Match Report Premier League

ဘုန်းမောက်ကို သရေကျပြီး ၃၈ ပွဲတည်းမို့ ချန်ပီယံယူမှာဆိုသူတွေကို ငိုချင်စေခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ဂူစတိုနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အူဂိုချူးဝူး၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ မူဒရစ်ခ်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘုန်းမောက်တို့ကတော့ ဂိုးသမား နီတို၊ ခံစစ်မှာ ဇာဘာညီ၊ ကယ်လီ၊ အာရွန်စ်နဲ့ ကာကက်ဇ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ လူးဝစ္စ ကွတ်ခ်၊ ဘီလင်း၊ တာဗားနီးယာ၊ ခရစ္စတီးနဲ့ ဝပ်တာရာတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ချဲလ်ဆီးကစားသမားဟောင်း ဆိုလန်ကီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဒီပွဲကို ကြည့်ရတာက အများကြီးတော့ ရင်ခုန်စရာ မရှိဘဲ ချဲလ်ဆီးဖန်တွေအနေနဲ့ တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်မလားလို့ မျှော်လင့်ခဲ့ကြချိန်မှာ နည်းပြ ပိုချက်တီနိုကပါ လမ်းပျောက်နေပုံရပြီး တိုက်စစ်က စတာလင်၊ မူဒရစ်ခ်နဲ့ ဂျက်ဆန်တို့ကပါ အသင်းကြီးတိုက်စစ်တွဲလုံးတွေလားလို့ ဘုရားစူး ကျိန်ပြရမယ့် အနေအထားမှာ ရှိခဲ့ပါတယ်။

ဘုန်းမောက်တို့ကလည်း ဖန်တီးမှု ကင်းမဲ့နေခဲ့ပြီး နည်းပြ အီရာယိုလာအနေနဲ့ ထရိန်နင်မှာ အသင်းကို ဂိုးသွင်းရော ကျင့်ခိုင်းထားသေးလားလို့ မေးယူရမယ့်အချိန်မှာ ချဲလ်ဆီးတို့ဘက်ကတော့ မူဒရစ်ခ်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့ပြီး ဂါလာဂါကတော့ ဖြုန်းနေတာပဲ များခဲ့သလို ပထမပိုင်းမှာ ဂိုးမရှိ သရေပဲဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာ စတာလင်ရဲ့ ဖရီးကစ် တိုင်ထိထွက်ခဲ့ပြီး ကောလ်ဝီလ်က ပိတ်သွင်းရာမှာ ဂိုးထဲ ဝင်သွားခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ရင်ခံခဲ့ရသလို ဒါက ချဲလ်ဆီးတို့အတွက် တစ်ပွဲလုံးမှာ အကောင်းဆုံး အခွင့်အရေးလည်းဖြစ်ခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာတော့ ဘုန်းမောက်တို့ကတောင် ပိုမိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ဘက်က မူဒရစ်ခ်၊ ကောလ်ဝီလ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့အစား ပါးလ်မား၊ ချေးလ်ဝဲလ်နဲ့ မတ်ဆန်တို့ ဝင်ကစားခဲ့ကြသလို ဘုန်းမောက်တို့ဘက်ကတော့ ဝပ်တာရာ၊ တာဗားနီးယာ၊ ကာကက်ဇ်နဲ့ ခရစ္စတီးတို့အစား ကလွိုက်ဗတ်၊ ဆီနီစတယ်ရာ၊ ဆီနက်ဆီနဲ့ ဘရွတ်ခ်စ်တို့ကို လူစားလဲသွားခဲ့ကြပြီး အိမ်ရှင်တွေအနေနဲ့ ဧရိယာထဲက အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပြခဲ့သေးတာပါ။

