Match Report Premier League

ဂွတ်ဒီဆန်ပါ့ခ်မှာ အဲဗာတန်ကို အိပ်ငိုက်အောင်လုပ်ပြီးမှ အနိုင်ယူတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာကို စတင်ပွဲထွက်စေခဲ့ပြီး ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဖာဘီယို ဗီယာရာနဲ့ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဘရန့်သ်ဝိတ်၊ အက်ရှ်လီယန်းနဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာ၊ ဒူကူရေး၊ ဒန်ဂျူးမားနဲ့ မက်နီးလ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘီတိုတစ်ဦးတည်းကို အထောင်ထားခဲ့တာပါ။

ဒီနေ့မှာ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသင်းကို စံချိန်ဆိုးတွေကနေ လွတ်ကင်းနိုင်ဖို့ ဖိအားတွေ ရှိနေခဲ့တာဖြစ်ပြီး အာဆင်ဝင်းဂါး နောက်ပိုင်း ဂွတ်ဒီဆန်ပါ့ခ်မှာ မနိုင်သေးတဲ့ စိတ်ပျက်စရာတွေကို ကျော်လွှားနိုင်ဖို့ ခြေမမှန်တဲ့ ဟာဗတ်ဇ်ကို ခေါက်ထားခဲ့သလို ဂိုးပေါက်ဝမှာ ရာယာကို အသုံးပြုခဲ့ရာမှာတော့ တည်ငြိမ်ယုံကြည်စွာနဲ့ ကစားပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်တို့ရဲ့ ဘယ်သန်များလွန်းမှု ပြဿနာက အသင်းရဲ့ Passing Lane တွေကို လျော့နည်းစေပြီး ဘယ်ခြမ်း နံပါတ် ၈ နေရာမှာ ညာသန်တစ်ဦးကို ထားရမယ့်အစား ဗီယာရာဖြစ်နေတာက ပေးစရာတစ်ပေါက် ပျောက်နေခဲ့သလို ဘောလုံးကတော့ များသောအားဖြင့် မြင်းခွာပုံပဲ သွားနေပြီး အဲဗာတန်ကစားသမားတွေကိုရော ပရိသတ်တွေကိုပါ အိပ်ငိုက်စေခဲ့တာပါ။

ဒီကြားထဲမှာ အာဆင်နယ်ဆိုတာနဲ့ ခိုးဆိုးလုနှိုက်ဖို့ အသင့်ဖြစ်နေတဲ့ ပရီးမီးယားလိဂ် VAR က ပွဲချိန် မိနစ် ၂၀ မာတီနယ်လီရဲ့ သွင်းဂိုးကို ဘာမှ မဆိုင်ဘဲ လူကျွံတယ်ဆိုပြီး ပယ်ဖျက်သွားခဲ့ပြီး အဲဗာတန်ကစားသမား ဘီတိုကြောင့် နောက်ပြန်ရောက်သွားတဲ့ ဘောလုံးကို ဇာတိရင်းမြစ် ရှာဖွေရမယ့်အစား လိုင်းတွေ ဆွဲချပြီး ခွင်ရိုက်သွားခဲ့တာက ရယ်စရာပဲဖြစ်ခဲ့ရပါတယ်။

