နယူးကာဆယ်ဂန္တဝင် အလန် ရှီးယားက တနင်္ဂနွေနေ့က အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ်တိုက်စစ်မှူး ရုန်းကန်နေခဲ့ရတာကို ကြည့်ရှုခဲ့ပြီးနောက် အန်ကီးတီးယားဟာ ထိပ်သီးတိုက်စစ်မှူးအဆင့်ကို ရောက်ရှိမှာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဂါဘရီယဲလ် ဂျေဆူးစ်က ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိနေပြီဖြစ်ပေမယ့်လည်း အာတီတာက မကြာသေးမီက အင်္ဂလန်လက်ရွေးစင်လူစာရင်းရဲ့ ခေါ်ယူခြင်းခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးကို ယုံကြည်မှု ဆက်ပေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ ဘောလုံးပိုင်ဆိုင်မှုအများအပြားကို ရရှိခဲ့တာဖြစ်ပေမယ့်လည်း အန်ကီးတီးယားက အဲဗာတန်နောက်ခံလူတွေကို ဖြတ်ကျော်နိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဒဏ်ရာရသွားတဲ့ မာတီနယ်လီရဲ့နေရာမှာ ဝင်ကစားပေးခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ လှပတဲ့ သွင်းဂိုးကြောင့် အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဟေးအမ်းအကယ်ဒမီထွက်ကစားသမားရဲ့ စွမ်းဆောင်ရည်ကို အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အလန် ရှီးယားက အကဲဖြတ်ခဲ့ပြီး “ကျွန်တော်တို့ သူက ထိပ်သီးတိုက်စစ်မှူးဖြစ်လာမှာလားလို့ ပြောဖို့ ဆွေးနွေးမှုတွေ ဆက်လုပ်ရမယ်လို့ ထင်တယ်။ သူက နောက်ထပ်အဆင့်တစ်ခုကို သွားဖို့ လိုနေတဲ့ အာဆင်နယ်အတွက် ထိပ်တန်းတိုက်စစ်မှူးဖြစ်လာမှာလား။ ကျွန်တော်တို့ ဒီမေးခွန်းတွေ ဆက်မေးနေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ အခွင့်အရေးရတဲ့အချိန်မှာ အသုံးချနိုင်ဖို့ အရေးကြီးလို့ပါ။ ဒီနေ့မှာ သူ နောက်ထပ်တစ်ကြိမ် အသုံးမချနိုင်ခဲ့ပါဘူး။ နည်းပြက ငါ မင်းကို ယုံတယ်။ မင်းကို ထပ်ပြီး ပွဲထွက်လူစာရင်းထဲမှာ ထည့်မယ်လို့ ပြောရင် သူ အဲဒီအခွင့်အရေးတွေကို ယူရမယ်။ ဒီနေ့ ကျွန်တော်ထင်တာ ၂ ကြိမ်၊ ၃ ကြိမ်လောက်ရှိခဲ့တယ်။ ပထမအကြိမ်က ဂိုးအဖြစ် ခွင့်ပြုမခံခဲ့ရတာ။ ဒုတိယပိုင်းမှာ ကျွန်တော် စိတ်ထဲမှာ ၆ ကိုက်စည်းထဲကို ဝင်ပြီး အရမ်းကောင်းတဲ့ တိုက်စစ်မှူးတွေအားလုံး လုပ်သလိုမျိုး ဘောလုံးကို တစ်ချက်ထိ ပိတ်သွင်းယူလိုက်ပါတော့လားဆိုတဲ့ အတွေးတွေရှိခဲ့တယ်။ သူက နှေးကွေးနေလို့ စက္ကန့်ပိုင်းလောက် နောက်ကျသွားတယ်။ သူ ဆက်ပြီး ဒီတိုင်းလုပ်နေသရွေ့တော့ ဒီမေးခွန်းတွေက ဆက်ပြီးတော့ မေးနေရဦးမှာပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: နယူးကာဆယ္ဂႏၲဝင္ အလန္ ရွီးယားက တနဂၤေႏြေန႔က အဲဗာတန္ကို ဂြတ္ဒီဆင္ပါ့ခ္မွာ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း အာဆင္နယ္တိုက္စစ္မႉး ႐ုန္းကန္ေနခဲ့ရတာကို ၾကည့္ရႈခဲ့ၿပီးေနာက္ အန္ကီးတီးယားဟာ ထိပ္သီးတိုက္စစ္မႉးအဆင့္ကို ေရာက္ရွိမွာလားလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။
