ ခ်န္ပီယံလိဂ္ေရာ ၊ ကမာၻ႔ကလပ္၊ ခ်န္ပီယံဖလားေရာ  အခု ပရီးမီးယားလိဂ္ ဖလားပါ ရယူထားႏိုင္ခဲ့ၿပီးပါၿပီ “”ဆိုၿပီး လီဗာပူးလ္မွာေနရတာေပွ်ာ္႐ြင္ေနေၾကာင္းေျပာသြားခဲ့ပါတယ္ ။

Ref : Liverpool fc
Photos Credit to Original owners
SPORTS A2Z


[UNICODE]
နိုင်ငံတကာပွဲစဉ်တွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တဲ့  လီဗာပူးလ် းအသင်းတိုက်စစ်မှူးဖာမီနိုဟာသူ့ရဲ့ တနိုင်ငံထဲ အသင်းဖော်  လီဗာပူးလ် ကစားသမားဟောင်း ကောင်တင်ဟိုနဲ့ ပါတ်သတ်ပြီး အခုလိုပဲ ချီးကျုးသွားခဲ့ပါတယ်။

“” ခင်ဗျားတို့အနေနဲ့ သူကစားပုံနဲ့ပါတ်သတ်ပြီး အလွယ်တကူ ဆုံးဖြတ်လို့မရဖူးခင်ဗျ ။
သူက မှော်ဆန်တဲ့ကစားသမားမျိုးဆိုတာထက် မွေးရာပါ မှော်ဆန်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့သူမျိုးပါ။
သူဘယ်အချိန်မှာ ဒီအစွမ်းတွေကို အသုံးချသွားသလည်း ကစားနေစဉ်အတွင်းမှာ သေချာ မသိနိုင်ဘူးဗျ။ ဒါပွဲကစားပြီး  ပြန်ကြည့်တဲ့ အချိန်မှသာ သူဘာလုပ်ပြသွားတယ်ဆို  နားလည်နိုင်ပါလိမ့်မယ် ။ပြီးတော့ သူက မယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ ကစားသမားခင်ဗျ။

သူနဲ့ အတူ လီဗာပူးလ်မှာကစားခဲ့ရတုန်းကအရမ်းကိုကျေနပ်ခဲ့ရပါတယ် သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဆိုတာသေချာပါတယ် ။ ကျွန်တော်က သူရဲ့ အထူးပရိသတ်ပါပဲ” ဆိုပြီး နိုင်ငံ အသင်းဖော်နဲ့ ပါတ်သတ်ပြီး ချီးကျူးသွားခဲ့ပါတယ်  ။

တဆက်ထဲမှာပဲ  ကလပ်အသင်းဖော် ဆာလား နဲ့ အယ်လစ်ဆန် တို့နဲ့ပါတ်သတ်ပြီးလည်း ပြောသွားခဲ့ပါသေးတယ်။  ဆာလားနဲ့ ပါတ်သတ်ပြီး” ” ကျွန်တော် လေးစားအားကျမိတဲ့ ကစား သမားပဲခင်ဗျ။  သူ့ရဲ့ ကွင်းထဲမှာကစားပုံကို အထူးနှစ်သက်ပြီး သူဂိုးတွေ အများကြီးသွင်းယူနေတာကိုလည်းအားကျမိပါတယ် ၊ သူဘယ်လောက်ကြိုးစားသလည်းဆိုတာ ခင်ဗျားတို့ ယုံကြည်နိုင်မယ်မထင်ဘူး “”

သူရယ် မာနေးရယ် အခြား အံဩဖွယ်ကောင်းတဲ့ ကစားသမားတွေနဲ့ အတူကစားရတာဟာလည်း အလွန်ကိုကျေနပ်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဂိုးသမား အယ်လစ်ဆန် အပေါ်မှာလည်း ” လက်ရှိကစားနေတဲ့ ဂိုးသမားတွေထဲမှာ တော့သူက အကောင်းဆုံးပဲ ခင်ဗျ ။ အဲဒါနဲ့ပတ်သတ်ပြီးလည်း””သူ့က ကျွန်တော့်အသင်းဖော်ဖြစ်တာကြောင့်ပြောတာမဟုတ်ပါဘူး ။ သူကကျွန်တော့်အတွက်တော့တကယ့်အဆင့်တစ်ပါ။

သူလုပ်ဆောင်ချက်တွေဟာ အံ့ဩသင့်စရာကောင်းပြီးတော့  Selecao အတွက်လည်းအကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပြီးပြီ။ ကွင်းပြင်ဖက်မှာလည်း အလွန်ထူးခြားတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ် ဗျ “”ဆိုပြီး သူ့အသင်းဖော်နဲ့ ပါတ်သတ်ပြီး ချီးကျုးသွားခဲ့ပါသေးတယ်။

လီဗာပူးလ်တွင်ဆက်နေရတဲ့ အခြေအနေပေါ်မှာလည်း

“” ခင်ဗျား ပုံဖော်နိုင်တဲ့ အခြေနေတွေထက်ပိုပြီး ကျွန်တော် အလွန်ကို ပျော်ရွင်နေပါတယ် ၊ကျွန်တော် ချန်ပီယံလိဂ်ရော ၊ ကမ္ဘာ့ကလပ်၊ ချန်ပီယံဖလားရော  အခု ပရီးမီးယားလိဂ် ဖလားပါ ရယူထားနိုင်ခဲ့ပြီးပါပြီ “”ဆိုပြီး လီဗာပူးလ်မှာနေရတာပျှော်ရွင်နေကြောင်းပြောသွားခဲ့ပါတယ် ။

Ref : Liverpool fc
Photos Credit to Original owners
SPORTS A2Z