ပွဲချိန်အပြည့်မှာတော့ ပိုချက်တီနိုရဲ့ ဘာရုပ်မှ မပေါက်တဲ့ အသင်းက နိုင်ပွဲမရှိသေးတဲ့ ဘုန်းမောက်ကို သရေကျသွားခဲ့ပြီး အဆင့် ၁၄ မှာ မန်ယူတို့နောက်ကပဲ ရပ်တည်သွားခဲ့ချိန်မှာ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ဒီနှစ်မှာ ဘာဥရောပပွဲမှ မရှိဘဲ ၃၈ ပွဲတည်း ကစားရမှာမို့လို့ ပရီးမီးယားလိဂ်ဖလားကို တစ်ချိန်တုန်းကလိုပဲ သိမ်းကြမယ်ဆိုတဲ့ အလုံးကြီးတွေ မချိမဆန့် နင်နေခဲ့ကြရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဒီဆာဆီ၊ သီယာဂို ေဆးလ္ဗား၊ ဂူစတိုနဲ႔ ေကာလ္ဝီလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အူဂိုခ်ဴးဝူး၊ ဂါလာဂါနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္၊ မူဒရစ္ခ္နဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘုန္းေမာက္တို႔ကေတာ့ ဂိုးသမား နီတို၊ ခံစစ္မွာ ဇာဘာညီ၊ ကယ္လီ၊ အာ႐ြန္စ္နဲ႔ ကာကက္ဇ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ လူးဝစၥ ကြတ္ခ္၊ ဘီလင္း၊ တာဗားနီးယာ၊ ခရစၥတီးနဲ႔ ဝပ္တာရာတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ခ်ဲလ္ဆီးကစားသမားေဟာင္း ဆိုလန္ကီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ဒီပြဲကို ၾကည့္ရတာက အမ်ားႀကီးေတာ့ ရင္ခုန္စရာ မရွိဘဲ ခ်ဲလ္ဆီးဖန္ေတြအေနနဲ႔ တစ္ခ်ိန္ခ်ိန္မွာ တစ္ခုခုျဖစ္မလားလို႔ ေမွ်ာ္လင့္ခဲ့ၾကခ်ိန္မွာ နည္းျပ ပိုခ်က္တီႏိုကပါ လမ္းေပ်ာက္ေနပုံရၿပီး တိုက္စစ္က စတာလင္၊ မူဒရစ္ခ္နဲ႔ ဂ်က္ဆန္တို႔ကပါ အသင္းႀကီးတိုက္စစ္တြဲလုံးေတြလားလို႔ ဘုရားစူး က်ိန္ျပရမယ့္ အေနအထားမွာ ရွိခဲ့ပါတယ္။

ဘုန္းေမာက္တို႔ကလည္း ဖန္တီးမႈ ကင္းမဲ့ေနခဲ့ၿပီး နည္းျပ အီရာယိုလာအေနနဲ႔ ထရိန္နင္မွာ အသင္းကို ဂိုးသြင္းေရာ က်င့္ခိုင္းထားေသးလားလို႔ ေမးယူရမယ့္အခ်ိန္မွာ ခ်ဲလ္ဆီးတို႔ဘက္ကေတာ့ မူဒရစ္ခ္ရဲ႕ ကန္ခ်က္ တိုင္ထိထြက္ခဲ့ၿပီး ဂါလာဂါကေတာ့ ျဖဳန္းေနတာပဲ မ်ားခဲ့သလို ပထမပိုင္းမွာ ဂိုးမရွိ သေရပဲျဖစ္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ စတာလင္ရဲ႕ ဖရီးကစ္ တိုင္ထိထြက္ခဲ့ၿပီး ေကာလ္ဝီလ္က ပိတ္သြင္းရာမွာ ဂိုးထဲ ဝင္သြားခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ရင္ခံခဲ့ရသလို ဒါက ခ်ဲလ္ဆီးတို႔အတြက္ တစ္ပြဲလုံးမွာ အေကာင္းဆုံး အခြင့္အေရးလည္းျဖစ္ခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘုန္းေမာက္တို႔ကေတာင္ ပိုမိုဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔ဘက္က မူဒရစ္ခ္၊ ေကာလ္ဝီလ္နဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔အစား ပါးလ္မား၊ ေခ်းလ္ဝဲလ္နဲ႔ မတ္ဆန္တို႔ ဝင္ကစားခဲ့ၾကသလို ဘုန္းေမာက္တို႔ဘက္ကေတာ့ ဝပ္တာရာ၊ တာဗားနီးယာ၊ ကာကက္ဇ္နဲ႔ ခရစၥတီးတို႔အစား ကလြိဳက္ဗတ္၊ ဆီနီစတယ္ရာ၊ ဆီနက္ဆီနဲ႔ ဘ႐ြတ္ခ္စ္တို႔ကို လူစားလဲသြားခဲ့ၾကၿပီး အိမ္ရွင္ေတြအေနနဲ႔ ဧရိယာထဲက အခြင့္အေရးေကာင္းေတြကို ျဖဳန္းတီးျပခဲ့ေသးတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပိုခ်က္တီႏိုရဲ႕ ဘာ႐ုပ္မွ မေပါက္တဲ့ အသင္းက ႏိုင္ပြဲမရွိေသးတဲ့ ဘုန္းေမာက္ကို သေရက်သြားခဲ့ၿပီး အဆင့္ ၁၄ မွာ မန္ယူတို႔ေနာက္ကပဲ ရပ္တည္သြားခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ဒီႏွစ္မွာ ဘာဥေရာပပြဲမွ မရွိဘဲ ၃၈ ပြဲတည္း ကစားရမွာမို႔လို႔ ပရီးမီးယားလိဂ္ဖလားကို တစ္ခ်ိန္တုန္းကလိုပဲ သိမ္းၾကမယ္ဆိုတဲ့ အလုံးႀကီးေတြ မခ်ိမဆန႔္ နင္ေနခဲ့ၾကရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.