International Match Report

ပျက်စီးနေတဲ့ ကွင်းလယ်နဲ့ ဆိုးရွားတဲ့ ကစားပုံကြောင့် ပီရူးကို နိုင်ဖို့ ရုန်းခဲ့ရတဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ နည်းပြ တိုက်တီရဲ့ ထွက်ခွာမှုနဲ့အတူ စုတ်ပြတ်ပျက်စီးသွားခဲ့ပြီး တစ်နှစ်စာချုပ်နဲ့ ယာယီနည်းပြ ဖာနန်ဒို ဒီနစ်ဇ် လက်အောက်မှာ ကစားပုံပါ ဆိုးရွားနေခဲ့သလို လက်ရှိမှာ ကလေးအသင်းတွေကလွဲရင် အနိုင်ယူဖို့ ခက်တဲ့ အနေအထားကို ရောက်ရှိနေတာကြောင့် ပီရူးကွင်းမှာ အနိုင်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဒီပုံစံအတိုင်းဆိုရင် ကမ္ဘာ့ချန်ပီယံအဖြစ် ယုံကြည်မှု မြင့်မားနေပြီး မက်ဆီ မပါဘဲနဲ့ ဘိုလီဗီးယားကို တောင်ပေါ်ကွင်းမှာ အနိုင်ကန်ပြခဲ့တဲ့ အာဂျင်တီးနားတို့ကို ယှဉ်ပြိုင်ဖို့ တစ်ဆင့်နိမ့်နေသလို မန်ယူနဲ့ နယူးကာဆယ်လ်မှာ Form အပျက်ဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ ကာစီမီရိုနဲ့ ဘရူနို ဂီမာရိုင်းစ်တို့ရဲ့ ကွင်းလယ်ကလည်း ဖန်တီးမှု ကင်းမဲ့ပြီး ပီရူးတို့ကို ထိုးဖောက်နိုင်ဖို့ ခက်ခဲနေခဲ့တာပါ။

တိုက်စစ်မှူး ရစ်ချာလစ်ဆန်အနေနဲ့ ဂိုးမိုးခေါင်မှုကို မကျော်လွန်နိုင်သေးချိန်မှာ ကွင်းလယ်က စဆရက ဒီဇိုင်းနဲ့ ကစားနေပြီး သူချည်း ဘောလုံး လိုချင်တဲ့ နေမာကြောင့် ရှေ့တန်းတွေ နေရာလွတ်တွေ ရှာဖွေနေတာကလည်း အလကားသာဖြစ်သွားခဲ့ပြီး ကာစီမီရိုကလည်း အဖျက်သက်သက်သာ ရပြီး တိုက်စစ်ကို မပံ့ပိုးနိုင်ခဲ့လို့ ဘရာဇီးလ်တို့ အချိတ်အဆက်ပျက်ပြီး ကစားပုံ ဆိုးရွားနေခဲ့ပါတယ်။

ပထမပိုင်းမှာ VAR နဲ့ လူကျွံဘောနှစ်ဂိုး သတ်မှတ်ခံခဲ့ရတာကြောင့် ဘရာဇီးလ်တို့နဲ့ ပီရူးတို့ ဂိုးမရှိသရေဖြစ်နေခဲ့ပြီးတဲ့နောက် ဒုတိယပိုင်းမှာ အိမ်ရှင်တွေဘက်က ပိုမိုတက်ကြွစွာ ကစားလာခဲ့လို့ ဖရိုဖရဲ ဧည့်သည်တွေ ရုန်းကန်ခဲ့ရပြီး နည်းပြ ဒီနစ်ဇ်မှာလည်း လက်ရွေးစင်အသင်းမျိုးကို ကိုင်တွယ်ဖို့ အရည်အချင်း မရှိတဲ့အတွက် သရေတစ်မှတ်နဲ့ လှည့်ပြန်ရမလိုဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာ ရစ်ချာလစ်ဆန်အစား ဂျေဆူးစ်ကို ထည့်ခဲ့ပေမယ့် ငတုံးငအတွေဖြစ်တဲ့ ဒါနီလိုနဲ့ ရီနန် လိုဒီတို့ရဲ့ ခံစစ်အစွန်တွေက တိုက်စစ်ကို ကူညီနိုင်စွမ်း မရှိတာကြောင့် ပိတ်ဆို့နေခဲ့သလို နေမာကတော့ တစ်ကိုယ်တော်လိမ်ခေါက်ပြီး တိုက်စစ်အရှိန်ကို သေစေခဲ့လို့ ပီရူးတို့အကြိုက်ဖြစ်ခဲ့ပြီး ရာဖင်ညာနဲ့ ရိုဒရီဂိုတို့ကလည်း ဘာမှ မလုပ်နိုင်ဘဲဖြစ်နေခဲ့ကြပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဒါနီလို၊ ဘရူနို ဂီမာရိုင်းစ်နဲ့ ရာဖင်ညာတို့အစား ဗန်ဒါဆန်၊ ဂျိုလင်တန်နဲ့ မာတီနယ်လီတို့ကို ထည့်ကစားခဲ့လို့ တိုက်စစ် ပိုကောင်းလာခဲ့သလို ခံစစ်မှာလည်း မားကင်ညို့စ်နဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ရဲ့ High Line ယူတဲ့ အတွဲညီမှုက ပီရူးတို့ကို ကွင်းလယ်မှာတင် ထိန်းပြီး မကြာခဏ ထိုးဖောက်သွားနိုင်ခဲ့တာပါ။