ဂါဘရီယဲလ္ ေဂ်ဆူးစ္က ႀကံ့ခိုင္မႈအျပည့္အဝ ျပန္လည္ရရွိေနၿပီျဖစ္ေပမယ့္လည္း အာတီတာက မၾကာေသးမီက အဂၤလန္လက္ေ႐ြးစင္လူစာရင္းရဲ႕ ေခၚယူျခင္းခံခဲ့ရတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို ယုံၾကည္မႈ ဆက္ေပးဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ဂြတ္ဒီဆင္ပါ့ခ္မွာ ေဘာလုံးပိုင္ဆိုင္မႈအမ်ားအျပားကို ရရွိခဲ့တာျဖစ္ေပမယ့္လည္း အန္ကီးတီးယားက အဲဗာတန္ေနာက္ခံလူေတြကို ျဖတ္ေက်ာ္ႏိုင္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ဂိုးမရရွိခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ပထမပိုင္းမွာ ဂိုးမရွိသေရနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီးေနာက္ ဒုတိယပိုင္းမွာ ဒဏ္ရာရသြားတဲ့ မာတီနယ္လီရဲ႕ေနရာမွာ ဝင္ကစားေပးခဲ့တဲ့ ထေရာ့ဆာ့ဒ္ရဲ႕ လွပတဲ့ သြင္းဂိုးေၾကာင့္ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။
ေဟးအမ္းအကယ္ဒမီထြက္ကစားသမားရဲ႕ စြမ္းေဆာင္ရည္ကို အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး အလန္ ရွီးယားက အကဲျဖတ္ခဲ့ၿပီး “ကြၽန္ေတာ္တို႔ သူက ထိပ္သီးတိုက္စစ္မႉးျဖစ္လာမွာလားလို႔ ေျပာဖို႔ ေဆြးေႏြးမႈေတြ ဆက္လုပ္ရမယ္လို႔ ထင္တယ္။ သူက ေနာက္ထပ္အဆင့္တစ္ခုကို သြားဖို႔ လိုေနတဲ့ အာဆင္နယ္အတြက္ ထိပ္တန္းတိုက္စစ္မႉးျဖစ္လာမွာလား။ ကြၽန္ေတာ္တို႔ ဒီေမးခြန္းေတြ ဆက္ေမးေနရလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူ အခြင့္အေရးရတဲ့အခ်ိန္မွာ အသုံးခ်ႏိုင္ဖို႔ အေရးႀကီးလို႔ပါ။ ဒီေန႔မွာ သူ ေနာက္ထပ္တစ္ႀကိမ္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ နည္းျပက ငါ မင္းကို ယုံတယ္။ မင္းကို ထပ္ၿပီး ပြဲထြက္လူစာရင္းထဲမွာ ထည့္မယ္လို႔ ေျပာရင္ သူ အဲဒီအခြင့္အေရးေတြကို ယူရမယ္။ ဒီေန႔ ကြၽန္ေတာ္ထင္တာ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ရွိခဲ့တယ္။ ပထမအႀကိမ္က ဂိုးအျဖစ္ ခြင့္ျပဳမခံခဲ့ရတာ။ ဒုတိယပိုင္းမွာ ကြၽန္ေတာ္ စိတ္ထဲမွာ ၆ ကိုက္စည္းထဲကို ဝင္ၿပီး အရမ္းေကာင္းတဲ့ တိုက္စစ္မႉးေတြအားလုံး လုပ္သလိုမ်ိဳး ေဘာလုံးကို တစ္ခ်က္ထိ ပိတ္သြင္းယူလိုက္ပါေတာ့လားဆိုတဲ့ အေတြးေတြရွိခဲ့တယ္။ သူက ေႏွးေကြးေနလို႔ စကၠန႔္ပိုင္းေလာက္ ေနာက္က်သြားတယ္။ သူ ဆက္ၿပီး ဒီတိုင္းလုပ္ေနသေ႐ြ႕ေတာ့ ဒီေမးခြန္းေတြက ဆက္ၿပီးေတာ့ ေမးေနရဦးမွာပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.