မာတီနယ်လီ နာသွားခဲ့လို့ ထရော့ဆတ်နဲ့ လဲခဲ့ရတဲ့ ပထမပိုင်းမှာ အာဆင်နယ်တို့ အမြန်နှုန်း လျော့ကျသွားခဲ့ပြီး အဲဗာတန်ဘက်ကလည်း အားရင် ဘော်ဒီတိုက်မယ် ဖိုက်မယ်ဆိုတဲ့ လူမိုက်ပုံစံနဲ့ ကစားခဲ့ရာမှာ အာတီတာရဲ့ လူတွေအနေနဲ့ မြက်ခင်းပေါ်ကို ခပ်များများ လဲကျပေးပြီး သူတို့တွေ ဖော်တဲ့ ဆေးကို ပြန်ကျွေးခဲ့ရာမှာတော့ အိမ်ရှင်တွေ စိတ်ညစ်သွားခဲ့ရသလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ စိတ်ရှည်လက်ရှည် ဘောလုံးကိုင်ကစားနေခဲ့သလို အဲဗာတန်တို့ကတော့ ဖိအားပေးဖို့ ကြိုးစားလာခဲ့ပေမယ့် စီးရီးအေမှာ တစ်ရာသီလောက် လုပ်ပြဖူးတဲ့ ဘီတိုနဲ့ ချန်ပီယံရှစ်အဆင့် ဒန်ဂျူးမားတို့က ကြီးကြီးမားမား ပြဿနာ မပေးနိုင်ခဲ့ချိန်မှာ နှစ်သင်းစလုံးအနေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကွင်းထဲက နံပါတ် ၁၄ တွေကို ၉ နဲ့ လဲခဲ့ပြီး ဂျေဆူးစ်နဲ့ ကဲလ်ဗတ်-လူဝင်တို့ကို နကီးတီးယားနဲ့ ဘီတိုတို့အစား ထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ အာဆင်နယ်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို အတိုပေးပြီး ဘောလုံးပြန်ရလာတဲ့ အော်ဒီဂွါဒ်က ဧရိယာထဲကို ခင်းပေးရာမှာ ဆာကာက ဂိုးရှေ့ချိုးမပေးဘဲ နောက်ကို Cut Back ပြန်လုပ်ပေးတာကို ထရော့ဆတ်က ဘယ်ခြေနဲ့ အလျင်အမြန် ပိတ်သွင်းခဲ့လို့ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ် ငုတ်တုတ်မေ့ခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အဲဗာတန်တို့ဘက်က ဒူကူရေး၊ ယန်းနဲ့ မက်နီးလ်တို့အစား ဂါနာ၊ ပက်တာဆန်နဲ့ ရှာမစ်တီတို့ကို လဲကစားသွားခဲ့ပြီး အာဆင်နယ်တို့ဘက်ကတော့ ဇင်ချန်ကိုနဲ့ ဖာဘီယို ဗီယာရာတို့အစား တိုမီယာစုနဲ့ ဟာဗတ်ဇ်တို့ကို ထည့်ပြီး အမြင့်ဘောတွေမှာ အားကိုးရအောင်လုပ်ခဲ့လို့ ရှောင်ဒိုက်ချ်ကို အာတီတာက ကောင်းကောင်းစားနိုင်ခဲ့ပြီး ပညာသားပါပါနဲ့ အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က အဲဗာတန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ယူပြီး ဂွတ်ဒီဆန်ပါ့ခ်မှာ နောက်ဆုံးငါးပွဲဆက် နိုင်ပွဲမရတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်သွားနိုင်ခဲ့ကြသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ မှာ ရပ်တည်နိုင်ခဲ့ကြချိန်မှာ အဲဗာတန်တို့ကတော့ တန်းတက် မဟုတ်တဲ့ အသင်းတွေထဲမှာ အစုတ်ပြတ်ဆုံး ပုံစံနဲ့ ၅ ပွဲမှာ ၁ မှတ်သာရပြီး အဆင့် ၁၈ မှာ ကျောက်ချနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာကို စတင္ပြဲထြက္ေစခဲ့ၿပီး ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဖာဘီယို ဗီယာရာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ဘရန႔္သ္ဝိတ္၊ အက္ရွ္လီယန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ အိုနာနာ၊ ဒူကူေရး၊ ဒန္ဂ်ဴးမားနဲ႔ မက္နီးလ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘီတိုတစ္ဦးတည္းကို အေထာင္ထားခဲ့တာပါ။

ဒီေန႔မွာ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ အသင္းကို စံခ်ိန္ဆိုးေတြကေန လြတ္ကင္းႏိုင္ဖို႔ ဖိအားေတြ ရွိေနခဲ့တာျဖစ္ၿပီး အာဆင္ဝင္းဂါး ေနာက္ပိုင္း ဂြတ္ဒီဆန္ပါ့ခ္မွာ မႏိုင္ေသးတဲ့ စိတ္ပ်က္စရာေတြကို ေက်ာ္လႊားႏိုင္ဖို႔ ေျခမမွန္တဲ့ ဟာဗတ္ဇ္ကို ေခါက္ထားခဲ့သလို ဂိုးေပါက္ဝမွာ ရာယာကို အသုံးျပဳခဲ့ရာမွာေတာ့ တည္ၿငိမ္ယုံၾကည္စြာနဲ႔ ကစားျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္တို႔ရဲ႕ ဘယ္သန္မ်ားလြန္းမႈ ျပႆနာက အသင္းရဲ႕ Passing Lane ေတြကို ေလ်ာ့နည္းေစၿပီး ဘယ္ျခမ္း နံပါတ္ ၈ ေနရာမွာ ညာသန္တစ္ဦးကို ထားရမယ့္အစား ဗီယာရာျဖစ္ေနတာက ေပးစရာတစ္ေပါက္ ေပ်ာက္ေနခဲ့သလို ေဘာလုံးကေတာ့ မ်ားေသာအားျဖင့္ ျမင္းခြာပုံပဲ သြားေနၿပီး အဲဗာတန္ကစားသမားေတြကိုေရာ ပရိသတ္ေတြကိုပါ အိပ္ငိုက္ေစခဲ့တာပါ။