ပွဲချိန်မိနစ် ၉၀ မှာတော့ မာတီနယ်လီရဲ့ ဘယ်ခြမ်းက ရုန်းအားကြောင့် ရတဲ့ ထောင့်ကန်ဘောကို နေမာ ကန်ပို့ရာမှာ တုံ့ပြန်ဖို့ နှေးနေတဲ့ ပီရူး နောက်ခံလူတွေရှေ့ကနေ မားကင်ညို့စ်က ပြေးထွက်ပြီး နောက်ပြန်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့ရာမှာ အဝေးတိုင်ဘက်ကို ဝင်သွားခဲ့လို့ ဂိုးသမား ဂယ်လီဆေး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘရာဇီးလ်တို့က ပီရူးတို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ပွဲကစား ခြောက်မှတ်ရနိုင်ခဲ့ချိန်မှာ ဂိုးကွာခြားချက်နဲ့ အာဂျင်တီးနားတို့ရဲ့ အထက်က အဆင့်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ခြေစွမ်း၊ လုပ်အားနှုန်းနဲ့ ကစားပုံတွေကတော့ ဘာမှ အထင်ကြီးစရာကို မရှိခဲ့လို့ အန်ဆယ်လော့တီကိုသာ ၂၀၂၄ နွေရာသီမှာ မခန့်အပ်နိုင်ခဲ့ဘူးဆိုရင် ဆိုးသထက်ဆိုးဖို့ပဲ မြင်မိပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရာဇီးလ္အသင္းကေတာ့ ၂၀၂၂ ကမာၻ႔ဖလားအၿပီးမွာ နည္းျပ တိုက္တီရဲ႕ ထြက္ခြာမႈနဲ႔အတူ စုတ္ျပတ္ပ်က္စီးသြားခဲ့ၿပီး တစ္ႏွစ္စာခ်ဳပ္နဲ႔ ယာယီနည္းျပ ဖာနန္ဒို ဒီနစ္ဇ္ လက္ေအာက္မွာ ကစားပုံပါ ဆိုး႐ြားေနခဲ့သလို လက္ရွိမွာ ကေလးအသင္းေတြကလြဲရင္ အႏိုင္ယူဖို႔ ခက္တဲ့ အေနအထားကို ေရာက္ရွိေနတာေၾကာင့္ ပီ႐ူးကြင္းမွာ အႏိုင္ရဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ဒီပုံစံအတိုင္းဆိုရင္ ကမာၻ႔ခ်န္ပီယံအျဖစ္ ယုံၾကည္မႈ ျမင့္မားေနၿပီး မက္ဆီ မပါဘဲနဲ႔ ဘိုလီဗီးယားကို ေတာင္ေပၚကြင္းမွာ အႏိုင္ကန္ျပခဲ့တဲ့ အာဂ်င္တီးနားတို႔ကို ယွဥ္ၿပိဳင္ဖို႔ တစ္ဆင့္နိမ့္ေနသလို မန္ယူနဲ႔ နယူးကာဆယ္လ္မွာ Form အပ်က္ဆုံး ကစားသမားႏွစ္ဦးျဖစ္တဲ့ ကာစီမီ႐ိုနဲ႔ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ရဲ႕ ကြင္းလယ္ကလည္း ဖန္တီးမႈ ကင္းမဲ့ၿပီး ပီ႐ူးတို႔ကို ထိုးေဖာက္ႏိုင္ဖို႔ ခက္ခဲေနခဲ့တာပါ။

တိုက္စစ္မႉး ရစ္ခ်ာလစ္ဆန္အေနနဲ႔ ဂိုးမိုးေခါင္မႈကို မေက်ာ္လြန္ႏိုင္ေသးခ်ိန္မွာ ကြင္းလယ္က စဆရက ဒီဇိုင္းနဲ႔ ကစားေနၿပီး သူခ်ည္း ေဘာလုံး လိုခ်င္တဲ့ ေနမာေၾကာင့္ ေရွ႕တန္းေတြ ေနရာလြတ္ေတြ ရွာေဖြေနတာကလည္း အလကားသာျဖစ္သြားခဲ့ၿပီး ကာစီမီ႐ိုကလည္း အဖ်က္သက္သက္သာ ရၿပီး တိုက္စစ္ကို မပံ့ပိုးႏိုင္ခဲ့လို႔ ဘရာဇီးလ္တို႔ အခ်ိတ္အဆက္ပ်က္ၿပီး ကစားပုံ ဆိုး႐ြားေနခဲ့ပါတယ္။

