Match Report Premier League

ခံစစ်ညံ့ပေမယ့် ဆာလားတို့ တိုက်စစ်ကောင်းမှုနဲ့ ဝုလ်ဗ်စ်ကို အနိုင်ရတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ မာတစ်ပ်၊ ကွမ်ဆား၊ ဂိုမက်ဇ်နဲ့ ရောဘတ်ဆန်တို့ကို အင်အားချိနဲ့စွာ အသုံးပြုခဲ့ရပြီး ကွင်းလယ်မှာတော့ မက္ကယ်လစ္စတာ၊ ဆိုဘော့ဆ်လိုင်းနဲ့ ကားတစ်ဂျုံးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ ဂျိုတာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကေးလ်မန်း၊ ဒေါ်ဆန်၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လီမီနာ၊ ဘဲလ်ဂါ့ဒ်နဲ့ ဂျာအို ဂိုမက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပက်ဒရို နီတို၊ ဟွမ်းဟီးချန်းနဲ့ မက်သီယူးစ် ကွန်ညာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက ဝုလ်ဗ်စ်တို့တွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နီတိုရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပြီး ဧရိယာထဲကနေ အနိမ့်ဘော ချိုးပေးတာကို လီဗာပူးလ်နောက်ခံလူတွေ မဖျက်နိုင်ဘဲ လွတ်သွားခဲ့ရာမှာ ညာခြမ်းမှာ ရှိနေတဲ့ ဟွမ်းဟီးချန်းက ပိတ်သွင်းနိုင်ခဲ့လို့ ရောဘတ်ဆန်ရော အယ်လစ်ဆန်ပါ ဘာမှ မတတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းကို ဝုလ်ဗ်စ်တို့ ကံမကောင်းခဲ့လို တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့အနေနဲ့ အလုပ်မဖြစ်တဲ့ ကွင်းလယ်ကို ပြောင်းလဲဖို့ အဝါကတ် ထိထားတဲ့ မက္ကယ်လစ္စတာအစား လူးဝစ် ဒီယက်ဇ်ကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့သလို ၄-၂-၄ ပုံစံပြောင်းပြီး ယာဂန် ကလော့ပ်တစ်ယောက် ဖောင်ဖျက်တိုက်လာခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ လီဗာပူးလ်တို့ ညှစ်အားနဲ့ ချေပဂိုး ပြန်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဒီယက်ဇ်နဲ့ ဂျိုတာတို့ရဲ့ အဆင့်ဆင့် တွဲလုံးကနေ ဆာလားက ဧရိယာထဲကနေ ကန်သွင်းခဲ့ရာမှာ ဂိုးပေါက်မတည့်ခဲ့တဲ့ ဘောလုံးကို ဂက်ခ်ပိုက လမ်းကြောင်းပြောင်း ပိတ်သွင်းပြီး အနီးကပ် ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီတော့မှ ပွဲက ပိုမြိုင်လာခဲ့ပြီး လီဗာပူးလ်တို့ အနိုင်ရဖို့အတွက် ဂျိုတာ၊ ဂက်ခ်ပိုနဲ့ ကွမ်ဆားတို့အစား အဲလီးယော့၊ ဒါဝင် နူးညက်ဇ်နဲ့ ကိုနာတေတို့ကို ထည့်သွင်းခဲ့သလို ဝုလ်ဗ်စ်တို့ဘက်ကလည်း ဟွမ်းဟီးချန်း၊ မက်သီယူးစ် ကွန်ညာ၊ အိုက်နူရီ၊ ဘဲလ်ဂါ့ဒ်နဲ့ လီမီနာတို့အစား ဒိုဟာတီ၊ ဖာဘီယို ဆေးလ်ဗား၊ ဟူဂို ဘွေနို၊ တော်မီ ဒွိုင်းလ်နဲ့ ဘူဘာကာ ထရာအိုရေးတို့ကို ပြောင်းလဲလာခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ လီဗာပူးလ်တို့ နောက်ကနေ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဘောလုံးလုယူရင်း ညာခြမ်းကို ရောက်လာခဲ့တဲ့ ရောဘတ်ဆန်က ဧရိယာထိပ်အထိ ဆွဲတက်လာပြီးမှ ဆာလားနဲ့ ဝမ်းတူးရိုက်ပြီး ထောင့်ကျဉ်းအနေအထားကနေ အဝေးတိုင်ဘက်ကို တိုက်စစ်မှူးဆန်ဆန် အနိမ့်ဘော ကန်သွင်းပြီး ဂိုးပေးခဲ့ရတုန်းက အမှားကို အနိုင်ဂိုးနဲ့ ချေဖျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဆာလားက ညာခြမ်းကနေ ပြန်ချိုးပေးတာကို အဲလီးယော့က ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဟူဂို ဘွေနိုရဲ့ တားဆီးတဲ့ ခြေထောက်နဲ့ ထိပြီးဝင်သွားခဲ့လို့ ဝုလ်ဗ်စ်နောက်ခံလူရဲ့ အုန်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ကလည်း ခြေစွမ်းမကောင်းလည်း အနိုင်ယူတတ်တဲ့ အသင်းအဖြစ် ဝုလ်ဗ်စ်တို့ကို အဝေးကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဇယားထိပ်က မန်ချက်စတာစီးတီးတို့ကို နှစ်မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်ဆဲဖြစ်သလို တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့ ကစားရမယ့် အာဆင်နယ်တို့ကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ မာတစ္ပ္၊ ကြမ္ဆား၊ ဂိုမက္ဇ္နဲ႔ ေရာဘတ္ဆန္တို႔ကို အင္အားခ်ိနဲ႔စြာ အသုံးျပဳခဲ့ရၿပီး ကြင္းလယ္မွာေတာ့ မကၠယ္လစၥတာ၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ကားတစ္ဂ်ဳံးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဂက္ခ္ပိုနဲ႔ ဂ်ိဳတာတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဝုလ္ဗာဟမ့္ပ္တန္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေကးလ္မန္း၊ ေဒၚဆန္၊ ဆီမီဒိုနဲ႔ အိုက္ႏူရီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ လီမီနာ၊ ဘဲလ္ဂါ့ဒ္နဲ႔ ဂ်ာအို ဂိုမက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပက္ဒ႐ို နီတို၊ ဟြမ္းဟီးခ်န္းနဲ႔ မက္သီယူးစ္ ကြန္ညာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက ဝုလ္ဗ္စ္တို႔ေတြ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန နီတိုရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္ၿပီး ဧရိယာထဲကေန အနိမ့္ေဘာ ခ်ိဳးေပးတာကို လီဗာပူးလ္ေနာက္ခံလူေတြ မဖ်က္ႏိုင္ဘဲ လြတ္သြားခဲ့ရာမွာ ညာျခမ္းမွာ ရွိေနတဲ့ ဟြမ္းဟီးခ်န္းက ပိတ္သြင္းႏိုင္ခဲ့လို႔ ေရာဘတ္ဆန္ေရာ အယ္လစ္ဆန္ပါ ဘာမွ မတတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းကို ဝုလ္ဗ္စ္တို႔ ကံမေကာင္းခဲ့လို တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္တို႔အေနနဲ႔ အလုပ္မျဖစ္တဲ့ ကြင္းလယ္ကို ေျပာင္းလဲဖို႔ အဝါကတ္ ထိထားတဲ့ မကၠယ္လစၥတာအစား လူးဝစ္ ဒီယက္ဇ္ကို ထည့္ၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ၄-၂-၄ ပုံစံေျပာင္းၿပီး ယာဂန္ ကေလာ့ပ္တစ္ေယာက္ ေဖာင္ဖ်က္တိုက္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ညႇစ္အားနဲ႔ ေခ်ပဂိုး ျပန္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဒီယက္ဇ္နဲ႔ ဂ်ိဳတာတို႔ရဲ႕ အဆင့္ဆင့္ တြဲလုံးကေန ဆာလားက ဧရိယာထဲကေန ကန္သြင္းခဲ့ရာမွာ ဂိုးေပါက္မတည့္ခဲ့တဲ့ ေဘာလုံးကို ဂက္ခ္ပိုက လမ္းေၾကာင္းေျပာင္း ပိတ္သြင္းၿပီး အနီးကပ္ ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေတာ့မွ ပြဲက ပိုၿမိဳင္လာခဲ့ၿပီး လီဗာပူးလ္တို႔ အႏိုင္ရဖို႔အတြက္ ဂ်ိဳတာ၊ ဂက္ခ္ပိုနဲ႔ ကြမ္ဆားတို႔အစား အဲလီးေယာ့၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ ကိုနာေတတို႔ကို ထည့္သြင္းခဲ့သလို ဝုလ္ဗ္စ္တို႔ဘက္ကလည္း ဟြမ္းဟီးခ်န္း၊ မက္သီယူးစ္ ကြန္ညာ၊ အိုက္ႏူရီ၊ ဘဲလ္ဂါ့ဒ္နဲ႔ လီမီနာတို႔အစား ဒိုဟာတီ၊ ဖာဘီယို ေဆးလ္ဗား၊ ဟူဂို ေဘြႏို၊ ေတာ္မီ ဒြိဳင္းလ္နဲ႔ ဘူဘာကာ ထရာအိုေရးတို႔ကို ေျပာင္းလဲလာခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေနာက္ကေန ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ေဘာလုံးလုယူရင္း ညာျခမ္းကို ေရာက္လာခဲ့တဲ့ ေရာဘတ္ဆန္က ဧရိယာထိပ္အထိ ဆြဲတက္လာၿပီးမွ ဆာလားနဲ႔ ဝမ္းတူး႐ိုက္ၿပီး ေထာင့္က်ဥ္းအေနအထားကေန အေဝးတိုင္ဘက္ကို တိုက္စစ္မႉးဆန္ဆန္ အနိမ့္ေဘာ ကန္သြင္းၿပီး ဂိုးေပးခဲ့ရတုန္းက အမွားကို အႏိုင္ဂိုးနဲ႔ ေခ်ဖ်က္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဆာလားက ညာျခမ္းကေန ျပန္ခ်ိဳးေပးတာကို အဲလီးေယာ့က ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဟူဂို ေဘြႏိုရဲ႕ တားဆီးတဲ့ ေျခေထာက္နဲ႔ ထိၿပီးဝင္သြားခဲ့လို႔ ဝုလ္ဗ္စ္ေနာက္ခံလူရဲ႕ အုန္းဂိုးအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ကလည္း ေျခစြမ္းမေကာင္းလည္း အႏိုင္ယူတတ္တဲ့ အသင္းအျဖစ္ ဝုလ္ဗ္စ္တို႔ကို အေဝးကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဇယားထိပ္က မန္ခ်က္စတာစီးတီးတို႔ကို ႏွစ္မွတ္အကြာကေန လိုက္လံဖိအားေပးႏိုင္ဆဲျဖစ္သလို တနဂၤေႏြေန႔မွာ အဲဗာတန္နဲ႔ ကစားရမယ့္ အာဆင္နယ္တို႔ကိုလည္း စိတ္ဓာတ္ပိုင္းဆိုင္ရာအရ အေႏွာင့္အယွက္ေပးသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.