ဒီၾကားထဲမွာ အာဆင္နယ္ဆိုတာနဲ႔ ခိုးဆိုးလုႏႈိက္ဖို႔ အသင့္ျဖစ္ေနတဲ့ ပရီးမီးယားလိဂ္ VAR က ပြဲခ်ိန္ မိနစ္ ၂၀ မာတီနယ္လီရဲ႕ သြင္းဂိုးကို ဘာမွ မဆိုင္ဘဲ လူကြၽံတယ္ဆိုၿပီး ပယ္ဖ်က္သြားခဲ့ၿပီး အဲဗာတန္ကစားသမား ဘီတိုေၾကာင့္ ေနာက္ျပန္ေရာက္သြားတဲ့ ေဘာလုံးကို ဇာတိရင္းျမစ္ ရွာေဖြရမယ့္အစား လိုင္းေတြ ဆြဲခ်ၿပီး ခြင္႐ိုက္သြားခဲ့တာက ရယ္စရာပဲျဖစ္ခဲ့ရပါတယ္။

မာတီနယ္လီ နာသြားခဲ့လို႔ ထေရာ့ဆတ္နဲ႔ လဲခဲ့ရတဲ့ ပထမပိုင္းမွာ အာဆင္နယ္တို႔ အျမန္ႏႈန္း ေလ်ာ့က်သြားခဲ့ၿပီး အဲဗာတန္ဘက္ကလည္း အားရင္ ေဘာ္ဒီတိုက္မယ္ ဖိုက္မယ္ဆိုတဲ့ လူမိုက္ပုံစံနဲ႔ ကစားခဲ့ရာမွာ အာတီတာရဲ႕ လူေတြအေနနဲ႔ ျမက္ခင္းေပၚကို ခပ္မ်ားမ်ား လဲက်ေပးၿပီး သူတို႔ေတြ ေဖာ္တဲ့ ေဆးကို ျပန္ေကြၽးခဲ့ရာမွာေတာ့ အိမ္ရွင္ေတြ စိတ္ညစ္သြားခဲ့ရသလို ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ စိတ္ရွည္လက္ရွည္ ေဘာလုံးကိုင္ကစားေနခဲ့သလို အဲဗာတန္တို႔ကေတာ့ ဖိအားေပးဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ စီးရီးေအမွာ တစ္ရာသီေလာက္ လုပ္ျပဖူးတဲ့ ဘီတိုနဲ႔ ခ်န္ပီယံရွစ္အဆင့္ ဒန္ဂ်ဴးမားတို႔က ႀကီးႀကီးမားမား ျပႆနာ မေပးႏိုင္ခဲ့ခ်ိန္မွာ ႏွစ္သင္းစလုံးအေနနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ပဲ ကြင္းထဲက နံပါတ္ ၁၄ ေတြကို ၉ နဲ႔ လဲခဲ့ၿပီး ေဂ်ဆူးစ္နဲ႔ ကဲလ္ဗတ္-လူဝင္တို႔ကို နကီးတီးယားနဲ႔ ဘီတိုတို႔အစား ထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို အတိုေပးၿပီး ေဘာလုံးျပန္ရလာတဲ့ ေအာ္ဒီဂြါဒ္က ဧရိယာထဲကို ခင္းေပးရာမွာ ဆာကာက ဂိုးေရွ႕ခ်ိဳးမေပးဘဲ ေနာက္ကို Cut Back ျပန္လုပ္ေပးတာကို ထေရာ့ဆတ္က ဘယ္ေျခနဲ႔ အလ်င္အျမန္ ပိတ္သြင္းခဲ့လို႔ အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အဲဗာတန္တို႔ဘက္က ဒူကူေရး၊ ယန္းနဲ႔ မက္နီးလ္တို႔အစား ဂါနာ၊ ပက္တာဆန္နဲ႔ ရွာမစ္တီတို႔ကို လဲကစားသြားခဲ့ၿပီး အာဆင္နယ္တို႔ဘက္ကေတာ့ ဇင္ခ်န္ကိုနဲ႔ ဖာဘီယို ဗီယာရာတို႔အစား တိုမီယာစုနဲ႔ ဟာဗတ္ဇ္တို႔ကို ထည့္ၿပီး အျမင့္ေဘာေတြမွာ အားကိုးရေအာင္လုပ္ခဲ့လို႔ ေရွာင္ဒိုက္ခ်္ကို အာတီတာက ေကာင္းေကာင္းစားႏိုင္ခဲ့ၿပီး ပညာသားပါပါနဲ႔ အႏိုင္ယူျပခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က အဲဗာတန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ယူၿပီး ဂြတ္ဒီဆန္ပါ့ခ္မွာ ေနာက္ဆုံးငါးပြဲဆက္ ႏိုင္ပြဲမရတဲ့ မွတ္တမ္းဆိုးကို ရပ္တန႔္သြားႏိုင္ခဲ့ၾကသလို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ မွာ ရပ္တည္ႏိုင္ခဲ့ၾကခ်ိန္မွာ အဲဗာတန္တို႔ကေတာ့ တန္းတက္ မဟုတ္တဲ့ အသင္းေတြထဲမွာ အစုတ္ျပတ္ဆုံး ပုံစံနဲ႔ ၅ ပြဲမွာ ၁ မွတ္သာရၿပီး အဆင့္ ၁၈ မွာ ေက်ာက္ခ်ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.