ပထမပိုင္းမွာ VAR နဲ႔ လူကြၽံေဘာႏွစ္ဂိုး သတ္မွတ္ခံခဲ့ရတာေၾကာင့္ ဘရာဇီးလ္တို႔နဲ႔ ပီ႐ူးတို႔ ဂိုးမရွိသေရျဖစ္ေနခဲ့ၿပီးတဲ့ေနာက္ ဒုတိယပိုင္းမွာ အိမ္ရွင္ေတြဘက္က ပိုမိုတက္ႂကြစြာ ကစားလာခဲ့လို႔ ဖ႐ိုဖရဲ ဧည့္သည္ေတြ ႐ုန္းကန္ခဲ့ရၿပီး နည္းျပ ဒီနစ္ဇ္မွာလည္း လက္ေ႐ြးစင္အသင္းမ်ိဳးကို ကိုင္တြယ္ဖို႔ အရည္အခ်င္း မရွိတဲ့အတြက္ သေရတစ္မွတ္နဲ႔ လွည့္ျပန္ရမလိုျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ရစ္ခ်ာလစ္ဆန္အစား ေဂ်ဆူးစ္ကို ထည့္ခဲ့ေပမယ့္ ငတုံးငအေတြျဖစ္တဲ့ ဒါနီလိုနဲ႔ ရီနန္ လိုဒီတို႔ရဲ႕ ခံစစ္အစြန္ေတြက တိုက္စစ္ကို ကူညီႏိုင္စြမ္း မရွိတာေၾကာင့္ ပိတ္ဆို႔ေနခဲ့သလို ေနမာကေတာ့ တစ္ကိုယ္ေတာ္လိမ္ေခါက္ၿပီး တိုက္စစ္အရွိန္ကို ေသေစခဲ့လို႔ ပီ႐ူးတို႔အႀကိဳက္ျဖစ္ခဲ့ၿပီး ရာဖင္ညာနဲ႔ ႐ိုဒရီဂိုတို႔ကလည္း ဘာမွ မလုပ္ႏိုင္ဘဲျဖစ္ေနခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဒါနီလို၊ ဘ႐ူႏို ဂီမာ႐ိုင္းစ္နဲ႔ ရာဖင္ညာတို႔အစား ဗန္ဒါဆန္၊ ဂ်ိဳလင္တန္နဲ႔ မာတီနယ္လီတို႔ကို ထည့္ကစားခဲ့လို႔ တိုက္စစ္ ပိုေကာင္းလာခဲ့သလို ခံစစ္မွာလည္း မားကင္ညိဳ႕စ္နဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ရဲ႕ High Line ယူတဲ့ အတြဲညီမႈက ပီ႐ူးတို႔ကို ကြင္းလယ္မွာတင္ ထိန္းၿပီး မၾကာခဏ ထိုးေဖာက္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၉၀ မွာေတာ့ မာတီနယ္လီရဲ႕ ဘယ္ျခမ္းက ႐ုန္းအားေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကို ေနမာ ကန္ပို႔ရာမွာ တုံ႔ျပန္ဖို႔ ေႏွးေနတဲ့ ပီ႐ူး ေနာက္ခံလူေတြေရွ႕ကေန မားကင္ညိဳ႕စ္က ေျပးထြက္ၿပီး ေနာက္ျပန္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူခဲ့ရာမွာ အေဝးတိုင္ဘက္ကို ဝင္သြားခဲ့လို႔ ဂိုးသမား ဂယ္လီေဆး မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘရာဇီးလ္တို႔က ပီ႐ူးတို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး ႏွစ္ပြဲကစား ေျခာက္မွတ္ရႏိုင္ခဲ့ခ်ိန္မွာ ဂိုးကြာျခားခ်က္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ အထက္က အဆင့္တစ္ေနရာကို သိမ္းပိုက္ႏိုင္ခဲ့ေပမယ့္ ေျခစြမ္း၊ လုပ္အားႏႈန္းနဲ႔ ကစားပုံေတြကေတာ့ ဘာမွ အထင္ႀကီးစရာကို မရွိခဲ့လို႔ အန္ဆယ္ေလာ့တီကိုသာ ၂၀၂၄ ေႏြရာသီမွာ မခန႔္အပ္ႏိုင္ခဲ့ဘူးဆိုရင္ ဆိုးသထက္ဆိုးဖို႔ပဲ ျမင္မိပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.